ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ရေဘေးသင့် ပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြား၊ သဘာဝဘေးအန္တရာယ်ကူညီထောက်ပံ့ရေးပစ္စည်းများပေးအပ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ၊ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဉက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ရေဘေးသင့် ပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြား၊ သဘာဝဘေးအန္တရာယ်ကူညီထောက်ပံ့ရေးပစ္စည်းများပေးအပ်

နေပြည်တော်၊ ဩဂုတ် - ၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ၊ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ‌ဦးမောင်ကို၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှတပ်မတော် အရာရှိကြီး များ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ဇူလိူင် ၃၁ ရက်တွင်မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည့် ပြင်ဉီးလွင်မြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူ များအားသွားရောက်တွေ့ဆုံအားပေးစကားပြောကြားသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်အဖွဲ့ဝင်များအား တပ်နယ်ခန်းမ၌ တပ်နယ်မှူးဗိုလ်မှူးချုပ် ဇော်မင်းလတ်၊ မြို့တော်ဝန် ဉီးကျော်ဆန်း တို့က ပြင်ဦးလွင်မြို့နယ်အတွင်း မိုးသီးထန်စွာရွာသွန်းခဲ့မှု၊ ဂဲလောင်ချောင်း ရေကြီး ရေလျှံဖြစ်ပွားခဲ့မှု၊ ပျက်စီးဆုံးရှုံးမှုများ၊ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက် နေမှုစသည့် အခြေအနေများအား ပါဝါပွိုင့်များဖြင့် ရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးတင်ပြသည်။
တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ၊ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဉက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က ဂဲလောင်း ချောင်းအတွင်း ရုတ်တရက်ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သော်လည် ကြိုတင်ပြင်ဆင် မှုများကောင်းမွန်၍ ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင်ထိန်းသိမ် နိုင်ခဲ့သည့် အခြေ အနေများ၊ ပြင်ဦးလွင်မြို့ပေါ် ရပ်ကွက်ကြီး ၂၁ ခုအနက် ၉ ခု ရေလွှမ်းမိုးမှုဖြစ်ပေါ်ခဲ့ရာ ရေကျချိန် ကျန်ရှိခဲ့သည့် အမှိုက်သရိုက်နှင့် အနယ်အနှစ်များကို အမြန်ဆုံး ရှင်းလင်းနိုင်ရေး မြို့နေပြည်သူများနှင့် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ရမည့် အခြအနေများ၊ မြို့ ဧရိယာအတွင်း ဂဲလောင်း‌ချောင်းဆီးဆင်းရာ ၂ မိုင်ခွဲအပါအဝင် BE FALL အထိ ၇ မိုင်အရှည်အား တပ်နယ်မှ တပ်မတော်သားများနှင့် ပူးပေါင်းကာ ရေစီးရေလာ ကောင်းမွန် စေရေးဆောင်ရွက်ရမည့် အခြေအနေများ၊ ပျက်စီးခဲ့သည့် ကျောင်း၊ ဆေးရုံ၊ ခြံစည်းရိုးများနှင့် နေအိမ်အချို့အတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်ပြုပြင်ရေး အမြန်ဆုံး ဆောင်ရွက်ရမည့် အခြေအနေများ၊ကူညီကယ်ဆယ်ရေး လုပ်ငန်းအတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာနက သတ်မှတ်ထားသော နှုန်းထားအဖြင့် ထောက်ပံ့ပေးရန် လုပ်ဆောင်ရမည့် အခြေအနေများ၊ သဘာဝဘေး အန္တရာယ်အလွန်ကာလ ဆောင်ရွက်ရမည့် နောက်ဆက်တွဲ လုပ်ငန်းများဖြစ်သော