ထားဝယ်မြို့ရှိ ရွှေဝယ်သီရိပညာ့ဗိမာန်စာကြည့်တိုက်သို့ အလှူငွေများလှူဒါန်း

နေပြည်တော်၊ မေ - ၂၇
    
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၌ အများပြည်သူ အသိဉာဏ်ပညာ ဗဟု သုတတိုးပွားနိုင်ရန်နှင့် စာအုပ်စာပေများ အဆင့်မြင့်စွာလေ့လာကြည့်ရှုနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ထားရှိသည့် ရွှေဝယ်သီရိပညာ့ဗိမာန်စာကြည့်တိုက်၌ ပြန်ကြားရေးဝန်ကြီးဌာနမှ လှူဒါန်းသည့် စာအုပ်စာပေများ ပေးအပ်ပွဲနှင့် လိုအပ်သည့် စာအုပ်စာပေများဝယ်ယူအသုံးပြုနိုင်ရန် အလှူရှင်များကလှူဒါန်းသည့် အလှူငွေများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နေ့လယ်ပိုင်းတွင် အဆိုပါစာကြည့်တိုက်၌ ပြုလုပ်ရာ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်နှင့်အဖွဲ့ဝင်များ၊ ကောင်စီအဖွဲ့ဝင်များ၊ ပြန်ကြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ် နှင့် တာဝန်ရှိသူများ၊ ရွှေဝယ်သီရိပညာ့ဗိမာန်စာကြည့်တိုက် ကော်မတီဉက္ကဋ္ဌ ဦးမင်းသူရိန်နှင့် အလှူရှင်များ တက်ရောက်ကြသည်။
    
ဦးစွာ တိုင်းမှူးနှင့် ပြန်ကြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်တို့က စာအုပ် စာပေများလှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တိုင်းစစ်ဌာနချုပ်နှင့် အလှူရှင်များမှ လှူဒါန်းသည့် စာအုပ်စာပေများနှင့် အလှူငွေများအား အသီးသီး လှူဒါန်းကြရာ တာဝန် ရှိသူတစ်ဦးက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက စာကြည့်တိုက် အတွင်းလှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။