ဒေသခံပြည်သူများနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် ဆန်၊ ဆီ၊ စားသောက် ကုန်ပစ္စည်းများကိုပေးအပ်လှူဒါန်း

ဒေသခံပြည်သူများနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် ဆန်၊ ဆီ၊ စားသောက် ကုန်ပစ္စည်းများကိုပေးအပ်လှူဒါန်း
နေပြည်တော်၊ ဩဂုတ်- ၃၀
ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ သွားလာမှုကန့်သတ်ချက်များကြောင့် စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း Volunteerများနှင့် ဒေသခံပြည်သူများ စားရေးအဆင်ပြေစေရေးအတွက် တပ်မတော်နှင့် စေတနာရှင်အလှူရှင်များက စားသောက်ဖွယ်ရာများနှင့် ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများကို ထောက်ပံ့ လှူဒါန်းလျက်ရှိသည်။
ထိုသို့ပေးအပ်လျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ရှောပြာကျေးရွာရှိ ဒေသခံပြည်သူများနှင့် အိမ်မဲမြို့၊ မြို့နယ်ပြည်သူ့ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းများအတွက် ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများကို နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့် စေတနာရှင် အလှူရှင်များက အသီးသီးသွားရောက်ထောက်ပံ့ လှူဒါန်း ကြရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။