ကျန်းမာရေးစောင့်ရှောက်မှုမှစ၍ ကယ်ဆယ်ရေး လုပ်ငန်းများကို ရပ်ကွက်အသီးသီးတွင် တစ်ချိန်တည်းတပြိုင်တည်း ဆောင်ရွက် ရန် လိုအပ်သည့် အခြအနေများ၊ ရေစီးရေလာ ကောင်းမွန်ရေးကို နှစ်စဉ်ပုံမှန် ဆောင်ရွက် ခြင်းဖြင့် နောင်ရေကြီးရေလျှံမှုကို တာဆီးနိုင်မည့်အခြေအနေများ၊ နိုင်ငံတော် ဝန်ကြီးချုပ် လမ်းညွှန်ချက်ဖြစ်သော ပြင်ဦးလွင်မြို့သည် အပန်းဖြေမြို့၊ ခရီသွားမြို့ ဖြစ်၍ အမြန်ဆုံး သန့်ရှင်းသပ်ရပ်ကာ အမြန်ဆုံးမူလအခြေအနေ ပြန်ရောက်စေရေး ဆောင်ရွက်ရမည့် အခြေအနေများအား အသေးစိတ်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ၊ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဉက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် ရေကြီး ရေလျှံဖြစ်ပွားမှုကြောင့် ပျက်စီးမှုများဖြစ်ပွားခဲ့သည့် ပွဲကောက်ရေတံခွန်(BE FALL) ၊ ကန်တော်လေးရေထွက်ပေါက်၊ ရေထိမ်းတံခါး၊ ကန်တော်ကြီးအမှတ် ၄ ကန် နှင့် မြို့ပေါ်ရပ်ကွက်များအား လိုက်လံကြည့်ရှုကြပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ၊ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဉက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် ပြင်ဦးလွင်မြို့၊ အားကစားခန်းမ၌ ရေကြီးနစ်မြုတ်ဒဏ်ခံရသည့် ရေဘေးသင့်ပြည် သူ ၂၅၀ ဦးခန့်အားတွေ့ဆုံ၍ အားပေးစကားပြောကြားရာတွင် ယခုဖြစ်ပေါ်မှုသည် ပြင်ဦးလွင်မြို့တွင် နှစ်ပေါင်း ၃၀ အတွင်း စံချိန်တင် မိုးရွာသွန်းမှုဖြစ်ပေါ်ခဲ့၍ ၈ နာရီခန့်အတွင်း မိုးရေချိန် ၁၀ ဒသမ ၄၇ လက်မအထိ ရွာသွန်းခဲ့ခြင်းဖြစ်ကြောင်း၊ ဂဲလောင်းချောင်း ရေကြီး၊ ရေလျှံဖြစ်ပွားမှုကို မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးတို့ရှိ တာဝန်ရှိသူများက အချိန်နှင့် တစ်ပြေးညီ အဆင့်ဆင့်တင်ပြမှုကြောင့် နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် ဖြစ်စဉ်အခြေအနေ အသေးစိတ်ကို သိရှိနေပြီး လိုအပ်သော စီမံမှုနှင့် ပေါင်းစပ်ညှိနှိုင်းမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း၊ ယခုကဲ့သို့ လာရောက်ခြင်းသည် နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်စား လာရောက်ခြင်းဖြစ်ပြီး တဖက်တွင်လည်း သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ အနေဖြင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးရန် လာရောက်ခြင်းဖြစ် ကြောင်း။
သဘာဝဘေးဒဏ်ဖြစ်ပေါ်ရသည့် အကြောင်းအရင်းများစွာရှိပြီး သဘာဝကြောင့် ဖြစ်ပေါ်ခြင်းများရှိသကဲ့သို့ လူသားတို့၏ လုပ်ဆောင်မှုများကြောင့် ဂေဟစနစ် ပျက်ယွင်း၍ ဖြစ်ပေါ်ခဲ့သည်များလည်းရှိကြောင်း၊ ရွှေ့ပြောင်းတောင်ယာခုတ်ခြင်း၊ သဘာဝသစ်တောများ အလွန်အကျွံခုတ်တွင်ခြင်း၊ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှင့် သော စက်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်း စသောလုပ်ဆောင်မှုများကြောင့် ကမ္ဘာကြီး ပူနွေးရာမှတဆင့် မမျှော်မှန်းနိုင်သော သဘာဝဘေး အန္တရာယ်များဖြစ်ပေါ် စေခြင်း ဖြစ်ကြောင်း၊ ရာသီဥတုနှင့် သဘာဝဘေးအန္တရာယ်သည် မျှော်မှန်းရန်ခက်ခဲ၍ အစိုးမရသော်လည်း၊ မိမိတို့အစိုးရအနေဖြင့် ဖြစ်ပေါ်လာနိုင်သော သဘာဝဘေး