ဒေသခံပြည်သူများအတွက် ဆန်၊ စားသောက်ဖွယ်ရာများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ ထောက်ပံ့ပေးအပ်

 

ဒေသခံပြည်သူများအတွက် ဆန်၊ စားသောက်ဖွယ်ရာများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ ထောက်ပံ့ပေးအပ်

နေပြည်တော်  သြဂုတ် ၂၃

ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်  ဆောင်ရွက်လျက်ရှိရာ သွားလာမှု ကန့်သတ်ချက်များကြောင့် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊  ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း Volunteer များနှင့် ဒေသခံပြည်သူများ စားရေးအဆင်ပြေစေရေးအတွက် တပ်မတော်နှင့် စေတနာရှင် အလှူရှင်များက စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ငွေများနှင့် ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများကို ထောက်ပံ့လှူဒါန်းလျက်ရှိသည်။

ထိုသို့ပေးအပ်လျက်ရှိရာ ယနေ့တွင် မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်၊ ဦးလေးကျေးရွာနှင့် ငပြေမကျေးရွာတို့ရှိ ဒေသခံပြည်သူများအတွက် စားသောက် ဖွယ်ရာများ၊ အိမ်သုံးဆေးဝါးများနှင့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများကို လည်းကောင်း၊ မန္တလေး တိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ စိန်ကုန်း ကျေးရွာရှိ ပြည်သူ အိမ်ထောင်စု ၈၄ စု တို့အတွက်    ဆန်နှင့် Maskများကို လည်းကောင်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ နယ်မြေခံ တပ်မတော်သားများက သွားရောက်လှူဒါန်းကြရာ တာဝန်ရှိသူများ က လက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။