ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရဲမွန်တပ်မြို့ရှိ တပ်မတော်ကိုယ်ခံပညာနှင့်အားကစားသိပ္ပံသို့ သွားရောက်ကြည့်ရှုစစ်ဆေး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး(ကုတင်-၅၀၀) ၌ ဆေးရုံတက်ရောက်ဆေးကုသမှု ခံယူနေသူများအား သွားရောက်ကြည့်ရှုအားပေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရဲမွန်တပ်မြို့ရှိ တပ်မတော်ကိုယ်ခံပညာနှင့်အားကစားသိပ္ပံသို့ သွားရောက်ကြည့်ရှုစစ်ဆေး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး(ကုတင်-၅၀၀) ၌ ဆေးရုံတက်ရောက်ဆေးကုသမှု ခံယူနေသူများအား သွားရောက်ကြည့်ရှုအားပေး

နေပြည်တော်၊ မတ် - ၂၃

        နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသ ကြီး၊ ရဲမွန်တပ်မြို့ရှိ တပ်မတော်ကိုယ်ခံပညာနှင့်အားကစားသိပ္ပံသို့ သွားရောက် ကြည့်ရှုစစ်ဆေးပြီး မင်္ဂလာဒုံမြို့နယ်၊ တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး (ကုတင်-၅၀၀)၌ ဆေးရုံတက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ကြည့်ရှုအားပေးစကားပြောကြားသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် ရဲမွန် တပ်မြို့ရှိ တပ်မတော်ကိုယ်ခံပညာနှင့်အားကစားသိပ္ပံသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ကျောင်းအုပ်ကြီးက ကျောင်းဌာနချုပ်ရုံး အစည်းအဝေးခန်းမတွင် တပ်တည်ဆောက်ရေး လုပ်ငန်းကြီး(၄)ရပ် အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှု ဆိုင်ရာများနှင့် လေ့ကျင့် ရေးနှစ်အလိုက် သင်တန်းများ ဖွင့်လှစ်သင်ကြားပို့ချနေမှု ဆိုင်ရာများအား ရှင်းလင်း တင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) က လမ်းညွှန်အမှာစကားပြော ကြားရာတွင် ကျောင်းရည်မှန်းချက်တာဝန်ဖြစ်သော တပ်မတော်(ကြည်း၊ ရေ၊ လေ)မှ စစ်သည်များအား အားကစားနှင့် ကိုယ်ခံပညာအခြေခံသင်တန်းများ၊ အဆင့်မြင့် သင်တန်းများ ဖွင့်လှစ်သင်ကြား လေ့ကျင့်ပေးခြင်းဖြင့် တပ်မတော်လက်ရွေးစင် အားကစားသမားများ ပေါ်ထွက်လာစေပြီး ထူးချွန်အားကစားသမားစစ်သည်များကို မြန်မာ့လက်ရွေးစင် အဖြစ် မွေးထုတ်၍ နိုင်ငံတော်၏ အားကစားအဆင့်အတန်း မြင့်မားရေးကို အထောက်အကူပြုနိုင်ရမည်ဟူသည့် အချက်ကို အလေးထားအကောင် အထည်ဖော်ရန်လို ကြောင်း၊ ကျောင်းစတင် ဖွင့်လှစ်သည့် ၁၉၉၇-၁၉၉၈ မှ ၂၀၂၂-၂၀၂၃ အထိ ကိုယ်ခံ ပညာနှင့် အားကစားသင်တန်း ၃၇ မျိုး ဖွင့်လှစ်ခဲ့ရာ ထူးချွန် အားကစားသမားအဖြစ် တပ်မတော်(ကြည်း၊ ရေ၊ လေ) လက်ရွေးစင်အပါအဝင် မြန်မာ့လက်ရွေးစင် ၄၁၂ ဦးတို့ကို မွေးထုတ်နိုင်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ ကျောင်းအုပ်ကြီးအနေဖြင့်လည်း မိမိတာဝန်ထမ်းဆောင်ချိန် ကာလအတွင်း တပ်မတော်(ကြည်း၊ ရေ၊ လေ) လက်ရွေးစင်မှတဆင့် နိုင်ငံ့ဂုဏ်ဆောင် နိုင်သည့် မြန်မာ့လက်ရွေးစင်အားကစားသမားများ မွေးထုတ်ပေးနိုင်ရန် ကြိုးပမ်းအကောင် အထည်ဖော် ဆောင်ရွက်နေရန်နှင့် မိမိကာလ ကြိုးပမ်းဆောင်ရွက်မှုကို