တောင်ဥက္ကလာပမြို့နယ်အတွင်း ဆူပူအကြမ်းဖက်မှုလုပ်ဆောင်ရာတွင် အသုံးပြုသည့် ပစ္စည်းများ သိမ်းဆည်းရမိ 

 

တောင်ဥက္ကလာပမြို့နယ်အတွင်း ဆူပူအကြမ်းဖက်မှုလုပ်ဆောင်ရာတွင် အသုံးပြုသည့် ပစ္စည်းများ သိမ်းဆည်းရမိ 

နေပြည်တော်၊ မတ် - ၂၁ 

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ (၄)ရပ်ကွက်၊ ဇာဂလမ်း၌ ဆူပူ အကြမ်းဖက်မှုများဆောင်ရွက်ရွာတွင်အသုံးပြုသည့် ပစ္စည်းများ စုဆောင်းထားရှိကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှာဖွေရာ ဇာဂလမ်း၊ အမှတ်(၈၆၁)ရှိ လရောင်စံ(ဆိုင်- ၂)၊ စာရေးကိရိယာဆိုင်အတွင်းမှ အရောင်းဝန် ထမ်း ဒေါ်နှင်းနန္ဒာ၊ အသက် ၂၁ နှစ်နှင့်အတူ သတ္တု/ကော်တို့ဖြင့်ပြုလုပ်ထားသည့် လေးခွ ၄၀ လက်၊ ဖန်ဂေါ်လီ ၅၀ လုံး၊ ကျောက်ဒိုး ၃၀ လုံး၊ မီးပုလင်း ၈၀ လုံး၊ ဓာတ်ဆီ ၂ ဂါလန်ပုံး တစ်ပုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး ဆိုင်ပိုင်ရှင်ဖြစ်သူ ဒေါ်ညိုညိုထွေးမှာ ထွက်ပြေးတိမ်းရှောင် သွားကြောင်းသိရှိရသည်။ 

အလားတူ အဆိုပါလမ်းရှိ အမှတ်(၈၅၉/က)နေအိမ်၊ အမှတ်(၈၉၆)နေအိမ်နှင့် ဇာဂ(၁၉)လမ်း၊ အမှတ်(၈၁၀)နေအိမ်တို့အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေရာ ဆူပူအကြမ်းဖက်ရာတွင်အသုံးပြုသည့် ဓားများ၊ ဗွီနိုင်းစများ၊ ဗျောက်အိုး စသည့်ပစ္စည်းများ အား စစ်ဆေးတွေ့ရှိခဲ့ကြောင်းနှင့် အကြမ်းဖက်မှုများတွင် အသုံးပြုမည့်ပစ္စည်းများ လက်ဝယ်ထားရှိမှုအပေါ်လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။