တွံတေးမြို့နယ်အတွင်းရှိ ရပ်ကွက်များမှ ဒေသခံပြည်သူများအား ဆန်နှင့် စားသောက် ဖွယ်ရာများထောက်ပံ့ပေးအပ်

နေပြည်တော်၊ မေ - ၂၁
    
COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ကုသရေးလုပ်ငန်းများဆောင်ရွက် နေ့စဉ် ကာလအတွင်း သွားလာမှုကန့်သတ်ချက်များကြောင့် ဒေသခံပြည်သူများ စားရေး အဆင်ပြေစေရန်အတွက် နယ်မြေခံတပ်မတော်သားများက ဆန်၊ ဆီနှင့် စားသောက် ဖွယ်ရာများကို အိမ်အရောက် လိုက်လံပေးဝေလှူဒါန်းလျက်ရှိသည်။
    
ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ အိုးဘို(အရှေ့)ရပ်ကွက် အတွင်းရှိ အိမ်ထောင်စု ၄၀၀ စုအတွက် ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက ဆန်၊ စားသောက်ဖွယ်ရာများနှင့် COVID-19 ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို ပြည်သူများ၏ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။