တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနယ်မြေအတွင်း အကြမ်းဖက်သင်တန်း တက် ရောက်၍ ပြန်လာသူများအား လှိုင်းဘွဲမြို့နယ်အတွင်း ဖမ်းဆီးရမိ

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနယ်မြေအတွင်း အကြမ်းဖက်သင်တန်း တက် ရောက်၍ ပြန်လာသူများအား လှိုင်းဘွဲမြို့နယ်အတွင်း ဖမ်းဆီးရမိ

နေပြည်တော်၊ ဇူလိုင် - ၂၉
    

အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် CRPH ၊ NUGနှင့် PDF အဖွဲ့များ အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကိုပျက်ပြားစေရန်ရည်ရွယ်၍ လူငယ် များအား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံတွင် အကြမ်းဖက်သင်တန်းများ တက်ရောက်စေပြီး အများပြည်သူလူထုသွားလာလှုပ်ရှားလျက်ရှိသည့် နေရာများကို မိုင်းထောင်တိုက်ခိုက်ခြင်း၊ ကလေးသူငယ်များ၏ ပညာရေးကိုထိခိုက်စေရန် စာသင် ကျောင်းများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်တိုက်ခိုက်ခြင်းနှင့် ဆရာ၊ ဆရာမ များအား နှောက်ယှက်တိုက်ခိုက်ခြင်းများကို လူသားချင်းစာနာထောက်ထားမှုမရှိဘဲ လုပ်ဆောင်လျက်ရှိသည်။
    

ထိုသို့လုပ်ဆောင်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးထိန်းသိမ်း နိုင်ရေးဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၉ ရက် ညနေ ၄ နာရီခွဲခန့်တွင် လှိုင်းဘွဲမြို့နယ်၊ မဲပတံတား၌ လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များက ရှမ်းရွာသစ်မြို့ဘက်မှ လှိုင်းဘွဲမြို့ဘက်သို့ ဇော်လင်းညွန့်(ဘ)ဦးစိန်ညွန့် မောင်းနှင်လာသည့် PRADO အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ KNLA လက်နက်ကိုင်အဖွဲ့ နယ်မြေတွင် အကြမ်းဖက်သင်တန်းတက်ရောက်၍ ပြန်လာသည့် စောကျော်ကြီး (ဘ) ဦးထွန်းဝေ၊ ဟင်္သာတမြို့၊ ဧရာဝတီတိုင်းဒေသကြီးနေသူအပါအဝင် အမျိုးသား ၇ ဦး၊ အမျိုးသမီး ၂ ဦးတို့အား Free Burma Rangers အဖွဲ့ဝင်များနှင့် ရိုက်ကူး ထားသည့် မှတ်တမ်းဓာတ်ပုံများအပါအဝင် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ ခဲ့သည်။
    

အဆိုပါဖမ်းဆီးရမိသူများအား ဘားအံမြို့မရဲစခန်း၌ လိုအပ်သည့် စစ်ဆေး မှုများ ဆောင်ရွက်လျက်ရှိပြီး တရားဥပဒေနှင့် အညီအမှုဖွင့်အရေးယူနိုင်ရေး ဆက် လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဆက်စပ်တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာမှု သတင်းများ ရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝက်စွာ သတင်းပေးပို့ တိုင်ကြားနိုင်ပါကြောင်းနှင့် မြို့၊ ရွာများအမြန်ဆုံးအေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေးသတင်းထုတ်ပြန်အပ်ပါ သည်။