ဒေသခံပြည်သူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဆေးရုံတက်လူနာများနှင့် ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်နီများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်

ဒေသခံပြည်သူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဆေးရုံတက်လူနာများနှင့် ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်နီများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်

နေပြည်တော်၊ စက်တင်ဘာ - ၁၄

ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ သွားလာမှုကန့်သတ်ချက်များကြောင့် စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စားရေး အဆင်ပြေစေရေးအတွက် တပ်မတော်နှင့် စေတနာရှင်အလှူရှင်များက စားသောက် ဖွယ်ရာများနှင့် ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများကို ထောက်ပံ့ လှူဒါန်းလျက်ရှိသည်။
ထိုသို့ပေးအပ်လျက်ရှိရာ စက်တင်ဘာ ၁၃ ရက်နှင့် ယနေ့တို့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားအရှေ့ခြမ်းတောင်ပေါ်ဒေသရှိ ပြဒါးချောင်း၊ မြသီတာ၊ ဘို့မအထက်၊ အောင်ဘိသိတ်၊ ဝေသာလီ၊ ဆိတ်ဖူးတောင်၊ ကိုးရွာကျေးရွာနှင့် ဂမုန်းတောင်ကျေးရွာတို့ရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအတွက် ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများကို လည်းကောင်း၊ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်းရှိ ဘာသာရေးကျောင်းများနှင့် ဒေသခံတိုင်းရင်းသားပြည်သူ အိမ်ထောင်စု ၂၃၁ စုတို့အတွက် ဆန်၊ ဆီ၊ ပဲ၊ ဆား၊ ကြက်သွန်နီတို့ကို လည်းကောင်း၊ ဧရာဝတီတိုင်း ဒေသကြီး၊ လေးမျက်နှာမြို့ ပြည်သူ့ဆေးရုံနှင့် အိုင်သပြုတိုက်နယ်ဆေးရုံများရှိ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် ဆေးရုံများတွင် တာဝန်ထမ်းဆောင် နေသည့် ကျန်းမာရေးဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများကိုလည်းကောင်း သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးတို့မှ ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာန ချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများ လက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။