ဒေသခံတောင်သူများ၏ သီးနှံများကို ဒေသပေါက်ဈေးဖြင့် ဝယ်ယူအားပေး

ဒေသခံတောင်သူများ၏ သီးနှံများကို ဒေသပေါက်ဈေးဖြင့် ဝယ်ယူအားပေး

နေပြည်တော်၊ ဩဂုတ် - ၃၀

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုများ ဖြစ်ပေါ်ခဲ့ပြီး ဈေးကွက်အတွင်းရောင်းချရန်အခက် အခဲဖြစ်ပေါ်လျက်ရှိသည့် တောင်သူများ၏ စိုက်ခင်းများမှ သီးနှံများအား နယ်မြေခံတပ်မတော်သားများက ဝယ်ယူပေးလျက်ရှိသည်။
ထိုသို့ ဝယ်ယူပေးလျက်ရှိရာ ယနေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ အုန်းကုန်းကျေးရွာရှိ ဒေသခံတောင်သူများထံမှ ကြက်သွန်နီ ၁၀၀၀ ပိဿာကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော် သားများက ဒေသပေါက်ဈေးဖြင့် သွားရောက်ဝယ်ယူအားပေးခဲ့ကြောင်း သတင်း ရရှိသည်။