ထားဝယ်-မေတ္တာ-ထီးခီးသွားကားလမ်းတွင် ဂတ်စ်များ သယ်ဆောင်လာသည့် မော်တော်ယာဉ်များအား အကြမ်းဖက်သမားများက အကြောင်းမဲ့ မီးရှို့ဖျက်ဆီး

ထားဝယ်-မေတ္တာ-ထီးခီးသွားကားလမ်းတွင် ဂတ်စ်များ သယ်ဆောင်လာသည့် မော်တော်ယာဉ်များအား အကြမ်းဖက်သမားများက အကြောင်းမဲ့ မီးရှို့ဖျက်ဆီး

နေပြည်တော်၊ ဧပြီ ၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်-မေတ္တာ-ထီးခီးသွားကားလမ်းပေါ်၌ ဂတ်စ်များ တင်ဆောင်လာသည့် မော်တော်ယာဉ် ၂ စီးအား  ယနေ့ နံနက်ပိုင်းတွင် အကြမ်းဖက်သမားများက အကြောင်းမဲ့မီးရှို့ဖျက်ဆီးခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ မေတ္တာမြို့ရှိ ကစယ်ဒိုထူးကုမ္ပဏီမှ ဂတ်စ်များ ဝယ်ယူဖြည့်တင်း ပြီး ထားဝယ်မြို့သို့ ပြန်လည်ထွက်ခွာလာသည့် (၁၂)ဘီးမော်တော်ယာဉ် ၂ စီး တို့ သည် ယနေ့နံနက် ၁၁ နာရီခန့်တွင် ထားဝယ်-မေတ္တာ-ထီးခီးသွားကားလမ်း၊ ပကာရီကျေးရွာ၏ အရှေ့မြောက်ဘက်မီတာ ၄၀၀၀ ခန့်အကွာ ရမ္မဇူကျေးရွာနှင့် ပခမ်ကျေးရွာအကြားသို့ ရောက်ရှိစဉ် အကြမ်းဖက်သမား ၂၀  ဦးခန့်က လမ်း၏ အနောက်မြောက်ဘက်မီတာ ၁၀၀  ခန့်အကွာတောင်ကုန်းမှနေ၍ လက်နက်ငယ်/ တူမီးသေနတ်များဖြင့် အဆတ်မပြတ်ပစ်ခတ်ခဲ့သဖြင့် ယာဉ်မောင်း ၂ ဦးမှာ ကား ပေါ်မှ ဆင်း၍ ထွက်ပြေးခဲ့ရကြောင်း၊ ထိုသို့ ထွက်ပြေးစဉ် အကြမ်းဖက် သမားများက ၎င်းတို့၏ မော်တော် ယာဉ် ၂ စီးပေါ်တွင် ပါရှိသည့် ငွေသားများ၊ လက်ဝတ်ရတနာများနှင့် အသုံးအဆောင်ပစ္စည်းများကို ယူဆောင်ကာ ယာဉ်များ အား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ထိုကဲ့သို့ စစ်ရေးပစ်မှတ်မဟုတ်သည့် အများပြည်သူသွားလာနေသည့် လမ်းမ ကြီးများပေါ်ရှိ ခရီးသွားပြည်သူများနှင့် ကုန်စည်တင်မော်တော်ယာဉ်များအား ပစ်မှတ်ထားပစ်ခတ်တိုက်ခိုက်ခြင်းသည် လူမှုစီးပွားကို ထိခိုက်ပျက်စီးစေပြီး ကုန်စည်စီးဆင်းမှုကို အဟန့်အတားဖြစ်စေသဖြင့် အကြမ်းဖက်လုပ်ရပ်များကို  တဖတ်သက်အစွန်းရောက် ဝါဒစွဲအပေါ်အခြေခံကာ အသိဉာဏ်နည်းပါးစွာ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်အရေးယူနိုင်ရေးနှင့် နယ်မြေလုံခြုံရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည်များ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။