တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၌ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၌ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

နေပြည်တော်၊ ဇူလိုင် - ၁၅
    
တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်း တွင် တိုင်းစစ်ဌာနချုပ်ရှိ တိုင်းဧချမ်းဓမ္မာရုံ၌ပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ကြာနီကန် ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တသူရိယ အမှူးပြုသော သံဃာတော်များကြွရောက်တော်မူကြပြီး တိုင်းမှူး ဗိုလ်ချုပ် မျိုးဝင်းနှင့်အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
    
ဦးစွာ တိုင်းမှူးနှင့် ဧည့်ပရိသတ်များက ကြာနီကန်ပရိယတ္တိစာသင်တိုက် ဆရာတော် ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ပရိတ်တရားတော်များနာယူကြသည်။ ထို့နောက် တိုင်းမှူးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများက သံဃာတော်များအား ဝါဆိုသင်္ကန်း၊ ဆွမ်းဆန် တော်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။
    
ယင်းနောက် တိုင်းမှူးနှင့် ဧည့်ပရိသတ်များက သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။