ဒေသတွင်းနိုင်ငံများ၏လုံခြုံရေးကိုပါ ခြိမ်းခြောက်လာနိုင်သောကြောင့် အရေးတယူ ကိုင်တွယ်ဖြေရှင်းရန် လိုအပ်နေသည့် အာဖဂန်အရေး

ဒေသတွင်းနိုင်ငံများ၏လုံခြုံရေးကိုပါ ခြိမ်းခြောက်လာနိုင်သောကြောင့် အရေးတယူ ကိုင်တွယ်ဖြေရှင်းရန် လိုအပ်နေသည့် အာဖဂန်အရေး

အာဖဂန်နစ္စတန်၌ တာလီဘန်စစ်သွေးကြွများက အစိုးရတပ်များကို ထိုးစစ်ဆင် တိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်လာခြင်းသည် ဒေသတွင်းနိုင်ငံများ၏လုံခြုံရေး အပေါ်   ဆိုးကျိုးသက်ရောက်စေသည့် အခြေအနေသို့  ရောက်ရှိလာပြီဖြစ်သည်။

စစ်သွေး<ကအဖွဲ့သည် ယခုအခါ နိုင်ငံအတွင်းရှိ အဓိကကျသည့် နယ်စပ်ဒေသများကို  အစိုးရတပ်များထံမှ သိမ်းပိုက်နိုင်ခဲ့သည့်အပြင် တစ်နိုင်ငံလုံးရှိ နယ်မြေစုစုပေါင်း၏ ၈၅ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်ထားပြီးဖြစ်သည်။

သို့ရာတွင် အဆိုပါအချက်ကို အာဖဂန်အစိုးရက ငြင်းဆိုထားသည်။ အာဖဂန်၌ တာလီဘန်များ စစ်ရေးအရ အသာစီးရရှိလာသောကြောင့် အာဖဂန်နစ္စတန်နှင့် ထိစပ် နေသည့် နိုင်ငံတချို့သည် ယခုအခါ ၎င်းတို့၏နယ်စပ်၌ လုံခြုံရေးတိုးမြှင့် ချထားလျက် ရှိသည်။ အဓိကရည်ရွယ်ချက်မှာ  အာဖဂန်မှစစ်သွေးကြွများ  နိုင်ငံ၏နယ်နိမိတ် အတွင်းသို့ ဝင်ရောက်လာခြင်းမှ ကာကွယ်ရန်ဖြစ်သည်။

အာဖဂန်နှင့်ထိစပ်နေသည့်   နိုင်ငံများအနက် တစ်နိုင်ငံဖြစ်သည့်  တာမင်နစ္စတန်သည်   ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းမှာပင် တင့်များ၊ အမြောက်များ၊ အကြီးစားစစ်သုံး ကုန်တင်ယာဉ်များ၊ သံချပ်ကာလူတင်ယာဉ်များကို ဖြန့်ကြက်ထားပြီး ဖြစ်သည်။

တာမင်နစ္စတန်အစိုးရသည် အာဖဂန်နှင့် ထိစပ်နေသည့်နယ်စပ်ဒေသကို ပိတ်ထားသည့် အပြင် နိုင်ငံတောင်ပိုင်းရှိ နယ်စပ်တစ်လျှောက်၌ ပေါက်ကွဲသံများထွက်ပေါ်လာပြီးနောက် လုံခြုံရေးကို ပိုမို တိုးမြှင့်ဖြန့်ကြက်လိုက်ခြင်းဖြစ်သည်။

ထို့ပြင် အာဖဂန်နစ္စတန်နှင့်ထိစပ်နေသည့် မေရီနယ်စပ်ဒေသ၏ လုံခြုံရေး အခြေအနေ သည်  အလွန်စိုးရိမ်ရသည့် အခြေအနေသို့    ရောက်ရှိလာပြီဖြစ်သောကြောင့် အစိုးရက အဆိုပါဒေသရှိ  မိသားစုများကို ဘေးကင်းရာသို့ ပြန်လည် ရွှေ့ပြောင်းပေးခဲ့ရသည်။

