ထိုင်းအစိုးရက ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရန် တားမြစ် ကန့်သတ်ချက်များ ပြန်လည်ချမှတ်မည်   

ထိုင်းအစိုးရအနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက် ပျံ့နှံ့မှု ထိန်းချုပ်ရေး ကြိုးပမ်းမှုအနေဖြင့် ဇွန် ၂၈ ရက်မှစ၍ ဘန်ကောက်မြို့နှင့် ဆင်ခြေဖုံးဒေသများ၌ လူစုလူဝေး ပြုလုပ်မှုများ၊ ဆောက်လုပ်ရေး လုပ်ငန်းများနှင့် စားသောကဆိုင်များ အပေါ် တားမြစ် ကန့်သတ်ချက်များ ပြန်လည်ချမှတ်မည်ဖြစ်ကြောင်းသိရသည်။

ထိုင်းနိုင်ငံ၌   ပြီးခဲ့သည့်နှစ်တွင် ကိုဗစ်-၁၉ ရောဂါ  ကူးစက်မှုနှုန်းလျော့ကျခဲ့ရာမှ ဧပြီလတွင် ဘန်ကောက်မြို့ရှိ ကလပ်များ၌ လူအစုလိုက်အပြုံလိုက် ကူးစက်မှုမှတစ်ဆင့် ထိုရောဂါကူးစက်ပျံ့နှံ့မှု ပြန်လည်မြင့်တက်လာခြင်း ဖြစ်သည်။

ထို့နောက်  ဆောက်လုပ်ရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများ၌ အလုပ်လုပ်နေသော ရွှေ့ပြောင်းအလုပ်သမားများ အပါအဝင်   လူပြည့်ကျပ်နေသော အကျဉ်းထောင်များ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများကို ထပ်မံတွေ့ရှိ လာရသည်။

ယခုချမှတ်သည့် တားမြစ်ကန့်သတ်ချက် အသစ်များသည် ဇွန် ၂၈ ရက်မှ စတင်အသက်ဝင်ကာ အချိန်ကာလအားဖြင့် ၁ လ ကြာမြင့်မည်ဖြစ်ကြောင်း အစိုးရ၏ ထုတ်ပြန်ချက်တွင် ော်ပြထားသည်။ အဆိုပါတားမြစ်ကန့်သတ်ချက် များတွင် ဘန်ကောက်နှင့် ဝန်းကျင် ဒေသများရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်များကိုပိတ်ခြင်း၊ အလုပ်သမားများကို ထွက်ခွာခွင့်တားမြစ်ခြင်း၊ စားသောက်ဆိုင်များကို   ပါဆယ်စနစ်ဖြင့်သာ ရောင်းချစေခြင်းနှင့် လူအယောက် ၂ဝ အထိစုဝေးခြင်းတို့ကို  ကန့်သတ်မှုတို့ပါဝင်သည်။

နာမည်ကျော်   ဖူးခက်ဒေသက  ကာကွယ်ဆေးထိုးထားသော ခရီးသွားများကို ဇူလိုင် ၁ ရက်မှစ၍ ကွာရန်တင်းမဝင်ခိုင်းဘဲ လာရောက်ခွင့်ပြုမည့် အစီအစဉ်မစတင်မီ အဆိုပါထုတ်ပြန်ချက် ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း   သိရသည်။