တူမီးသေနတ်များ၊ လက်လုပ်သေနတ်များနှင့် ဆူပူအကြမ်းဖက်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်း များအား လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လာရောက်အပ်နှံ

နေပြည်တော်၊ မေ - ၁၇

တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့နယ်အချို့၌ လက်နက်ကိုင်ဆောင်လိုခြင်းမရှိဘဲ အေးချမ်းစွာနေထိုင်လိုသည့်ပြည်သူလူထုအများစုမှ ၎င်းတို့၏ သဘောဆန္ဒပြများအလျောက် ၎င်းတို့ ထံတွင်ရှိသောတူမီးသေနတ်များ၊ လက်လုပ်သေနတ်၊ ဒူးလေးနှင့် ဂျင်ကလိများအုပ်ချုပ်ရေး တာဝန်ရှိ သူများမှတစ်ဆင့်လုံခြုံရေးတပ်ဖွဲ့ဝင်များထံလာရောက်အပ်နှံခဲ့ကြောင်းသိရသည်။

ထို့သို့အပ်နှံလျက်ရှိရာ မေ ၁၆ ရက်နှင့် ယနေ့တို့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက် မြို့နယ်အတွင်းရှိ ကျေးရွာများမှ တူမီးသေနတ် ၂၄ လက်အား လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ အောက်သက္ကယ်ကုန်းကျေးရွာမှ လက်လုပ်သေနတ် ၁ လက်အား လည်းကောင်း ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူများမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံလာရောက်အပ်နှံခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ လက်နက်ကိုင်ဆောင်လိုခြင်းမရှိသည့် ပြည်သူလူထုမှ လာရောက်အပ်နှံသော လက်လုပ်သေနတ်များအားလုံခြုံရေးတပ်ဖွဲ့ဝင်များမှ လက်ခံရယူခဲ့ပြီးစနစ်တကျ သိမ်းဆည်းထားရှိ ကြောင်းသတင်းရရှိပါသည်။