တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်

တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်

 

နေပြည်တော်၊ ဩဂုတ် - ၁၉

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား တွေ့ဆုံခြင်းနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ် ခြင်းကို ယနေ့နံနက်ပိုင်းတွင် နယ်မြေခံရဲတပ်ဖွဲ့ခွဲရုံးခန်းမ၌ ပြုလုပ်ရာ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်နှင့် တာဝန်ရှိသူများက သွားရောက် တွေ့ဆုံအားပေးစကား ပြောကြားသည်။
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ဂုဏ်ပြုချီးမြှင့် ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။