ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့ သံတွဲမြို့ရှိ တန်ခိုးကြီးဘုရားများအား သွားရောက်ဖူးမြော်ကြည်ညို၊ အထင်ကရနေရာများသို့ သွားရောက်လေ့လာကြည့်ရှု

ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့ သံတွဲမြို့ရှိ တန်ခိုးကြီးဘုရားများအား သွားရောက်ဖူးမြော်ကြည်ညို၊ အထင်ကရနေရာများသို့ သွားရောက်လေ့လာကြည့်ရှု

နေပြည်တော်၊ ဇန်နဝါရီ - ၂၀

မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Chalermphon Srisawasdi ၏ ဇနီး Madame Budsakorn Srisawasdi ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဇနီး ဒေါ်ကြူကြူလှ၊ တပ်မတော်အရာရှိကြီးများ၏ ဇနီး တို့နှင့်အတူလိုက်ပါ၍ ရခိုင် ပြည်နယ်၊ သံတွဲမြို့ရှိ တန်ခိုးကြီးဘုရားများအား သွားရောက်ဖူးမြော်ကြည်ညိုပြီး အထင်ကရနေရာများသို့ သွားရောက်လေ့လာသည်။

ဦးစွာ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီးနှင့်အဖွဲ့သည် နံနက် ပိုင်းတွင် တပ်မတော်အရာရှိကြီးများ၏ ဇနီးများနှင့်အတူ ရွှေအန်တော်စေတီသို့ ရောက်ရှိကြရာ ဂေါပကအဖွဲ့ဝင်များက ကြိုဆိုနှုတ် ဆက်ကြသည်။ ထို့နောက် စေတီ တော်မြတ်အား ဆီမီး၊ ပန်း၊ ရေချမ်း၊ သစ်သီး ဆွမ်း များ ကပ်လှူပူဇော် ဖူးမြော်ကြည်ညိုကာ ‌စေတီတော်ကြီးအတွက် ဘက်စုံအလှူငွေ ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ဝင်များက လက်ခံရယူကြသည်။ ဆက်လက်၍ ရွှေနံတော်စေတီသို့ သွားရောက်ဖူးမြော်ကြည်ညိုကြသည်။

ထို့နောက် မွန်းလွဲပိုင်းတွင် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး နှင့်အဖွဲ့သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်၏ ဇနီး၊ တပ်မတော်အရာရှိကြီးများ၏ ဇနီးများနှင့်အတူ Amazing Ngapali Resort သို့သွားရောက်ကာ ရခိုင်ရိုးရာရက်ကန်းနှင့် ရိုးရာလက်မှုပစ္စည်းများအား လေ့လာ ကြည့်ရှုကြပြီး  Amazing Ngapali Resort မှ ဖျော်‌ဖြေသည့် ရခိုင်ရိုးရာသီချင်း အကအလှများကိုကြည့်ရှုအား‌ပေးခဲ့ကြသည်။

ယင်းနောက် ရိုးရာအကအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ကာ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။