ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဗထူးတပ်နယ်ရှိ တပ်မတော်ဆေးရုံနှင့် တပ်နယ်အတွင်း စိုက်ပျိုး/မွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဗထူးတပ်နယ်ရှိ တပ်မတော်ဆေးရုံနှင့် တပ်နယ်အတွင်း စိုက်ပျိုး/မွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ မတ် - ၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ဇနီး ဒေါ်သန်းသန်းနွယ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ)မှ တပ်မတော်အရာရှိကြီး များ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး တို့လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဗထူးတပ်မြို့ရှိ တပ်မတော်ဆေးရုံသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များအား ဆေးရုံ တပ်မှူးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် ဆေးရုံ ရှင်းလင်းဆောင်၌ ဆေးရုံတပ်မှူးက ဆေးဝါးကုသမှုဆိုင်ရာများနှင့် တပ်တည်ဆောက် ရေးလုပ်ငန်းကြီး(၄)ရပ်ဆိုင်ရာများကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)က သိရှိလိုသည်များ မေးမြန်းပြီး လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များ သည် ဆေးရုံတက်ရောက် ဆေးကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစု များနှင့် ဒေသခံပြည်သူများအား လိုက်လံကြည့်ရှုပြီး တစ်ဦးချင်း၏ ရောဂါအခြေ အနေများအား မေးမြန်းအားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များ သည် ဆေးရုံရှိ DENTAL ROOM ၊ ULTRASOUND ROOM အပါအဝင် အခြားရောဂါကုသဆောင်များ၊ ဆေးရုံစားချက်ဆောင်နှင့် ရိက္ခာစတိုတို့အား လိုက်လံ ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၏ဇနီး ဒေါ်သန်းသန်းနွယ် နှင့် အဖွဲ့ဝင်များသည် အမျိူးသမီးနှင့်ကလေးကုသဆောင်သို့ သွားရောက်၍ ဆေးရုံ တက်ရောက်ကုသလျက်ရှိသည့် လူနာများအား လိုက်လံကြည့်ရှု အားပေးစကား ပြောကြားပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့‌သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် ဇနီးတို့သည် ဆေးရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ကျန်းမာရေးဝန်ထမ်း များအတွက် ချီးမြှင့်ငွေနှင့် ဆေးရုံအတွက် အလှူငွေများကို ပေးအပ်ရာ ဆေးရုံ တပ်မှူးက လက်ခံရယူကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များ သည် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး) ပေါင်းစည်းလယ်ယာစနစ် စိုက်ပျိုး/မွေးမြူရေးခြံသို့ သွားရောက်ပြီး ဥစားကြက်၊ အသားတိုးကြက်၊ DYLဝက်နှင့် နို့စားနွားမွေးမြူထားရှိမှု၊ ရာသီသီးနှံများ စိုက်ပျိုးမွေးမြူထားရှိမှုများအား ကြည့်ရှု စစ်ဆေးသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အဖွဲ့ဝင်များသည် တပ်မတော်(ကြည်း)တိုက်ခိုက်ရေးကျောင်း(ဗထူး)ပေါင်းစည်းလယ်ယာ(ဗထူးစမ်း) သို့ သွားရောက်၍ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၏ အကူအညီဖြင့် လယ်မြေသစ်များ ဖော်ထုတ်နေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးရာ တပ်မတော် (ကြည်း)တိုက်ခိုက်ရေးကျောင်း(ဗထူး) ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)က သိရှိလိုသည်များမေးမြန်းပြီး လိုအပ်သည်များ မှာကြားသည်။ ထို့နောက် ဖော်ထုတ်ထားရှိသည့် လယ်မြေသစ်များ၌ အာလူးနှင့် ပဲပုပ်စမ်းသပ် စိုက်ပျိုးထားရှိသည့် စိုက်ခင်းများအတွင်းသို့ လိုက်လံကွင်းဆင်း ကြည့်ရှုသည်။
အဆိုပါ ပေါင်းစည်းလယ်ယာ (ဗထူးစမ်း)အတွင်း ဗထူးစမ်းဆည်တည်ဆောက် ခြင်း လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ယခုအချိန်တွင် မျောရိုက်သဲအိတ်ဖြင့် ယာယီတမံပိတ်၍ ရေကို ပင့်တင်ကာ စိုက်ပျိုးခြင်း ဆောင်ရွက်လျက်ရှိပြီး ဗထူးစမ်းဆည် တည်ဆောက်ပြီးစီးပါက တပ်နယ်အတွင်းနှင့် အနီးပတ်ဝန်းကျင်ရှိ ဇလဲရွာနှင့် လွယ်ဆင်ရွာ တို့ရှိဒေသခံပြည်သူများ၏ လယ်မြေဧက စုစုပေါင်း ၂၀၀ ကျော်အား အကျိုးပြုနိုင်မည်ဖြစ်ပြီး သုံးရာသီမပြတ် ရေ ရရှိနိုင်မည် ဖြစ်၍ တပ်နယ်အတွင်းနှင့် ပတ်ဝန်းကျင်ကျေးရွာများ၏ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို များစွာအထောက်အပံ့ပေးနိုင်မည်ဖြစ်သည့်အပြင် ဗထူးစမ်းရေထွက် နှင့် ချောင်းအတွင်း နုန်းပိတ်ဆို့ ပို့ချမှုကိုလည်း ကာကွယ်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး)အတွင်း ပိန်းချောင်းဆည်ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူ တစ်ဦးက လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က သိရှိလိုသည်များ မေးမြန်း ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
အဆိုပါ ပိန်းချောင်းဆည်သည် တစ်ဖက်ပိတ်ဆည်အမျိုးအစားဖြစ်ပြီး ရေဝပ် ဧရိယာအတွင်း သဲနုန်းများပို့ချပြီး ရေဝပ်ဧရိယာ ကောလာကာ ရေလှောင်နိုင်မှု မရှိသဖြင့် တာပေါင်အား မြှင့်တင်ခြင်း၊ ဆည်ရေဝပ်သဲနုန်းတူးဖော်ခြင်း၊ နုန်းစစ်ကန် တူးဖော်ခြင်း၊ နုန်းစစ်ကျောက်ရိုးတည်ဆောက်ခြင်း၊ တာပေါင်အား ကျောက်ကြီး အခြောက်စီခြင်း စသည့်ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ ပိန်းချောင်းဆည် ပြန်လည်ပြုပြင်ပြီးစီးပါက လယ်မြေဧက ၅၀ ကျော်ကို အကျိုးပြု နိုင်မည်ဖြစ်ကြောင်းနှင့် ရာသီသီးနှံစိုက်ပျိုးရေးလုပ်ငန်းများတွင် များစွာအထောက် အကူပြုမည် ဖြစ်ကြောင်း သတင်းရရှိသည်။