တောင်ကိုရီးယားက အက်စထရာဇီနီကာကုမ္ပဏီထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အသုံးပြုခွင့် ပေးမည်

ဆိုး၊ ကျန်းမာရေး

တောင်ကိုရီးယားနိုင်ငံက အက်စထရာဇီနီကာ ကုမ္ပဏီထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို နိုင်ငံ အတွင်းပထမဆုံး အသုံးပြုခွင့်ပေးမည်ဖြစ်ကြောင်း တာဝန်ရှိသူများက  ဖေဖော်ဝါရီ ၁၀ ရက်တွင်ပြောသည်။

ထို့ပြင် အဆိုပါဆေးကို သက်ကြီးရွယ်အိုများတွင် အသုံးပြုမှုအတွက် အကြံပေးအဖွဲ့များက သတိပေးထား သော်လည်း အသက် ၆၅ နှစ်အထက်များတွင်ပါ ထိုးနှံခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။ ဥရောပဒေသ ရှိနိုင်ငံအများအပြားတွင် အက်စထရာဇီနီကာကုမ္ပဏီထုတ်  ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေးကို အသက် ၁၈ နှစ်နှင့် ၆၄ နှစ်ကြားရှိသူများတွင်သာ အသုံးပြုခွင့်ပေးထားသည့်အတွက် တောင်ကိုရီးယားနိုင်ငံ၏  ယခုကဲ့သို့ ကာကွယ်ဆေးထိုး အစီအစဉ်က ဝေဖန်စရာဖြစ်နေသည်။

သို့သော် အဆိုပါကာကွယ်ဆေးသည် သက်ကြီးရွယ်အိုများတွင်ပါ ကောင်းမွန်သော ကိုယ်ခံအားကို ထွက်ပေါ် စေသည်ဟု အက်စထရာဇီနီကာ ကုမ္ပဏီက ထုတ်ပြန်ထားသည်။ တောင်ကိုရီးယားနိုင်ငံအနေဖြင့် အက်စထ ရာဇီနီကာ ကုမ္ပဏီထုတ်ကာကွယ်ဆေး  တစ်သန်းခွဲဖြင့် လူဦးရေ ခုနစ်သိန်းခွဲကို ဖေဖော်ဝါရီ ၂၆ ရက်မှစ၍ ထိုးပေးသွားမည်ဖြစ်ကြောင်း ရောဂါကာကွယ် ထိန်းချုပ်ရေးဌာနက ပြောသည်။

ထို့ပြင် ဇူလိုင်လအရောက်တွင် ရောဂါကူးစက်လွယ်သူ ၁၀ သန်းအထိကို  ကာကွယ်ဆေးထိုးပေးနိုင်ရန်နှင့်  နိုဝင်ဘာလတွင် လူထုတစ်ရပ်လုံးကိုယ်ခံအားရရှိရေးအတွက်  ကာကွယ်ဆေးထိုးပေးရန် ရည်ရွယ်ထား ကြောင်း အဆိုပါဌာနကပြောသည်။ တောင်ကိုရီးယားနိုင်ငံ၌ ဖေဖော်ဝါရီ ၉ ရက်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၄၄၄ ဦးရှိသည့်အတွက်  ရောဂါဖြစ်ပွားသူ  စုစုပေါင်း ၈၁၉၃၀ နှင့် သေဆုံးသူ ၁၄၈၆ ဦးရှိ ကြောင်းသိရသည်။       

Ref: TST