ထိပ်တိုက်ရင်ဆိုင်ခြင်းထက် ပူးပေါင်းဆောင်ရွက်ခြင်းကသာ ရွေးချယ်စရာဖြစ်ကြောင်း ဂျိုးဘိုင်ဒင်ကိုပြော လိုက်သည့် ရှီကျင့်ဖျင်

 

တရုတ်နှင့်အမေရိကန်တို့ကြား ပဋိပက္ခတစ်ရပ်ဖြစ်ပွားပါက တစ်ကမ္ဘာလုံးအတွက်    ကြီးမားသည့်ဆိုးကျိုးကိုသာ  ဖြစ်ပေါ်စေ မည်ဖြစ်သောကြောင့် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ခြင်းကသာ ရွေးချယ်စရာဖြစ်ကြောင်း တရုတ် သမ္မတရှီကျင့်ဖျင်က  အမေရိကန်သမ္မတ  ဂျိုးဘိုင်ဒင်ကို    ပြီးခဲ့ သည့်ရက်သတ္တပတ်အတွင်းက ပြောကြားသည်။

ရှီကျင့်ဖျင်သည် ဂျိုးဘိုင်ဒင်ကို တယ်လီဖုန်းမှတစ်ဆင့်   ဆက်သွယ်ပြော ကြားခြင်းဖြစ်ပြီး နှစ်နိုင်ငံကြားရှိ ကိစ္စရပ် များကိုဆွေးနွေးခဲ့သည်။ ထို့ပြင် နှစ်နိုင်ငံခေါင်းဆောင်များကြားယခုကဲ့သို့ တယ်လီဖုန်းမှတစ်ဆင့် ပထမဆုံး အကြိမ် ဆွေးနွေးခြင်းသည်  ကမ္ဘာ့နိုင်ငံများအတွက် အပြုသဘောဆောင်သည့် လက္ခဏာတစ်ရပ် အဖြစ် ထွက်ပေါ်လာကြောင်း  ရှီကျင့်ဖျင် ကပြောသည်။

တရုတ်-အမေရိကန်နှစ်နိုင်ငံဆက်ဆံ ရေးသည်  ခက်ခဲသည့်လမ်းကြောင်းတစ်ခု ကို ဖြတ်သန်းနေရသောကြောင့်  အမေ ရိကန်အစိုးရအနေဖြင့် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန်လာစေရန် လုပ်ဆောင်မည်ဟု  တရုတ် နိုင်ငံကမျှော်လင့် နေသည်။ 

တရုတ်နှင့်  အမေရိကန်တို့ကြားတွင် အမြင်မတူသည့် ကွဲလွဲမှုများရှိနိုင်ကြောင်း၊ သို့ရာတွင် မတူကွဲပြားမှုများကို  အပြန် အလှန်လေးစားမှုနှင့်  သာတူညီမျှရှိမှုတို့ အပေါ်အခြေခံ၍  ဖြေရှင်းသင့်ကြောင်း သမ္မတရှီကျင့်ဖျင်က ဆက်လက်ပြောကြားသည်။ လက်ရှိတွင် ဟောင်ကောင် အရေး၊ တရုတ်(တိုင်ပေ)ကို အမေရိကန်က လက်နက် ရောင်းချနေခြင်းနှင့် ရှင်းကျန်းဒေသအရေးတို့နှင့်စပ်လျဉ်း၍ တရုတ်နှင့် အမေရိကန်တို့ကြား ဆက်ဆံရေးတင်းမာ လျက်ရှိသည်။

ဟောင်ကောင်နှင့် ရှင်းကျန်းဒေသ အရေးတို့သည် တရုတ်နိုင်ငံ၏ ပြည်တွင်း ရေးဖြစ်သောကြောင့်  အမေရိကန် အစိုးရ အနေဖြင့် တရုတ်နိုင်ငံ၏ အခြေခံကျ သည့်အကျိုးစီးပွားကို လေးစားရမည်ဟု တရုတ်အစိုးရက ရှုမြင်နေသည်။

အလားတူပင် တရုတ်(တိုင်ပေ)သည် တရုတ်ပြည်မကြီး၏ တစ်စိတ်တစ်ဒေသ ဖြစ်ကြောင်း တရုတ်အစိုးရက  တရားဝင် ကြေညာထားပြီး ခွဲထွက်မည့် မည်သည့် ကြိုးပမ်းချက်မျိုးကိုမဆို တားဆီးရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။

ထိုသို့သောအခြေအနေမျိုးတွင် အမေရိကန်အစိုးရက တရုတ်(တိုင်ပေ)အား အမေရိကန်ဒေါ်လာ ဘီလီယံနှင့် ချီတန်ဖိုးရှိသည့်  လက်နက်ခဲယမ်းများရောင်းချ နေခြင်းကိုတရုတ်အစိုးရက အပြင်း အထန်ကန့်ကွက် ထားသည်။ အဆိုပါ ကိစ္စရပ်များသည် တရုတ်- အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးတိုးတက်မှုကို အကြီး အကျယ်တားဆီး လျက်ရှိသည်။

ထို့ပြင် သမ္မတဟောင်း ဒေါ်နယ်ထရမ့် စတင်ခဲ့သည့်ကုန်သွယ်ရေးစစ်ပွဲ သို့မဟုတ် ကုန်သွယ်ရေးတင်းမာမှုကြောင့် တရုတ်-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေး များစွာထိခိုက်ခဲ့ရသည်။ နှစ်နိုင်ငံကြား ဖြစ်ပွားနေသည့် ကုန်သွယ်ရေး တင်းမာမှု ကို လက်ရှိအချိန်ထိ  ဖြေရှင်းနိုင်ခြင်းမရှိ သေးသည့်အပြင် တခြားကိစ္စရပ်များတွင် လည်း သဘောထား ကွဲလွဲမှုများ ဆက်လက် ဖြစ်ပွားနေသောကြောင့်  အင်အားကြီး နှစ်နိုင်ငံအနေဖြင့် ထိပ်တိုက်ရင်ဆိုင်ခြင်း ထက်  ပူးပေါင်းဆောင်ရွက်ခြင်းကသာ အကောင်းဆုံးနှင့် အသင့်လျော်ဆုံး ရွေးချယ်စရာဖြစ်ကြောင်း ရေးသား တင်ပြလိုက် ရပါသည်။      

Ref: Scmp,Sputnik