ထိုင်းပြည်တွင်းဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လူသားများဖြင့် စမ်းသပ်မှုစတင်

ဘန်ကောက်၊ ကျန်းမာရေး

ထိုင်းပြည်တွင်းဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို လူသားများဖြင့်စတင်စမ်းသပ်မှုကို မတ် ၂၂ ရက်တွင် စတင်လုပ်ဆောင်ပြီး လာမည့်နှစ်တွင် ဖြန့်ချိသွားမည်ဖြစ်ကြောင်းသိရသည်။

ပြည်တွင်းဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ကာကွယ်ဆေးမူဝါဒနှင့်အညီ ပြည်သူများကို အခမဲ့ထိုးပေး မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးက ပြောသည်။

အက်စထရာဇီနီကာ ကုမ္ပဏီထုတ် ကာကွယ်ဆေး ၆၁ သန်းကို ယခုနှစ်အကုန်ပိုင်းတွင် နိုင်ငံ၏ လူဦးရေ ထက်ဝက်အား ထိုးပေးနိုင်ရန်ရည်ရွယ်ထားပြီး အဆိုပါကာကွယ်ဆေးကို ဇွန်လမှစတင်၍ပြည်တွင်း၌ ထုတ်လုပ်မည်ဖြစ်သည်။

ပြည်တွင်းဖြစ်ကာကွယ်ဆေးကိုမူ နိုင်ငံပိုင်အစိုးရ ဆေးဝါးအဖွဲ့အစည်းက မဟီဒေါတက္ကသိုလ်အပူပိုင်း ဆေးပညာဌာန၊ အမေရိကန်မှအကျိုးအမြတ်မယူသော ပရဟိတအဖွဲ့တစ်ဖွဲ့တို့နှင့် ပူးပေါင်းဖော်စပ်ခြင်း ဖြစ်သည်။ ထိုကာကွယ်ဆေးမှာ အသက်မဝင်တော့သော ကိုရိုနာဗိုင်းရပ်ကိုအသုံးပြုထားခြင်းဖြစ်ပြီး  ထိုဗိုင်းရပ်ကြောင့် ကိုယ်ခံအား ထွက်ပေါ်လာစေရန်ရည်ရွယ်ခြင်းဖြစ်သည်။ ထိုဆေးကို လူသားများဖြင့် လက်တွေ့ စမ်းသပ်ရန် စေတနာ့ဝန်ထမ်းအယောက် ၄၆၀ ကပါဝင်မည်ဖြစ်ကြောင်း သိရသည်။               

Ref: CAN