တိုင်းဒေသကြီးများနှင့် ပြည်နယ်မြို့ကြီးများသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများအား မော်တော်ယာဉ်များဖြင့်ပို့ဆောင်ဖြန့်ဖြူး

တိုင်းဒေသကြီးများနှင့် ပြည်နယ်မြို့ကြီးများသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများအား မော်တော်ယာဉ်များဖြင့်ပို့ဆောင်ဖြန့်ဖြူး

နေပြည်တော်၊ အောက္တိုဘာ- ၁၉

ကိုဗစ်-၁၉ရောဂါဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူ များအား တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာ များတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို တပ်မတော်သားဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Sinopharm များအား သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်း များအတိုင်း တပ်မတော်လေယာဉ်များ၊ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိသည်။
ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် မင်းဓမ္မ လမ်းရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုသိုလှောင်ခန်းမှ ဆေးတစ်လုံးလျင် လူငါးဦးထိုးနှံနိုင်သော Sinopharm ဆေးများအား နေပြည်တော်ကောင်စီနေပြည်တော်သို့ ၇၅၅၉ လုံးနှင့် ဆေးထိုးအပ် ၂၉၂၀၈၉ ချောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်မြို့သို့ ၈၂၇၉၄ လုံးနှင့် ဆေးထိုးအပ် ၈၅၅၅၂၅ ချောင်း၊ ကရင်ပြည်နယ်၊ ဘားအံမြို့သို့ ၉၂၈၅ လုံး၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့သို့ ၇၄၃၇၃ လုံးနှင့် ဆေးထိုးအပ် ၅၂၉၅၅၅ ချောင်း၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့သို့ ၄၈၇၈၅ လုံးနှင့် ဆေးထိုးအပ် ၃၅၀၉၈၅ ချောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့သို့ ၉၁၃၁၇ လုံးနှင့် ဆေးထိုးအပ် ၉၄၁၆၉၆ ချောင်း၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့သို့ ၁၁၄၂၈၉ လုံးနှင့် ဆေးထိုးအပ် ၈၃၀၆၃၂ ချောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့သို့ ၄၅၅၇၇ လုံးနှင့် ဆေးထိုးအပ် ၃၀၀၀၀၀ ချောင်း၊ ပဲခူးမြို့သို့ ၆၂၂၄၂ လုံးနှင့် ဆေးထိုးအပ် ၃၈၃၀၄၅ ချောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့သို့ ၃၁၈၈၂ လုံး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့သို့ ၂၈၉၆၂ လုံးနှင့် ဆေးထိုးအပ် ၂၇၈၄၂၅ ချောင်းတို့ကို Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးမ်ာျဖင့် ဆက္လက် ျဖန့်ျဖူးပေးခဲ့ကြောင်း သတင်းရရွိသည်။