တိုင်းဒေသကြီးများနှင့်ပြည်နယ်မြို့ကြီးများသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများအား ဆက်လက် ပို့ဆောင်ဖြန့်ဖြူး

တိုင်းဒေသကြီးများနှင့်ပြည်နယ်မြို့ကြီးများသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများအား ဆက်လက် ပို့ဆောင်ဖြန့်ဖြူး

နေပြည်တော်၊ အောက်တိုဘာ ၄

ကိုဗစ်-၁၉ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများ နှင့်သီးသန့်စောင့်ကြည့် ရမည့်လူနာများကို တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို တပ်မတော်သား ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်း အဖွဲ့များပူးပေါင်း၍ အင်တိုက်အားတိုက်ဆောင်ရွက်ပေး လျက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက် အကူ ဖြစ်စေရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ ပြည်သူ့ ကျန်းမာရေးဉီးစီးဌာန ၊ ဗဟိုကာကွယ်ဆေးသိုလှောင်ခန်း၊ တိုးချဲ့ကာကွယ် ဆေးထိုး လုပ်ငန်း၌ထားရှိရာ အဆိုပါ ဆေးပစ္စည်းများကို ယနေ့နံနက်ပိုင်းတွင် မြေပြင်ခရီး လမ်းကြောင်းဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ဆက်လက်ဖြန့်ဖြူးပေးလျက်ရှိ သည်။
ထိုသို့ဖြန့်ဖြူးပေးရာတွင် ဆေးတစ်လုံးလျှင်လူငါးဉီးထိုးနိုင်သော Sinopharm ဆေးအလုံးပေါင်း ၂၀၀၀၀ အားတောင်ကြီးမြို့သို့ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ဆက်လက်ဖြန့်ဖြူးပေးခဲ့ကြောင်းသိရသည်။
ထိုသို့ဖြန့်ဖြူးပေးသော ကိုဗစ် - ၁၉ကာကွယ်ဆေးများကို ဉီးတည်အုပ်စု လူဉီးရေ ဉီးစားပေးအစီအစဉ်များနှင့်အညီ ပြည်သူများသို့ အမြန်ဆုံးထိုးနှံပေးနိုင်ရေးအတွက် ဆောင်ရွက်ခြင်းဖြစ်သည်။ ယင်းအတွက်သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်း များအတိုင်း အချိန်နှင့်တပြေးညီဖြန့်ဖြူးပေးခြင်းဖြစ်သည်။ အလားတူဝေးလံခက်ခဲသော ဒေသများသို့တပ်မတော်(လေ)ရှိ ပို့ဆောင်ရေးလေယာဉ်များ၊ မြန်မာ့လေကြောင်းတို့၏ အကူအညီများရယူကာ လေကြောင်းခရီးများဖြင့် ဆက်လက်ဖြန့်ဖြူးပေးသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။