မှတ်တမ်း ထားရန်လိုကြောင်း၊ လက်ရွေးစင်များ မွေးထုတ်ရာတွင် နိုင်ငံတကာ Olympic အားကစားနည်းများကို သတ်မှတ် စည်းမျဉ်းများနှင့် နည်းစနစ်ကျနစွာ တက်မြောက် ကျွမ်းကျင်နေရန် အခြေခံကအစ အဆင့်မြင့်နည်းပညာအထိလေ့ကျင့်နေရန် လိုကြောင်း၊ စိုက်ပျိုး မွေးမြူရေးနှင့်ပတ်သက်၍ နွေစပါး၊ မိုးစပါး များကို နိုင်ငံတော်မှ သတ်မှတ်ထားသည့် ပန်းတိုင်အထွက်နှုန်းရရှိအောင် ဆောင်ရွက် ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မျိုး၊ မြေ၊ ရေ၊ နည်း ဟူ၍ရှိပြီး အားလုံး ပြည့်စုံ ကောင်းမွန်နေရန်လိုကြောင်း၊ မျိုးကောင်း မျိုးသန့်များရရှိရန်လိုအပ်သကဲ့သို့ မြေဆီ မြေဩဇာ ကောင်းမွန်အောင် ဆောင်ရွက်ရန်လည်းလိုကြောင်း၊ အလားတူ စိုက်ပျိုးရေး အတွက် အဓိကလိုအပ်သည့် ရေသွင်း၊ ရေထုတ်မှန်ကန်မှုလည်း လိုကြောင်းနှင့် စိုက်ပျိုးနည်းစနစ်များလည်း မှန်ကန်ရန်လိုအပ်ကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက် နိုင်မှသာလျင် တစ်ဧကခြင်းအထွက်နှုန်းများ တိုးတက်လာမည် ဖြစ်ကြောင်း၊ အလားတူ မွေးမြူရေးလုပ်ငန်းများတွင်လည်း မျိုးကောင်းမွန်ရန်လိုအပ် သကဲ့သို့ မွေးမြူရေးစနစ်များနှင့် တိရစ္ဆာန်အစားအစာများ၊ ကာကွယ်ဆေးများကို လုံလောက်စွာ ကျွေးမွေးဖြည့်ဆည်းနိုင်ရန်လိုကြောင်း၊ ကျောင်း၏ရည်မှန်းချက်ကို အပြည့်အဝ အကောင် အထည်ဖော်နိုင်ရန်အတွက် သန္ဓေနှင့် သင်တန်းသားစစ်သည်များ အားလုံး လုံလောက် သော အာဟာရပြည့်ဝစွာ ကျွေးမွေးနိုင်မှုသည် အဓိကကျသဖြင့် တပ်ပိုင်နှင့် တစ်ပိုင်တစ်နိုင် မွေးမြူရေးများကိုလည်း နိုင်ငံတော်၏ မူဝါဒနှင့်အညီ အောင်မြင် အောင်အကောင်အထည်ဖော်ရန်လိုကြောင်းဖြင့် မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အဖွဲ့ဝင်များသည် အားကစားရုံ အတွင်း သင်တန်းသားများ၏ တိုက်ကွမ်ဒို ၊ လက်ဝှေ့နှင် ဘော်လီဘော လေ့ကျင့်နေမှု များ၊ ဘောလုံးကွင်းအတွင်း သင်တန်းသားများ လေ့ကျင့်သင်ကြားနေမှုများကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ ခင်းကျင်းပြသ ထားသည့် အားကစားပစ္စည်းဆိုင်ရာ သင်ထောက်ကူပစ္စည်းများကို ကြည့်ရှုပြီး တာဝန် ရှိသူများအား လိုအပ်သည်များ မှာကြားသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး(ကုတင်-၅၀၀)သို့ ရောက်ရှိရာ ဆေးရုံအုပ် ကြီးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် ဆေးရုံ တွင် တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား လိုက်လံကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု အခြေအနေများအား လိုက်လံ မေးမြန်းအားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ပစ္စည်း များ ပေးအပ်သည်။     

        ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း) သည် ဆေးရုံတွင် တာဝန်  ထမ်းဆောင်လျက်ရှိသည့် ကျန်းမာရေးဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကို ပေးအပ် ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။