အန္တရာယ်အမျိုးမျိုးအတွက် အကောင်းဆုံးရင်ဆိုင်ကျော်လွှားနိုင်ရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိပါကြောင်း၊ ဇူလိုင်လ ၃၁ နေ့ နံနက်စော စောပိုင်းတွင်ဖြစ်ပွားခဲ့သည့် ဂဲလောင်းချောင်းရေကြီးမှုသည် အိုးအိမ်အချို့ နှင့် အုပ်ချုပ်မှု၊ ကျောင်းတို့၏ ခြံစည်းရိုးအချို့ ထိခိုက်ပျက်စီးခဲ့ပြီး လူဦးရေ ၄၀၀ ကျော်ခန့်ကို ကယ်ဆယ်ရေး စခန်းများသို့ ပြောင်းရွှေ့ကယ်ဆယ်ပေးခဲ့ရကြောင်း၊ မျှော်မှန်းမထားသည့် ရုတ်တရက် ရေကြီးမှုဖြစ်ပေါ်ခဲ့သော်လည်း မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးတို့မှ တာဝန်ရှိသူများ၊ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပရဟိတလူမှုရေးအသင်းအဖွဲ့များ၊ မြို့နေပြည်သူ များ၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုဖြင့် ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင် ဆောင်ရွက် နိုင်ခဲ့ကြောင်း၊ ထို့ပြင် ဂဲလောင်းချောင်း ရေကြီးရေလျှံမှုကို ဇူလိုင် ၃၁ ရက်မှ ဩဂုတ် ၁ ရက် နံနက် ၉ နာရီအတွင်း အချိန်တိုအတွင်း မူလအခြေအနေရောက်ရှိအောင် ဆောင်ရွက်နိုင်မှုကို တာဝန်ရှိဌာန ဆိုင်ရာများ ပေါင်းစပ်၍ ကန်တော်ကြီး၊ ကန်တော်လေး ရေလှောင်တမံများ စနစ်တကျ ရေထိန်းသိမ်းမှု၊ ရေပိုလွှဲစနစ်် များကောင်းမွန်မှုနှင့် ဂဲလောင်းချောင်းအား ရေစီးရေလာကောင်း မွန်အောင်ကြိုတင် ဆောင်ရွက်ထားမှုတို့ကြောင့်ဖြစ်ပြီး အလားတူ တပ်မတော်နှင့် မြို့နေပြည်သူ များပူပေါင်း၍ ချောင်း၊ မြောင်းများ ပိတ်ဆို့မှုများကို အပါတ်စဉ် စုပေါင်း ရှင်းလင်း ခဲ့မှုကြောင့် ရရှိခဲ့သည့် အကျိုးတရားပင်ဖြစ်ကြောင်း၊ ဆက်လက်၍လည်း ဂဲလောင်း ချောင်းနှင့် မြို့ပေါ်ရှိ မြောင်းစနစ်များကို ရေစီးရေလာကောင်းအောင်း ရှင်းလင်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ယခုကဲ့သို့ ရေကြီးရေလျှံမှုကို ကာကွယ် နိုင်ရန် ကြိုတင်ပြင်ဆင် ရာတွင် တစ်ဦးခြင်း အနေဖြင့် ကိုယ်ပိုင်အိမ်၊ ခြံဝန်းအတွင်း အပြင််များကို ကိုယ်စီတာဝန်ယူဆောင်ရွက်ရန်လိုအပ်ပြီး လမ်း၊တံတား၊ ချောင်း၊ မြောင်းများနှင့်ပါတ်သက်၍ သက်ဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် မြို့နယ် စည်ပင်သာယာရေးကော်မတီတို့က တာဝန်ယူ ဆောင်ရွက်သွားရန်လိုကြောင်း၊ လက်ရှိဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှု၏ နောက်ဆက်တွဲ ကယ်ဆယ်ရေးလုပ်ငန်း များနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို မြို့နယ်အဆင့်မှ တိုင်းဒေသကြီး အဆင့်အထိ ဆောင်ရွက်နိုင်သည်များကို ချက်ခြင်း ဆောင်ရွက်ပေးရန်လိုပြီး အခက် အခဲရှိသည်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြဆောင်ရွက်သွားရန် လိုကြောင်း၊ ယခုကဲ့သို့ မျှော်လင့်မထားသော သဘာဝဘေးအန္တရာယ်အား ဆုံးရှုံးမှုအနည်းဆုံးဖြင့် အချိန်တိုအတွင်း ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ကောင်းမွန်စွာ ဆောင်ရွက်နိုင်မှုသည် အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ လုံခြုံရေးအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် မြို့နေပြည်သူလူတု၏ တက်ညီလက်ညီပူးပေါင်း ဆောင်ရွက်နိုင်မှုကြောင့်ပင်ဖြစ်ကြောင်း၊ အသိအမှတ်လည်းပြုပါကြောင်း၊ ဆက်လက် ၍ လည်း ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မည်သို့သော