တောင်ငူမြို့နယ်၌ သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး ဇာတ်တိုက် လေ့ကျင့်မှုများပြုလုပ်

တောင်ငူမြို့နယ်၌ သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး ဇာတ်တိုက် လေ့ကျင့်မှုများပြုလုပ်

နေပြည်တော်၊ ဩဂုတ်- ၉
    

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၌ သဘာဝဘေးအန္တရာယ် ကူညီ ကယ်ဆယ်ရေးဇာတ်တိုက်လေ့ကျင့်မှုကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါမြို့ရှိ ကန်တော်ကြီး၌ပြုလုပ်ရာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထိန်ဝင်း၊ တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ ဦးမိုးဆက်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးညီညီလွင်စိုး၊ တောင်ငူခရိုင်မီးသတ်တပ်ဖွဲ့ လက်ထောက် ညွှန်ကြားရေးမှူး ဦးမြင့်နိုင်တွန်း၊ ကြက်ခြေနီအသင်းအဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်း ပရဟိတအသင်းအဖွဲ့များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
  

 ဦးစွား တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အသင့်ပြင်ဆင်စုဖွဲ့ထား သည့် ရေပြင်ကယ်ဆယ်ရေး လုပ်ငန်းသုံးရေယာဉ် ၅ စီးမှ သရုပ်ပြစုဖွဲ့မောင်းနှင်ခြင်း၊ ရေပြင်တွင် မျောပါလာ သူများကို ကယ်ဆယ်ရေးတပ်ဖွဲ့မှ အသက်ကယ်ဘောနှင့် အသက်ကယ်ကြိုးကို အသုံးပြု၍ ကယ်ဆယ်ခြင်းနှင့် ရေဘေးသင့်ပြည်သူများကို အသက်ကယ်ကြိုးများ၊ အသက်ကယ်ကွင်းများအသုံးပြု၍ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကယ်ဆယ်ခြင်း စသည့် လက်တွေ့သရုပ်ပြလေကျင့်နေမှုများကို ကြည့်ရှုအားပေးသည်။
    

ယင်းနောက် တိုင်းမှူးက ကယ်ဆယ်ရေးအဖွဲ့တွင်ပါဝင်သည့် တပ်မတော် သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်း ပရဟိတအသင်းအဖွဲ့ဝင်များကို လက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး ကယ်ဆယ် ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် စုဖွဲ့ထားရှိမှုအခြေအနေများကို လိုက်လံကြည့်ရှု ခဲ့ကြောင်း သတင်းရရှိသည်။