ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရန်ကုန်တိုင်းစစ်ဌာနချုပ် စိုက်ပျိုးမွေးမြူရေးစခန်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရန်ကုန်တိုင်းစစ်ဌာနချုပ် စိုက်ပျိုးမွေးမြူရေးစခန်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဒီဇင်ဘာ - ၂၉

        နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည်ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊  ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက် ပါ၍ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ စိုက်ပျိုးမွေးမြူရေးစခန်းများသို့သွားရောက်ကြည့်ရှုစစ်ဆေး  သည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် အမှတ်(၁) စိုက်ပျိုးမွေးမြူရေးစခန်းသို့ရောက်ရှိရာ ရှင်းလင်းဆောင်၌ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးက ရန်ကုန်တိုင်းစစ်ဌာနချုပ် စိုက်ပျိုးမွေးမြူရေးခြံများတွင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ထွက်ရှိလာသည့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ ကြက်ဥနှင့် နွားနို့များကို အရာရှိ၊ စစ်သည် မိသားစုများနှင့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ ဝင်များနှင့် မိသားစု ဝင်များကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေး လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍  အဆိုပါရှင်းလင်းဆောင်တွင် ရန်ကုန်တိုင်ဝန်ကြီးချုပ်က  ညောင်နှစ် ပင် စိုက်ပျိုးမွေးမြူရေးဇုန် ဖြစ်ပေါ်လာပုံ၊ ကော်မတီများဖွဲ့စည်းထားရှိမှု နှင့် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ အကောင်ထည်ဖော်ဆောင်ရွက်ထားရှိမှုများနှင့် ပါတ်သက်၍ ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က ဘက်စုံ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းသည် တပ်မတော်သားများအပြင် နိုင်ငံ့ ဝန်ထမ်းများအား ပြင်ပပေါက်ဈေးထက် သက်သာစွာရောင်းချပေးနိုင်ရန် ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်သည့်အခြေအနေများ၊ အမြတ်ကို အဓိကမထားဘဲ သက်သာ ချောင် ချိရေးကို ဦးစားပေး ဆောင်ရွက်ကြရန်လိုသည့်အခြေအနေများ၊  မွေးမြူရေးဆောင် ရွက်ရာတွင် မွေးမြူရေးသုတေသန အဖွဲ့များနှင့် တိုင်ပင်ဆွေးနွေး၍ ကျန်းမာရေးနှင့် ညီညွတ်သည့် ထုတ်ကုန်များရရှိအောင် ဆောင်ရွက်ကြရန်လိုသည့်အခြေအနေများ၊ စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့၏ စားရေးကို တစ်ဖက်တစ်လမ်းမှ အထောက် အကူပြုနိုင်သည်အထိ စိုက်ပျိုးမွေးမြူရေးကို  တိုင်းစစ်ဌာနချုပ်နှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့တို့ ပေါင်းစပ်ညှိနှိုင်း ဆောင် ရွက်ကြရန် လိုအပ်သည့်အခြေအနေများ စသည်ဖြင့် မှာကြားသည်။

ဆက်လက်ပြီး ညောင်နှစ်ပင် အထူးဇုန်နှင့်ပါတ်သက်၍ မြေပြင်တွင် အမှန်တကယ် လုပ်ကိုင်ဆောင်ရွက်နေမှုများကို ကြီးကြပ်ရေးအဖွဲ့များဖြင့် စနစ်တကျကြပ်မတ် ရန် လိုသည့် အခြေအနေများ၊ ရန်ကုန်မြို့ရှိ လူဦးရေနှင့်အညီ Supply နှင့် Demend ကိုမျှတ မှုရှိစေရေး တွက်ချက်ဆောင်ရွက်ရန်လိုအပ်သည့်အခြေအနေများ၊  တိုင်းဒေသကြီးအတွင်း ပိုလျှံသော သား၊ငါးများကို ခေါတ်မီအေးခဲစနစ်ဖြင့် ထိန်းသိမ်းနိုင်ရေးနှင့် ပြည်ပ ဈေးကွက်သို့ ပို့ဆောင်နိုင်ရေးစီမံသွားရန်နှင့် လုပ်ငန်းရှင်များ လာရောက် ရင်းနှီး မြှုတ်နှံနိုင်ရေး ဖိတ်ခေါ်ဆောင်ရွက်သွားရန် လိုအပ်သည့် အခြေအနေများ စသည် ဖြင့်မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် ဟင်းသီးဟင်း ရွက်များ၊ မှိုနှင့် ကြက်ဥများ ခင်းကျင်းပြသထားမှုကိုကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍  မိဘမျိုးရင်း   နိုဗိုဂျင် ဘရောင်း မျိုးကြက်များ မွေးမြူထားရှိမှုအခြေအနေ၊ ငါးကန်အမှတ်(၁)မှ ငါးများဖော်ယူ နေမှုအခြေအနေအား ကြည့်ရှုအားပေးသည်။ အဆိုပါကန်၌ ငါးမြစ်ချင်း (၁၅၀၀)ကောင်၊ ငါးတန် (၈၀၀)ကောင်၊ ငါးမုတ် (၅၀၀)ကောင်၊ မြက်စားငါးကြင်း (၂၀၀)ကောင်တို့အား ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့မှစတင် မွေးမြူခဲ့ရာ ယခုကန်ဖော်သည့်အချိန်တွင် ငါးတစ်ကောင်လျင် ပျှမ်းမ  ၁ ပိသာခန့် ရှိပြီး ယနေ့ဖော်ယူရရှိမှု အနေဖြင့် ၂၂၅၀ ပိသာ ဖော်ယူရရှိခဲ့ရာ ဈေးနှုန်းသက်သာစွာဖြင့် တပ်ဖွဲ့ဝင်များနှင့် မိသားစုများအား ဖြန့်ဝေသွားမည် ဖြစ်ကြောင်းသိရှိရသည်။ ၎င်းနောက် စိုက်ပျိုးမွေးမြူရေးခြံများ အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး တာဝန်ခံ များ၏ ရှင်းလင်း တင်ပြမှုများအပေါ် လိုအပ်သည်များမှာကြား ဖြည့်ဆည်းဆောင်ရွက် ပေးသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် အမှတ်(၃) စိုက်ပျိုးမွေးမြူရေးစခန်းသို့သွားရောက်၍  သားဖောက်ရန် မျိုးရင်းဝက်မွေးမြူထားရှိမှု အခြေအနေ၊ ကာကီကင်းဘဲ (၁၀၀၀)ကောင် မွေးမြူထားရှိသည့် အခြေအနေနှင့် ငါးကန် (၁၆)ကန်တွင် ငါးများမွေးမြူထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ၏ လိုက်လံရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည် များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။