ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးကျေးရွာရှိ နှင်းယွန်းဇေတဝန် ကျောင်းတိုက်၊ ဦးစီးပဓာန နာယက ဆရာတော် နိုင်ငံတော်ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဣန္ဒက ၏ အန္တိမအဂ္ဂိဈာပန၊ သာဓုကီဠနပူဇာ ကျင်းပပြုလုပ်

ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးကျေးရွာရှိ နှင်းယွန်းဇေတဝန် ကျောင်းတိုက်၊ ဦးစီးပဓာန နာယက ဆရာတော် နိုင်ငံတော်ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဣန္ဒက ၏ အန္တိမအဂ္ဂိဈာပန၊ သာဓုကီဠနပူဇာ ကျင်းပပြုလုပ်

 
နေပြည်တော်၊ ဩဂုတ် - ၁၅

 
ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးကျေးရွာရှိ နှင်းယွန်းဇေတဝန် ကျောင်းတိုက်၊ ဦးစီးပဓာနနာယက ဆရာတော် နိုင်ငံတော်ဩဝါဒါစရိယ အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တဣန္ဒက ၏ အန္တိမအဂ္ဂိဈာပန၊ သာဓုကီဠနပူဇာကို ဩဂုတ် ၁၄ ရက် နေ့လယ်ပိုင်းတွင် အဆိုပါကျောင်းတိုက်၌ ကျင်းပပြုလုပ်ရာ အန္တိမဈာပနပူဇာ ကျင်းပ ရေးကော်မတီနာယက နှင်းကောင်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကုမာရ အမှူးပြု သောသံဃာတော်များကြွရောက်တော်မူကြပြီး တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အုတ် တွင်းတပ်နယ်မှ တာဝန်ရှိသူများ၊ စေတနာရှင်အလှူရှင်များ၊ ဒေသခံပြည်သူများနှင့် ဝတ်အသင်းများ တက်ရောက်ကြသည်။

 
ဦးစွာ တက်ရောက်လာကြသူများက ဆရာတော်ကြီး၏ ကမ္မဇရုပ်ပလပ်တော် အား ဖူးမြော်ကြည်ညိုကြပြီး နှင်းကောင်းကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ သင်္ကန်း၊ ဆွမ်းဆန်တော်နှင့် နဝကမ္မအလှူငွေများ ဆက်ကပ် လှူဒါန်းကြသည်။
ထို့နောက် ညနေပိုင်းတွင် ဆရာတော်ကြီး၏ ကမ္မဇရုပ်ကလပ်တော်အား နှင်းယွန်းဇေတဝန်ကျောင်းတိုက်မှ နှင်းကောင်းကျောင်းတိုက်ရှိ တေဇောလောင်တိုက် သို့ ပင့်ဆောင်ကာ အဂ္ဂိဈာပနတေဇောဓါတ်ဖြင့် ပူဇော်ခဲ့ကြသည်။

 
နှင်းယွန်းဇေတဝန် ကျောင်းတိုက်၊ ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တဣန္ဒက အား ခမည်းတော် ဦးဟန်စီ၊ မယ်တော် ဒေါ်တင်လှ တို့မှ ၁၉၂၀ ပြည့်နှစ်၊ နတ်တော် လပြည့်ကျော် ၆ ရက်၊ တနင်္ဂနွေနေ့ညနေ ၄ နာရီတွင် ဇရပ်ကြီးကျေးရွာ၌ ဖွားမြင်တော် မူခဲ့ပြီး မွေးချင်း ၅ ယောက်အနက် အကြီးဆုံးသားဖြစ်ပါသည်။ နှင်းယွန်းဇေတဝန် ကျောင်း ဆရာတော် ဘဒ္ဒန္တကောသလ္လကို ဉပဇ္ဈာယ်ပြု၍ သာသနာ့ဘောင်သို့ဝင်ရောက် ခဲ့ပြီး ပရိယတ္တိစာပေများကို သင်ကြားခဲ့သည်။ ထို့နောက် တပည့်ရဟန်း၊ သာမဏေ တို့ကို ပရိယတိ္တစာပေများ သင်ကြားပို့ချတော်မူပြီး သံဃသမ္မုတိသံဃာ့ကိုယ်စားလှယ် တိုင်းသံဃနာယကအဖွဲ့ဝင်၊ နိုင်ငံတော်ဗဟိုသံဃဝန်ဆောင်တာဝန်များကို ထမ်းဆောင် တော်မူခဲ့ပြီး နှင်းကောင်းဓမ္မရိပ်သာ၌ ပဋိပတ်ကျင့်စဉ်တရားများကို ဟောကြားပြသ တော်မူခဲ့သည်။ ထိုသို့ သာသနာ့တာဝန်များကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့မှုကြောင့် ၁၉၉၁ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်တွင် နိုင်ငံတော်အစိုးရက အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံ ဆိပ်တော် ဆက်ကပ်လှူဒါန်းခဲ့သည်။ ဆရာတော်သည် သာသနာ့တာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်တော်မူရင်း ၂၀၂၁ ခုနှစ်၊ ဩဂုတ် ၁၃ ရက်တွင် သက်တော် ၉၃ နှစ်၊ သိက္ခာတော် ၇၃ ဝါ၌ ဘဝနတ်ထံစံလွန်တော်မူခဲ့ကြောင်း သတင်းရရှိသည်။