တိုင်းဒေသကြီးများနှင့်ပြည်နယ်မြို့ကြီးများသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှင့် ဆေးထိုးအပ်များကို တပ်မတော်လေယာဉ်များဖြင့် ဆက်လက်ပို့ဆောင်ဖြန့်ဖြူး

တိုင်းဒေသကြီးများနှင့်ပြည်နယ်မြို့ကြီးများသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှင့် ဆေးထိုးအပ်များကို တပ်မတော်လေယာဉ်များဖြင့် ဆက်လက်ပို့ဆောင်ဖြန့်ဖြူး

 
နေပြည်တော် ဩဂုတ် ၅

 
ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှုကြောင့် ဓာတ်ခွဲအတည်ပြုပိုးတွေ့ လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို တပ်မတော်သားဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် လူမှု ရေးအသင်းအဖွဲ့များ ပူးပေါင်း၍ အင်တိုက်အားတိုက်ဆောင်ရွက်ပေးလျက်ရှိသည့် အပြင် ပြည်သူအားလုံး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရေးကိုလည်း ဝိုင်း ဝန်းပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရေး အတွက် လိုအပ်သည့် ကာကွယ်ဆေး Sinopharm နှင့် ဆေးပစ္စည်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ Cold Chain Delivery Logistics မော်တော် ယာဉ်ကြီးများ၊ တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ပို့ဆောင် ဖြန့်ဖြူးပေး လျက်ရှိသည်။]

ထို့သို့ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိရာ ယနေ့တွင် ဟားခါးမြို့သို့ ဆေး ၈၄၁ လုံးနှင့် ဆေးထိုးအပ် ၁၆၈၂ ချောင်း၊ ထန်တလန်မြို့သို့ ဆေး ၈၁၆ လုံးနှင့် ဆေးထိုး အပ် ၁၆၃၂ ချောင်း၊ မတူပီမြို့သို့ ဆေး ၉၀၈ လုံးနှင့် ဆေးထိုးအပ် ၁၈၁၆ ချောင်း၊ ဖလမ်းမြို့သို့ ဆေး ၈၁၅ လုံးနှင့် ဆေးထိုးအပ် ၁၆၃၀ ချောင်း၊ တီးတိန်မြို့သို့ ဆေး ၁၄၂၀ လုံးနှင့် ဆေးထိုးအပ် ၂၈၄၀ ချောင်း၊ တွန်းဇံမြို့သို့ ဆေး ၅၂၀ လုံးနှင့် ဆေးထိုးအပ် ၁၀၄၀ ချောင်း၊ ကန်ပက်လက်မြို့သို့ ဆေး ၂၂၁ လုံးနှင့် ဆေးထိုးအပ် ၄၄၂ ချောင်း၊ မင်းတပ်မြို့သို့ ဆေး ၈၃၇ လုံးနှင့် ဆေးထိုးအပ် ၁၆၇၄ ချောင်းတို့ကို ရန်ကုန်မြို့၊ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်မှ တပ်မတော်လေယာဉ်ဖြင့် ကလေး လေဆိပ်နှင့် ကျောက်ထုလေဆိပ်သို့ ဆက်လက် ပို့ဆောင်ပေးပြီး ထိုမှတစ်ဆင့် သက်ဆိုင်ရာနေရာများသို့ တပ်မတော်ရဟတ်ယာဉ်များ၊ မော်တော်ယာဉ်များဖြင့် ဆက်လက် ပို့ဆောင်ဖြန့်ဖြူးပေးမည်ဖြစ်သည်။
ထိုသို့ဖြန့်ဖြူးပေးသော ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ဦးတည်အုပ်စု လူဦး ရေဦးစားပေးအစီအစဉ်များနှင့်အညီ ပြည်သူများသို့ အမြန်ဆုံးထိုးနှံပေးနိုင်ရေး အတွက် ဆောင်ရွက်ခြင်းဖြစ်ပြီး ဝေးလံခက်ခဲသောဒေသများသို့ တပ်မတော်(လေ) ရှိ ပို့ဆောင်ရေးလေယာဉ်များနှင့် မြန်မာ့လေကြောင်းတို့၏ အကူအညီများရယူကာ လေကြောင်းခရီးများဖြင့် ဆက်လက်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။