ထိုင်းအစိုးရက ကိုဗစ်-၁၉ ရောဂါမပြင်းထန်သူများကို နေအိမ်၌သီးသန့်ခွဲနေထိုင်ခွင့်ပြု

ဘန်ကောက်၊ ကျန်းမာရေး

ထိုင်းနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမြင့်တက်လာသည့်အတွက် ဘန်ကောက်မြို့ရှိ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ရောဂါစစ်ဆေး ရေးကဏ္ဍတို့တွင် ဖိအားများမြင့်တက်လာစဉ် ရောဂါကူးစက်ခံရသော်လည်း ရောဂါပြင်းထန်မှုမရှိသူများအနေဖြင့် နေအိမ်၌ သီးသန့်ခွဲပြီးနေထိုင်နိုင်ကြောင်း အစိုးရကထုတ်ပြန်လိုက်သည်။

ထို့ပြင် ရောဂါပိုး  ရှိ၊  မရှိကိုယ်တိုင်စမ်းသပ်နိုင်သည့် ပဋိဇာတ်စစ်ဆေးသည့်ကိရိယာများကိုလည်း အသုံးပြုခွင့်ပေးလိုက် ကြောင်းနှင့်  လာမည့်သီတင်းပတ်မှစ၍ စတိုးဆိုင်များတွင် တင်ရောင်းခွင့်ပြုသွားမည်ဖြစ်ကြောင်း အစိုးရ၏ထုတ်ပြန်ချက်ကို တော်ဝင်ဂေဇက် သတင်းစာက ဇူလိုင် ၁၃ ရက်တွင်ဖော်ပြထားသည်။

ထိုင်းနိုင်ငံသည် ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးမှုကို RT-PCR စနစ် အသုံးပြုလုပ်ဆောင်နေသော်လည်း ရောဂါပိုးကူးစက်ရာ ပင်မနေရာဖြစ်သော ဘန်ကောက်မြို့ရှိစစ်ဆေးရေးဌာနများတွင်  စစ်ဆေးရမှုများပြားကာ   မနိုင်မနင်းဖြစ်နေရသည့်အတွက် ယခု ကဲ့သို့ စီစဉ်လာခြင်းဖြစ်သည်။

ရောဂါပိုး ရှိ၊ မရှိကိုယ်တိုင်စမ်းသပ်နိုင်သော ကိရိယာများအသုံးပြုစစ်ဆေးခြင်းသည် RT-PCR စနစ်ထက်တိကျမှုနည်း ပါးသော်လည်း အချိန်တိုအတွင်းစစ်ဆေးသိရှိနိုင်သောကြောင့် အသုံးပြုခွင့်ပေးခြင်းဖြစ်ကြောင်းနှင့်   ၎င်း၏ဈေးနှုန်းကိုလည်း ဘတ် ၁၀၀ ဝန်းကျင် (မြန်မာငွေ ၅၀၀၀ ကျပ်ဝန်းကျင်) ဖြင့်သာရောင်းချရမည်ဟု သတ်မှတ်ထားကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောထားသည်။

ထိုင်းနိုင်ငံ၌ ဇူလိုင် ၁၃ ရက်တွင် ကိုဗစ်-၁၉  ရောဂါဖြစ်ပွားသူ  ၈၆၈၅  ဦးနှင့် သေဆုံးသူ ၅၆ ဦးရှိကာ ရောဂါဖြစ်ပွားသူစုစုပေါင်း ၃၅၃၇၁၂ ဦးနှင့် သေဆုံးသူစုစုပေါင်း ၂၈၄၇ ဦးရှိကြောင်း သိရသည်။

Ref: TST