နယူးယောက်၊ သံတမန်ရေးအမေရိကန်က ခိုးယူခံရသောဖိလစ်ပိုင်ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကိုပြန်ပေး

နယူးယောက်၊ သံတမန်ရေးအမေရိကန်က ခိုးယူခံရသောဖိလစ်ပိုင်ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကိုပြန်ပေး

အမေရိကန်အစိုးရက ကာလပေါက်ဈေးဒေါ်လာသန်း ၇၀ တန်ဖိုးရှိ ခိုးယူခံရသော ဖိလစ်ပိုင်ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကို သြဂုတ် ၈ ရက်တွင် ပြန်ပေးလိုက်ကြောင်းသိရသည်။
အဆိုပါယဉ်ကျေးမှုအမွေအနှစ်များတွင် ရှေးဟောင်းခမာမြို့မှအနုပညာပစ္စည်းများသာမက ကမ္ဘာ့ဈေးကွက်အတွင်း ဆယ်စုနှစ်ပေါင်းများစွာကြာ တရားမဝင်မှောင်ခိုကူးခြင်းခံရသည့် အနုပညာပစ္စည်းများလည်းပါဝင်သည်။

ထိုယဉ်ကျေးမှုအမွေအနှစ်များကို မန်ဟက်တန်အစိုးရရှေ့နေ  ဒါမီယံဝီလီယံက အမေရိကန်နိုင်ငံဆိုင်ရာ ကမ္ဘောဒီးယား သံအမတ်ထံသို့   သတင်းထောက်များရှေ့မှောက်တွင် တရားဝင်ပေးအပ်ခြင်းဖြစ်သည်။ ယင်းရှေးဟောင်းပစ္စည်းများအနက် ၁၀ ရာစုခန့်ကလက်ရာဖြစ်သည့် ဒေါင်းတစ်ကောင်ပေါ်ထိုင်နေသော ဟိန္ဒူနတ်ကာတီးကီးယားနှင့်   ဟိန္ဒူနတ်ဘုရား ဂနေးရှားရုပ်တုတို့ပါဝင်ကာ ရှေးဟောင်းခမာမြို့တော်ဖြစ်သည့် ခိုကားမြို့မှခိုးယူခံလိုက်ရခြင်းဖြစ်သည်။

ထို့ပြင် ကြေးခေတ်မှသည် ၁၂ ရာစုကာလအထိ လက်ရာများဖြစ်သော အဆိုပါရှေးဟောင်းပစ္စည်းများသည် ကမ္ဘောဒီးယားစစ်ပွဲဖြစ်ပွားသည့်အချိန်တွင် အခြားသောရှေးဟောင်းပစ္စည်းများနှင့်အတူ ခိုးယူခံခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။