ဒေသခံပြည်သူများနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် ဆန်၊ ဆီ၊ စားသောက် ကုန်ပစ္စည်းများကိုပေးအပ်လှူဒါန်း

ဒေသခံပြည်သူများနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် ဆန်၊ ဆီ၊ စားသောက် ကုန်ပစ္စည်းများကိုပေးအပ်လှူဒါန်း

နေပြည်တော်၊ ဩဂုတ်- ၃၁

ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ သွားလာမှုကန့်သတ်ချက်များကြောင့် စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း Volunteerများနှင့် ဒေသခံပြည်သူများ စားရေးအဆင်ပြေစေရေးအတွက် တပ်မတော်နှင့် စေတနာရှင်အလှူရှင်များက စားသောက်ဖွယ်ရာများနှင့် ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများကို ထောက်ပံ့ လှူဒါန်းလျက်ရှိသည်။
ထိုသို့ပေးအပ်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ် အတွင်းရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ဆန်၊ စားသောက်ဖွယ်ရာများနှင့် Mask များကိုလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်နှင့် ဇလွန်မြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၂၁၆၉)ဦးအတွက် တစ်ဦးလျှင် ၃ သောင်းကျပ်နှုန်းဖြင့်  ထောက်ပံ့ငွေများကို လည်း ကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်အတွင်းရှိ အိမ်ထောင်စု ၁၂၄၇ စု၊ လူဦးရေ ၄၈၈၈ ဦးတို့အတွက် ဆန် ၃၁၁ အိတ်ကို အောင်မြေသာစံမြို့နယ်၊ ထားဝယ်ဓမ္မာရုံနှင့် ကိုးခန်းကြီးဓမ္မာရုံတို့၌ လည်းကောင်း တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် စေတနာရှင်အလှူရှင်များက အသီးသီးသွားရောက်ထောက်ပံ့လှူဒါန်းကြရာ တာဝန်ရှိ သူများက လက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။