တောင်ကျရေစီးဆင်းမှုများကြောင့်ပျက်စီးခဲ့သည့် ကျေးရွာချင်းဆက်တံတားတစ်စင်းအား ပြုပြင်ဆောင်ရွက်လျက်ရှိ

တောင်ကျရေစီးဆင်းမှုများကြောင့်ပျက်စီးခဲ့သည့် ကျေးရွာချင်းဆက်တံတားတစ်စင်းအား ပြုပြင်ဆောင်ရွက်လျက်ရှိ

 
နေပြည်တော်၊ ဩဂုတ် - ၈

 
ဧရာဝတီတိုင်းဒေသကြီး၊ ငရုတ်ကောင်းမြို့၌ ဩဂုတ်လ ၆ ရက်တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုများကြောင့် ရေကျော်ကျေးရွာအုပ်စု၊ သင်္ကန်း ကျေးရွာနှင့် မိုးတိမ်ပြင်ကျေးရွာအုပ်စုရှိ ဆင်မှုံကျေးရွာချင်းဆက်တံတားသည် ပြိုကျ ပျက်စီးမှုများဖြစ်ပေါ်ခဲ့ပြီး ဒေသခံများ သွားလာရေးအခက်အခဲများ ဖြစ်ပေါ်ခဲ့ရသည်။

 
ထိုကဲ့သို့ အခက်အခဲများ ဖြစ်ပေါ်ခဲ့သည့်အတွက် ဟိုင်းကြီးကျွန်းမြို့ရှိ နယ်မြေခံ ရေတပ်စခန်းဌာနချုပ်မှ အရာရှိ၊ စစ်သည်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများစုပေါင်း၍ ပြုပြင်ဆောင်ရွက်ပေးခဲ့ရာ ယနေ့တွင် ရာနှုန်းပြည့်ပြင်ဆင်ပြီးစီးပြီဖြစ်ကြောင်းနှင့် အများပြည်သူများ ပြန်လည်ဖြတ်သန်းသွား လာနိုင်ပြီဖြစ်ကြောင်း သတင်းရရှိသည်။