တောင်သာမြို့နယ်၊ ဘိုးဘွားရိပ်သာဝန်းအတွင်းရှိ အောက်ဆီဂျင်စက်ရုံအတွက် အလှူရှင်များက မီးစက်လှူဒါန်း၊ ကျောင်းကုန်းမြို့၌ အောက်ဆီဂျင်ထုတ်လုပ် သည့်စက် စမ်းသပ်လည်ပတ်နေမှု အခြေအနေများအား ကြည့်ရှု

တောင်သာမြို့နယ်၊ ဘိုးဘွားရိပ်သာဝန်းအတွင်းရှိ အောက်ဆီဂျင်စက်ရုံအတွက် အလှူရှင်များက မီးစက်လှူဒါန်း၊ ကျောင်းကုန်းမြို့၌ အောက်ဆီဂျင်ထုတ်လုပ် သည့်စက် စမ်းသပ်လည်ပတ်နေမှု အခြေအနေများအား ကြည့်ရှု

နေပြည်တော်၊ အောက်တိုဘာ - ၂၃

ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော် နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများ၊ ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို လှူဒါန်းပေးလျက်ရှိသည်။
ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ဘိုးဘွားရိပ်သာဝန်းအတွင်း၌ တည်ဆောက်ပြီးစီးခဲ့သည့် အများပိုင်အောက်ဆီဂျင် စက်ရုံတွင် လျှပ်စစ်ပြတ်တောက်သည့်အချိန်၌ အဆင်ပြေချောမွေ့စွာ လည်ပတ်အသုံး ပြုရန်အတွက် အလှူရှင်များမှ လှူဒါန်းသည့် ကျပ်သိန်း ၄၅၀ တန်ဖိုးရှိ မီးစက်(၁)လုံး အား အလှူရှင်များက လာရောက်လှူဒါန်းရာ စက်ရုံမှတာဝန်ရှိသူများက လက်ခံ ရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့ပြင် ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့၌ တစ်ရက်လျှင် အောက်ဆီဂျင် ၄၀ လီတာဝင်အိုး ၈၀ လုံး ထွက်ရှိသည့် အောက်ဆီဂျင်ထုတ်လုပ်သည့်စက် စမ်းသပ် လည်ပတ်နေမှုအခြေအနေများအား ယနေ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြကြောင်း သတင်းရရှိသည်။