ထိုင်းနိုင်ငံ၌ ဂေါက်ကွင်းများတွင် ကွာရန်တင်းဝင်ခွင့်ပြုရေးအစီအစဉ်ကိုအဆိုပြု

 

ဘန်ကောက်၊ ပြည်တွင်းရေး

ထိုင်းနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ခရီးသွားလုပ်ငန်းကို တိုးမြှင့်ရေးအတွက် ဂေါက်ကွင်းအချို့၌ နိုင်ငံခြားသားများကို ကွာရန်တင်းဝင်ခွင့်ပြုရေးအစီအစဉ်ကို ထိုင်းခရီးသွားလာရေး ဝန်ကြီး ဖီဖတ်ရတ်ချာကစ်ပရာကန်က အဆိုပြုထားကြောင်း ၎င်းင်းက ဇန်နဝါရီ ၁၁ ရက် တွင်ပြောသည်။

ဆေးစစ်ထောက်ခံစာများပါသောခရီးသွားများကို ဟိုတယ်နှင့်ဂေါက်ကွင်းများတွင် ကွာရန်တင်း ဝင်ခွင့်ပြုရန် ကျန်းမာရေးဝန်ကြီးဌာနနှင့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးလုပ်ငန်းအဖွဲ့တို့မှ   တာဝန်ရှိသူများနှင့် ဆွေးနွေးနေကြောင်း  ဖီဖတ်ရတ်ချာကစ်ပရာကန်ကပြောသည်။

အဆိုပြုထားသော  အစီအစဉ်အရ ပြည်ပခရီးသွားများအနေဖြင့် သတ်မှတ်ထားသောဂေါက်ကွင်းတွင် သီတင်းပတ်နှစ်ပတ်ကြာကွာရန်တင်းဝင်စဉ် ဂေါက်ကစားခွင့်ရရှိမည်ဖြစ်သည်။

ထိုင်းနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ရောဂါကို လပေါင်းများစွာကြာထိန်းချုပ်နိုင်ပြီးနောက် ရောဂါကူးစက်မှု နောက်တစ်ကျော့နှင့်ရင်ဆိုင်နေရစဉ် အစိုးရအဖွဲ့၏အတည်ပြု ချက်ရရှိနိုင်ဖွယ်ရှိသော   ထိုအစီအစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။

ထိုင်းနိုင်ငံ၌ ဒီဇင်ဘာလတွင်ပြန်လည်ဖြစ်ပွားသော ရောဂါကူးစက်မှုများကြောင့် တစ်ရက်လျှင် ရောဂါ ကူးစက်သူ ရာပေါင်းများစွာရှိနေကြောင်းသိရသည်။

၂၀၁၉ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ ပြည်ပခရီးသွားသန်း ၄၀ လာရောက်ပြီး ဝင်ငွေဘတ် ၁ ဒသမ ၉ ထရီလီယံ ရရှိသော်လည်းကိုဗစ်-၁၉ ရောဂါကြောင့် နယ်စပ်များကိုပိတ်ပြီးနောက် ခရီးသွားအရေအတွက်မှာ ကျဆင်းခဲ့ကြောင်း သိရသည်။

Ref:TST