ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော ဘုန်းတော်ကြီးကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများအတွက် အလှူငွေများပေးအပ်ပွဲသို့တက်ရောက်

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော ဘုန်းတော်ကြီးကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများအတွက် အလှူငွေများပေးအပ်ပွဲသို့တက်ရောက်

နေပြည်တော်၊ ဇွန် ၁၆

ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်း တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော ဘုန်းတော်ကြီးကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများအတွက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ စီစဉ်ကြီးကြပ်မှုဖြင့် အလှူရှင်များက လှူဒါန်းသည့် အလှူငွေများအား ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင်ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ လောကာ နန္ဒစေတီတော်လှိုဏ်ဂူအတွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ် ဩဝါဒါစရိယ စစ်တေွ မြို့၊ နန္ဒရာမပရိယတ္တိစာသင်တိုက်၏ ပဓာနနာယက ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ ဆရာတော် ဘဒ္ဒန္တ နန္ဒသီရိ အမှူးပြုသော သံဃာတော် အရှင်သူမြတ်များ ကြွရောက်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် အဖွဲ့ဝင်များ၊ စေတနာရှင်အလှူရှင်များ နှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ကောင်စီ ဒုတိယဉက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် နှင့် တက်ရောက်လာကြသူများက နန္ဒရာမပရိယတ္တိစာသင်တိုက်၏ ပဓာနနာယက ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ က ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်း တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော ဘုန်းတော်ကြီးကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများအတွက် အလှူတော်ငွေကျပ် ၁၀၆၀ သိန်းအားပေးအပ်လှူဒန်းရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း က လက်ခံရယူသည်။
ယင်းနောက် မြို့နယ်ဩဝါဒါစရိယ စစ်တွေမြို့၊ တပ်ဦးဆုတောင်းပြည့် ပရိယတ္တိ စာသင်တိုက် ပဓာနနာယက မဟာသဒ္ဓမ္မဇောတိကဓဇ ၊ အဂ္ဂမဟာဂန္ထ ဝါစကပဏ္ဍိတ ဆရာတော် ဘဒ္ဒန္တ ဉာဏာဝံသ ထံမှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ အနုမောဒနာတရားနာယူခဲ့ကြပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်းကာ အခမ်းအနားအား ရုတ်သိမ်း ခဲ့ကြောင်း သတင်းရရှိသည်။