သဘာဝကြောင့် ဖြစ်ပေါ်လာသည့် ဘေးအန္တရာယ် ၊ လူ့ပရောဂကြောင့် ဖြစ်ပေါ်လာသော ဘေးအန္တရယ်မျိုးကိုမဆို ရင်ဆိုင် ကျော်လွှားနိုင်မည်ဖြစ်၍ ညီညွတ်စွာဖြင့် ပူးပေါင်းဆောင်ရွက်သွား ကြရန်လိုကြောင်း ဖြင့်ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က ရေဘေးသင့်ပြည်များ အတွက် ထောက်ပံ့ငွေများကိုလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ကယ်ဆယ်ရေးပစ္စည်းများကိုလည်းကောင်း ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြပြီး ရေဘေးသင့်ပြည်သူများ ကိုယ်စား တာဝန်ရှိသူ တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ယင်းနောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အဖွဲ့ဝင်များသည် ရေဘေး သင့်ပြည်သူများနှင့် ကူညီကယ်ဆယ်ရေးအဖွဲ့များအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်အားပေးခဲ့သည်။
ပြင်ဦးလွင်မြို့တွင် ဇူလိုင်လ ၃၁ ရက်နေ့ နံနက် ၂ နာရီမှ ၁၀ နာရီထိမိုး ရွာသွန်းခဲ့ရာ မိုးရေချိန် ၁၀ ဒသမ ၄၇ လက်မ ရှိခဲ့ပြီး နှစ်ပေါင်း ၃၀ အတွင် စံချိန်တင် ရွာသွန်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ မိုးရွာသွန်းမှုကြောင့် ဂဲလောင်းချောင်းမှာ ရေကြီးမှုဖြစ်ပေါ်ခဲ့၍ ရပ်ကွက် ၂၁ ခု တွင် ရပ်ကွက် ၉ ခုမှာ ရေကြီးမှုဖြစ်ပေါ်ခဲ့ပြီး အချို့ ရပ်ကွက်များတွင် ၄ ပေ အနက်ခန့်ထိရှိကာ အိမ်များအတွင်း ရေဝင်ရောက် ခဲ့သည်။ ဂဲလောင်းချောင်းသည် ၇ မိုင် ရှည်လျှားကာ မြို့ ဧရိယာအတွင်း ၂ မိုင်ခွဲခန့် ဖြတ်သန်းစီးဆင်းလျက်ရှိကာ မြို့အတွက် အရေးပါသောချောင်းဖြစ်၍ ရေကြီးရေလျှံ မှုများ မဖြစ်စေရေးနှင့် ရေစီး၊ ရေလာ ကောင်းမွန်စေရေး မြို့ပေါ် ၂ မိုင်ခွဲအား ၁၀ ပေ အကျယ်၊ ၁၀ ပေ အနက် ကျောက်စီမြောင်းအဖြစ် ပြုပြင်စေခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ဂဲလောင်းချောင်းမှာ ပြင်ဦးလွင်မြို့ရှိ ကန်တော်ကြီး၊ ကန်တော်လေး ရေလှောင် တမံတို့မှ ပိုလျှံရေစီးဆင်းသည့် ချောင်းဖြစ်ကြောင်း၊ ကန်တော်လေး ရေလှောင်တမံ၏ ယခင် ရေပိုလွှဲစနစ် Spill Way မှာ ၇ ပေအကျယ်၊ ၂ ပေအနက် ရေထိန်းတံခါးလည်း ၃ ပေါက်ဖြစ်ကာ ပိုလျှံရေ 210 Cubit-sec ထွက်ရှိရာမှ 525 Cubit-sec အထိ ရေပိုလွှဲနိုင်သည့် ၇ ပေအကျယ်၊ ၅ ပေ အနက် ရေထိန်းတံခါး ၃ ပေါက်အဖြစ် ပြန်လည် ပြင်ဆင် ဆောင်ရွက်ခဲ့မှုကြောင့် ယခုကဲ့သို့ မိုးများသည့် အခြေအနေတွင် ကန်တော်လေး ရေလှောင်တံမံမှာ ကျိုးပေါက်မှု မရှိခဲ့ခြင်း ဖြစ် ကြောင်း၊ ယခင် 210 Cubit-sec နှင့်သာ ထားရှိပါက တံမံကျိုး ပေါက် နိုင်ပြီး ကျိုးပေါက်မှုကြောင့် ပြင်ဦးလွင်မြို့၏ ဆုံးရှုံးမှု အန္တရာယ်မှာ လွန်စွာကြီးမား နိုင်ကြောင်း သိရှိရပါသည်။ ယခုကဲ့သို့ ရေထိန်းတံခါး ပြုပြင်နိုင်မှုကြောင့် ရေဝင်ဧရိယာ ပိုမိုရရှိကာ ရေထိန်းနိုင်မှာ ဖြစ်သလို ကန်တော်ကြီး ရေလှောင်တံမံ ၄ ခုသို့ ဝင်ရောက်လာသည့် ရေများကိုလည်း မလျော့အောင် ထိန်းသိမ်း နိုင်သည့် အခြေ အနေ ဖြစ်ကြောင်းသိရှိရသည်။
ဆက်လက်၍လည်း ရေကြီးရေလျှံသည့် ရပ်ကွက်များမှ ပြည်သူများ၊ အစိုးရအဖွဲ့၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်းလျက် ရပ်ကွက်အလိုက် သန့်ရှင်းသာယာလှပရေး ဝိုင်းဝန်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။