တောင်အာဖရိက၌ ဒယ်တာဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ပျံ့နှံ့

ဂျိုဟန်နက်စဘာ့၊ ကျန်းမာရေး

တောင်အာဖရိကနိုင်ငံ၌ ဒယ်တာဗီဇပြောင်းကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပျံ့နှံ့လျက်ရှိကြောင်းနှင့် ထိုရောဂါပိုးသည် အိန္ဒိယနိုင်ငံတွင် ပထမဆုံးစတင်ဖြစ်ပွားခြင်းဖြစ်ကြောင်း ဒေသတွင်းသိပ္ပံပညာရှင် များက ဇွန် ၂၆ ရက်တွင်ပြောသည်။ တောင်အာဖရိကနိုင်ငံသည် အာဖရိက တိုက်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုအများဆုံးဖြစ်ပြီး ကပ်ဘေးဆိုက်ရောက်မှုဒဏ်ကို အဆိုးဆုံးခံစားနေရ သည့်နိုင်ငံဖြစ်သည်။ အဆိုပါနိုင်ငံ၌ ဒယ်တာဗီဇပြောင်း ရောဂါပိုးကူးစက်ပျံ့နှံ့ခြင်းသည် တတိယ အကျော့ရောဂါကူးစက်မှုကာလအလယ်တွင်ဖြစ်ပွားခြင်းဖြစ်ပြီး ဇွန် ၂၅ ရက်တစ်ရက် တည်းမှာပင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ၁၈၀၀၀ ကျော်ရှိကြောင်း သိရသည်။