ဒေးဒရဲမြို့မြို့နယ်၊ လေးမျက်နှာမြို့တို့ရှိပြည်သူ့ဆေးရုံများနှင့် တိုက်နယ်ဆေးရုံများသို့ အောက်ဆီဂျင်အိုးများ၊ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ နှင့် အလှူငွေများလှူဒါန်း၊ လပွတ္တာမြို့၊မြို့နယ်ပြည်သူ့ဆေးရုံ၌ အောက်ဆီဂျင်စက် တပ်ဆင်နေမှု အခြေအနေ

ဒေးဒရဲမြို့မြို့နယ်၊ လေးမျက်နှာမြို့တို့ရှိပြည်သူ့ဆေးရုံများနှင့် တိုက်နယ်ဆေးရုံများသို့ အောက်ဆီဂျင်အိုးများ၊ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ နှင့် အလှူငွေများလှူဒါန်း၊ လပွတ္တာမြို့၊မြို့နယ်ပြည်သူ့ဆေးရုံ၌ အောက်ဆီဂျင်စက် တပ်ဆင်နေမှု အခြေအနေများအားကြည့်ရှု

နေပြည်တော်၊ စက်တင်ဘာ - ၁၁

ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော် နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများ၊ ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို လှူဒါန်းပေးလျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့မြို့နယ်ပြည်သူ့ဆေးရုံသို့ Oxygen Concentrator ၂ လုံး၊ PPE ဝတ်စုံ ၁၀၀ စုံ၊ Mask ၆၀၀၀ ခု၊ အလှူငွေ ၅ သိန်းကျပ် အားလည်းကောင်း၊ လေးမျက်နှာမြို့ရှိပြည်သူ့ဆေးရုံနှင့် အိုင်သပြုတိုက်နယ်ဆေးရုံ များရှိ ကျန်းမာရေးဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများအားလည်းကောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများက အသီးသီး သွားရောက်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။
ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောက်ဆီဂျင် လိုအပ်ချက်များ မရှိစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင် လည်ပတ်လျက်ရှိပြီး တပ်မတော်အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီး တွင် Oxygen Plant များကို တပ်ဆင်ထုတ်လုပ်ပေးလျက်ရှိရာ စက်တင်ဘာ ၁၀ ရက် ညနေ့ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့၊ မြို့နယ်ပြည်သူ့ဆေးရုံ(ခုတင်-၂၀၀)၌ ကျန်းမာရေးဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ပေးပို့သော အောက်ဆီဂျင် ထုတ်လုပ်သည့်စက်ရောက်ရှိ တပ်ဆင်နေမှုအခြေအနေများအား ခရိုင်စီမံအုပ်ချုပ်ရေး ကောင်စီဉက္ကဋ္ဌ ဦးဇော်မျိုးညွန့်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ် သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။