အလားတူ အာဖဂန်နစ္စတန်နှင့် နယ်စပ်ချင်းထိစပ်နေသည့် အီရန်နိုင်ငံသည်  နယ်စပ်ဒေသ၌ ဖြစ်ပွားနေသည့် အခြေအနေများကို အနီးကပ်စောင့်ကြည့်နေပြီး  တရားမဝင် လှုပ်ရှားမှုများကို တားမြစ်သွားမည်ဖြစ်ကြောင်း အီရန်စစ်ဘက်က     ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ထုတ်ပြန်ထားသည်။

အာဖဂန်နစ္စတန်၌ တာလီဘန်များ၏ ထိုးစစ်ဆင်မှုများကြောင့် အီရန်အစိုးရ က   နယ်စပ်ကုန်သွယ်ရေးစခန်းများကိုပိတ်ပစ်ခဲ့ရသည်။ ထို့ပြင်   တာဂျစ်ကစ္စတန်နိုင်ငံသည် လည်း  အာဖဂန်နစ္စတန်၌   ဖြစ်ပွားနေသည့် လုံခြုံရေးအခြေအနေယိုယွင်းလာမှု များကြောင့် ပြီးခဲ့သည့်လအတွင်းကပင် ၎င်းတို့၏နယ်ခြားစောင့်တပ်ဖွဲ့အား လုံခြုံရေး အသင့်ရှိမှုကို တိုးမြှင့်ထားခဲ့သည်။

တာလီဘန်များ၏   ထိုးစစ်ဆင်မှုများကြောင့် အာဖဂန်အစိုးရတပ်မှ စစ်သည် ၁၅၀၀  ခန့်မှာ တာဂျစ်ကစ္စတန်နိုင်ငံအတွင်းသို့   ထွက်ပြေးခိုလှုံခဲ့ကြသဖြင့်  တာဂျစ်ကစ္စတန် အစိုးရက နိုင်ငံအတွင်းသို့  အာဖဂန်အများအပြား ထပ်မံဝင်ရောက် လာမည်ကို စိုးရိမ်မကင်း ဖြစ်လျက်ရှိသည်။

တာလီဘန်စစ်သွေးကြွအဖွဲ့အနေဖြင့် နိုင်ငံ၏နယ်စပ်ဒေသကိုကျော်၍ နယ်မြေချဲ့ထွင် မှုများ   လုပ်ဆောင်မည်မဟုတ်ဟု အဆိုပါစစ်သွေးကြွအဖွဲ့က အိမ်နီးချင်းနိုင်ငံများအား   ပြောဆိုထားသော်လည်း ယိုယွင်းလာသည့် အာဖဂန်နစ္စတန်အခြေအနေနှင့်  တာလီဘန် တို့၏  ထိုးစစ်ဆင်တိုက်ခိုက်မှုများသည် ယခုအခါ ဒေသတွင်းလုံခြုံရေးအပေါ် တစ်နည်း နည်းဖြင့် ခြိမ်းခြောက်လာပြီဟုဆိုနိုင်သည်။

ထို့ကြောင့် အာဖဂန်အရေးကို ရုရှား၊ တရုတ်နှင့် ဒေသတွင်းနိုင်ငံများက အရေး တယူကိုင်တွယ်ဖြေရှင်းရန် လိုအပ်နေပြီ ဖြစ်သည်။ သို့မဟုတ်ပါက တာလီဘန်များ နှင့် ဆက်နွှယ်နေသည့်    အယ်လ်ကိုင်ဒါ စစ်သွေးကြွအဖွဲ့က   အာဖဂန်နစ္စတန်၌  ပြန်လည် ခြေကုပ်ယူလာနိုင်သည့်အပြင် IS  ကဲ့သို့သော စစ်သွေးကြွအဖွဲ့များကလည်း လုံခြုံရေး ယိုယွင်းနေသည့် အခြေအနေကို အခွင့်ကောင်းယူ၍  အာဖဂန်နစ္စတန်အတွင်းသို့ ဝင်ရောက် လာနိုင်သောကြောင့် ယင်းစစ်သွေးကြွအဖွဲ့များက ဒေသတွင်းရှိ တခြားနိုင်ငံ များ၏ လုံခြုံရေးကို ခြိမ်းခြောက်လာနိုင်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။               

Ref: Sputnik