ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်တစ်ဦးအား ဆူပူအကြမ်းဖက်သူတစ်ဦးက ဓားဖြင့် ဝင်ရောက်ထိုးနှက်လာရန်ကြိုးပမ်းလာသဖြင့်  ခြောက်လှန့်ပစ်ခတ်

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်တစ်ဦးအား ဆူပူအကြမ်းဖက်သူတစ်ဦးက ဓားဖြင့် ဝင်ရောက်ထိုးနှက်လာရန်ကြိုးပမ်းလာသဖြင့်  ခြောက်လှန့်ပစ်ခတ်

နေပြည်တော်၊  မတ် - ၁၈
    
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်း တည်ငြိမ်အေးချမ်း ရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည်    မတ် ၁၆ ရက် ည ၇ နာရီ ၄၀ မိနစ်ခန့်တွင် လုံခြုံရေးလုပ်ငန်းများနှင့် လမ်းမပေါ်ရှိ အတားအဆီးများအား ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်၍ ည ၇ နာရီမှ နံနက် ၅ နာရီအထိ ညမထွက်ရအမိန့်ထုတ်ပြန်ထားမှုအား ပြည်သူများသိရှိလိုက်နာဆောင်ရွက်ရန် Hand  Speaker  ဖြင့် အကြိမ်ကြိမ်ပြောဆိုခြင်းများ ဆောင်ရွက်ခဲ့သည်။
    
ထိုသို့ပြောဆိုကြေညာနေစဉ် အမှတ်(၂၅)ရပ်ကွက်၊ မြိတ်လမ်းနှင့် စည်ပင်လမ်းဆုံ  (ဂိတ်ဟောင်းမှတ်တိုင်)အရောက် အတားအဆီးများအား စက်များဖြင့် ဖယ်ရှားနေစဉ် မြိတ်လမ်းရှိ အမျိုးသား ၁ ဦးက အရိုးအသွား ၁၀ လက်မခန့်ရှိ ဓားမြှောင့် ၁ ချောင်းအား ကိုင်ဆောင်၍  လုံခြုံရေးတပ်ဖွဲ့ဝင်များအား လာရောက်ရန်ပြုလာသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင် များက ၁၂ ဗို့သေနတ်ဖြင့် ခြောက်လှန့်ပစ်ဖောက်ခဲ့သော်လည်း ရပ်တန့်သွားခြင်းမရှိဘဲ ၎င်းင်းကိုင်ဆောင်ထားသည့် ဓားမြှောင်ဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးအား အတင်းဝင်ရောက် ထိုးနှက်ရန်ကြိုးပမ်းလာခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ၁၂ ဗို့သေနတ်ဖြင့် အနီးကပ် ပစ်ခတ်တားဆီးခဲ့ရာမှ ၎င်းင်းအမျိုးသားတွင် ယာဘက်ရင်ညွန့်ကျည်ထိမှန်ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့သည်။
    
အဆိုပါအကြမ်းဖက်သူ အမျိုးသားအလောင်းအား လုံခြုံရေးတပ်ဖွဲ့ဝင်များက  နယ်မြေခံတပ်မတော်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းနှင့် နယ်မြေခံရဲစခန်းမှ သေမှုသေခင်း ဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။