နယူးယောက်၌ ထရမ့်နှင့်မိုက်ပန့်တို့ကိုအလိုမရှိဟု ဆန့်ကျင်သူများကချီတက်ဆန္ဒပြ

နယူးယောက်၌ ထရမ့်နှင့်မိုက်ပန့်တို့ကိုအလိုမရှိဟု ဆန့်ကျင်သူများကချီတက်ဆန္ဒပြ

နယူးယောက်၊ နိုင်ငံရေး

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကိုဆန့်ကျင်သူများက ဇန်နဝါရီ ၇ ရက်ညနေပိုင်းတွင် ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြကာ ထရမ့်နှင့်မိုက်ပန့်တို့ကို  အလိုမရှိ ကြောင်း ကြွေးကြော်သည်ဟုသိရသည်။  ထို့ပြင် ဆန္ဒပြသူများသည် အမေရိကန်၌ ဖက်ဆစ်ဝါဒကိုအလိုမရှိဟု သံပြိုင်အော်ဟစ်ကာ ဆန္ဒပြသည်။ ထရမ့်ကို ထောက်ခံသူများက ဇန်နဝါရီ ၆ ရက်တွင်  လွှတ်တော်ကို  ဝင်ရောက်စီးနင်းသည့် သတင်းများကို တွေ့ရှိပြီးနောက် ထိုလုပ်ရပ်ကို ဆန့်ကျင်သည့်အနေဖြင့် ယခုကဲ့သို့ဆန္ဒပြခြင်းဖြစ်ကြောင်း အဆိုပါ ဆန္ဒပြသူများက ပြောသည်။

ထရမ့်ကိုထောက်ခံသူများ၏လုပ်ရပ်မှာ အလွန်စိတ်ပျက်ဖွယ်ကောင်းကြောင်း ဘရွတ်ကလင်းမြို့မှ ကျောင်းဆရာမ တစ်ဦးဖြစ်သည့် နီနာအက်ဆပါစကိုင်းကပြောသည်။

ထရမ့်ကိုဆန့်ကျင်ဆန္ဒပြသူအားလုံးသည် နှာခေါင်းစည်းများကို စနစ်တကျဝတ်ဆင်ထားပြီး ရဲတပ်ဖွဲ့ဝင်များက ကိုဆန္ဒပြပွဲကို စောင့်ကြည့်ကာ ဖမ်းဆီးထိန်းသိမ်းမှု တစ်စုံတစ်ရာမရှိဟု သိရသည်။

မန်ဟက်တန်မြို့ရှိ တိုင်းရင်ပြင်တွင်လည်း ဖက်ဆစ်ဝါဒီကိုဆန့်ကျင်သည့်ဆန္ဒပြသူများက ထရမ့်နှင့် မိုက်ပန့်တို့ ရာထူးမှ အခုချက်ခြင်းနုတ်ထွက်ဟူသော စာတန်းများကိုကိုင်ဆောင်၍ ဆန္ဒပြတောင်းဆို ကြောင်း သိရသည်။

Ref: TST