နယူးဆောက်ဝေးပြည်နယ်၌ ရေလွှမ်းမိုးမှုဖြစ်ပွား

ဆစ်ဒနီ၊ သဘာဝဘေး

သြစတြေးလျနိုင်ငံ  နယူးဆောက်ဝေးပြည်နယ်၌ ရေလွှမ်းမိုးမှုဖြစ်ပွားကြောင်းနှင့် ဆစ်ဒနီမြို့ရှိ ပစ်တန်မြို့မှ ပြည်သူများအနေဖြင့် ဘေးလွတ်ရာသို့ရွှေ့ပြောင်းနေထိုင်ရေးအတွက် ပြင်ဆင်ထားရန် ပြည်နယ်အရေးပေါ် ဌာနက  မတ်  ၂၀ ရက်တွင်ထုတ်ပြန်သည်။

အဆိုပါပြည်နယ်အတွင်း ရာသီဥတုအခြေအနေမှာ မတည်ငြိမ်ဘဲ အန္တရာယ်များပြီး ပြောင်းလဲဖြစ်ပေါ်နေ ကြောင်း သြစတြေးလျမိုးလေဝသဌာနက  ထုတ်ပြန်ထားသည်။

ယင်းပြည်နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး လမ်းများကိုရေလွှမ်းမိုးနေသောကြောင့် ခရီးသွားလာရာတွင် အန္တရာယ်များ ဖြစ်ပေါ်နိုင်သည့်အတွက် မိုးလေဝသဌာနက ယခုကဲ့သို့ ပြင်းထန်သည့်သတိပေးချက်ထုတ်ပြန် ထားခြင်းဖြစ်သည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဆစ်ဒနီမြို့၏ ပင်မရေအရင်းအမြစ်ဖြစ်သော ဝါရာဂမ်ဘာရေလှောင်တမံ၏  ရေပိုလွှဲမှရေများ ဖောက်ချနေရသည့်အတွက် မြို့အတွင်းရှိမြစ်ချောင်းများတွင် ရေမျက်နှာပြင်များ မြင့်တက် လာကြောင်းသိရသည်။

ထို့ပြင် မက်ခလေးမြစ်ကမ်းပါးများပြိုကျနိုင်သည့်အတွက်  ပြည်နယ်အလယ် မြောက်ပိုင်းကမ်းရိုးတန်းတွင်  နေထိုင်သူများကို တာဝန်ရှိသူများက ဘေးကင်းရာသို့ရွှေ့ပြောင်းရန်တိုက်တွန်းထားကြောင်း သိရသည်။

Ref: Sputnik