တောင်ကြီးမြို့ရှိ နောင်မွန်ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအားတွေ့ဆုံ

တောင်ကြီးမြို့ရှိ နောင်မွန်ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအားတွေ့ဆုံ

နေပြည်တော်၊ ဇူလိုင် - ၂၅
    
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ နောင်မွန် ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်နှင့် အဖွဲ့ဝင်များက တိုင်းစစ်ဌာနချုပ် ပင်လုံရိပ်သာခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားသည်။
    
ဦးစွာ တိုင်းမှူးက နှုတ်ခွန်းဆက်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး ချီးမြှင့်ငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။