နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးဗဟိုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၁/၂၀၂၃)ကျင်းပ

နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးဗဟိုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၁/၂၀၂၃)ကျင်းပနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ မေ - ၅

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင် အထည်ဖော်ရေးဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၃)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖော်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြာသည်။

            အစည်းအဝေးသို့နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက် မှု အကောင်အထည်ဖော်ရေးဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဝင်နှင့်ဒုတိယဝန်ကြီးချုပ်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊မန်းငြိမ်းမောင်၊ ဒေါက်တာ မှုထန်၊ ဒေါက်တာအောင်ကျော်မင်း၊ ဒေါက်တာကျော်ထွန်း၊ ခွန်စံလွင်၊ ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးမင်းနောင်၊ ဦးလှမိုး၊ ဦးသောင်းဟန်၊ ဒေါက်တာ ညွန့်ဖေ၊ ဒေါက်တာမျိုးသိန်းကျော်၊ ဒေါက်တာသက်ခိုင်ဝင်း၊ Jeng Pheng နော်တောင်၊ ညှိနှိုင်းကွပ်ကဲရေးမှူး( ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များ၊ ဒုတိယဝန်ကြီးများနှင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက် ကြသည်။

            ဦးစွာနယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင် အထည်ဖော်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့်အမှာစကားပြောကြား ရာတွင် ယနေ့ကျင်းပပြုလုပ်သည့် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုး တိုးတက်မှုအကောင်အထည်ဖော်ရေး ဗဟိုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး သည် မိမိတို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူသည့်ကာလတွင် ပထမ အကြိမ် ကျင်းပပြုလုပ်သည့် အစည်းအဝေးပင်ဖြစ်ပါကြောင်း။

            မိမိတို့နိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်း ၁၃၀ ကျော်နှင့် သမိုင်းစဉ်တစ် လျှောက် စည်းလုံးညီညွတ်စွာ နေထိုင်နိုင်ခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါကြောင်း၊ ကိုလိုနီနယ်ချဲ့၏ ကျွန်ဘဝကို နှစ်ပေါင်း ၁၀၀ ကျော် ကျရောက်ခဲ့ရပြီး နောက်ပိုင်း သွေးခွဲအုပ်ချုပ်မှုကြောင့် အချင်းချင်းစည်းလုံးညီညွတ်မှု ပျက်ပြားခဲ့ရခြင်းဖြစ် ပါကြောင်း၊လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင်လည်း လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက် လာသည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် နယ်စပ်ဒေသနေ တိုင်းရင်းသားပြည်သူ များ၏ ဖွံ့ဖြိုးတိုးတက်မှုသည် များစွာနောက်ကျခဲ့ကြရပါကြောင်း။

            နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က ၁၉၈၉ ခုနှစ်၊ မေ ၂၅ ရက်တွင် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင် အထည်ဖော်ရေး ဗဟိုကော်မတီကို အဖွဲ့ဝင် ၅ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပါကြောင်း၊ နယ်စပ်ဒေသများဖွံ့ဖြိုးတိုးတက်စေရေးအတွက် ၁၉၈၉ ခုနှစ်မှ စတင်ပြီး ဗဟို ကော်မတီ၊ လုပ်ငန်းကော်မတီများ၊ ဆပ်ကော်မတီများ ဖွဲ့စည်းကာ အထူးဖွံ့ဖြိုးရေး ဒေသများသတ်မှတ်ပြီး နယ်စပ်ဒေသဖွံ့ဖြိုးရေးကို ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပါကြောင်း၊ ၁၉၉၂ ခုနှစ်တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနကိုဖွဲ့စည်းခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာနအဖြစ် အဆင့် ဆင့်ပြောင်းလဲဖွဲ့စည်းပြီး နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက် ရေးဥပဒေကို ၁၉၉၃ ခုနှစ်တွင် ပြဋ္ဌာန်းပေးခဲ့ပါကြောင်း။

            နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူချိန်တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ ကို အဖွဲ့ဝင် ၂၂ ဦး၊ လုပ်ငန်းကော်မတီကို အဖွဲ့ဝင် ၃၇ ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်ပေးခဲ့ ပါကြောင်း။

            နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင် အထည်ဖော်ရေး ဗဟိုကော်မတီ အနေဖြင့် လုပ်ငန်းတာဝန် ၆ ရပ်အား အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊     နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာတွင်တည်ငြိမ်အေးချမ်းရေး (Peace and Stability) သည် အရေး အကြီးဆုံးဖြစ်ပါကြောင်း၊ တည်ငြိမ်အေးချမ်းရေးဆိုသည်မှာလည်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အခြေခံပြီး ဆောင်ရွက်ရန်လိုအပ်ပါကြောင်း။

            နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူချိန်မှစပြီး တိုင်းပြည်သာယာ ဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး၊ ပြည်သူလူထုတစ်ရပ်လုံး လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရေး၊ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေး၊ ပြည်ထောင်စုတစ်ဝန်း လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေးတို့ကို အလေးထားပြီး အကောင် အထည် ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နယ်စပ်ဒေသများ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ စိုက်ပျိုး/မွေးမြူရေး နှင့် စီးပွားရေးကဏ္ဍများ တိုးတက်လာစေရန်အတွက် လူမှုစီးပွားဘဝ အခြေခံ အဆောက်အအုံများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ အပြင် မူးယစ်ဆေးဝါးပပျောက်ရေးအတွက်လည်း စီမံကိန်းများရေးဆွဲ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။

            နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့သည် အပြန်အလှန် ဆက်စပ်နေပါကြောင်း၊ အလားတူ တိုင်းရင်းသားအချင်းချင်း အပြန်အလှန် ယုံကြည်မှု၊ ချစ်ခင်ရင်းနှီးမှု တိုးတက်ဖြစ်ထွန်းရန်အတွက် လမ်းပန်းဆက်သွယ်ရေး ကဏ္ဍသည် အလွန်အရေးကြီးသည့်အစိတ်အပိုင်းတွင်ပါဝင်သည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း။

            ထို့ကြောင့် နယ်စပ်ဒေသအသီးသီး၏ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ စိုက်ပျိုး/မွေးမြူရေး ကဏ္ဍစသည့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သက်ဆိုင်သည့် ကဏ္ဍအသီးသီး သည် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်ရန်လိုအပ်ပါကြောင်း၊ အဆိုပါလုပ်ငန်းစဉ်များ အားလုံးကို နယ်စပ်ရေးရာဝန်ကြီးဌာနတစ်ခုတည်းက ဆောင်ရွက်ခြင်းထက် သက်ဆိုင် သည့် ဝန်ကြီးဌာနအားလုံး ပူးပေါင်းပါဝင်ညှိနှိုင်းဆောင်ရွက်သွားရန် လိုအပ်မည် လည်းဖြစ်ပါကြောင်း။

            နိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည်မှာ ပညာရည်မြင့်မားမှု ဖြစ်ပါကြောင်း၊ ၁၉၉၉ ခုနှစ်က ၂၀၁၄ ခုနှစ်အထိ ပြည်ထောင်စုတစ်ခုလုံး ကျောင်းစ တက်ခဲ့ကြသည့် လူငယ်ပေါင်း ၁၉,၄၄၁,၇၁၁ ဦးရှိရာတွင် အလယ်တန်းအဆင့် (၅)တန်းတက်ရောက်သူ ၁၁,၁၃၇,၃၁၈ ဦးဖြစ်သဖြင့် တက်ရောက်ရာခိုင်နှုန်း ၅၇.၂၉ ရာခိုင်နှုန်း၊ လျော့နည်းရာခိုင်နှုန်း ၄၂.၇၁ ရာခိုင်နှုန်းရှိပါကြောင်း၊ (၈)တန်းအထိ တက်ရောက်ပညာသင်ကြားသူ ၇,၇၈၇,၄၁၂ ဦး၊ တက်ရောက်ရာခိုင်နှုန်း ၄၀.၀၆ ရာခိုင် နှုန်းဖြင့် လျော့နည်းရာခိုင်နှုန်း ၅၉.၉၄ ရာခိုင်နှုန်းရှိပါကြောင်း၊ ၆၀ ရာခိုင်နှုန်းခန့်ဖြစ်ပါ ကြောင်း၊ ထို့အထဲတွင် ကချင်ပြည်နယ်မှ (၅)တန်းတက်ရောက်သူ ၇၆.၈၁ ရာခိုင်နှုန်း၊ (၈)တန်း တက်ရောက်သူ ၅၈.၁၁ ရာခိုင် နှုန်း၊ ကယားပြည်နယ်မှ (၅)တန်း တက်ရောက်သူ ၇၃.၆ ရာခိုင်နှုန်း၊ (၈)တန်း တက်ရောက်သူ ၄၈.၂၉ ရာခိုင်နှုန်း၊ ကရင်ပြည်နယ်မှ (၅)တန်း တက်ရောက်သူ ၅၃.၅၃ ရာခိုင်နှုန်း၊ (၈)တန်း တက်ရောက် သူ ၃၁.၁ ရာခိုင်နှုန်း၊ ချင်းပြည်နယ်မှ (၅)တန်း တက်ရောက်သူ ၅၇.၉၃ ရာခိုင်နှုန်း၊ (၈)တန်း တက်ရောက်သူ ၃၇.၄၅ ရာခိုင်နှုန်း၊ မွန်ပြည်နယ်မှ (၅)တန်း တက်ရောက်သူ ၅၉.၅ ရာခိုင်နှုန်း၊ (၈)တန်း တက်ရောက်သူ ၃၇.၈ ရာခိုင်နှုန်း၊ ရခိုင်ပြည်နယ်မှ (၅)တန်း တက်ရောက်သူ ၄၁.၅၅ ရာခိုင်နှုန်း၊ (၈)တန်း တက်ရောက်သူ ၂၉.၇၇ ရာခိုင်နှုန်း၊ ရှမ်းပြည်နယ်မှ (၅)တန်း တက်ရောက်သူ ၄၈.၂၈ ရာခိုင်နှုန်း၊ (၈)တန်း တက်ရောက်သူ ၃၀.၉ ရာခိုင်နှုန်း၊ တနင်္သာရီတိုင်းဒေသကြီးမှ (၅)တန်း တက်ရောက်သူ ၅၆.၂ ရာခိုင်နှုန်း၊ (၈)တန်း တက်ရောက်သူ ၃၁.၃၃ ရာခိုင်နှုန်းအသီးသီးရှိခဲ့ပါကြောင်း၊ အဆိုပါအချက်အလက်များအရ နယ်စပ်ဒေသပညာရေးမြှင့်တင်မှုသည် ထိုထက်ပိုမို ဆောင်ရွက်ရန်လိုပါကြောင်း၊ မိမိတို့အစိုးရ၏ ပညာရေးမျှော်မှန်းချက်သည် ကျောင်းနေ အရွယ်အားလုံး အနိမ့်ဆုံး KG+9 အောင်မြင်ရေးဖြစ်သည့်အတွက် တိုင်းရင်းသား အားလုံး ပညာရည် မြင့်မားရေး အလေးထားဆောင်ရွက်ရန် မှာကြားလိုပါကြောင်း။

            ကျန်းမာရေးကဏ္ဍကိုကြည့်မည်ဆိုပါက၂၀၂၂ ခုနှစ် ပြည်ထောင်စု၏ မျှော်မှန်း သက်တမ်းသည် ကျား ၆၃ ဒသမ ၄ နှစ်၊ မ ၇၂ ဒသမ၂ နှစ်၊ ပျှမ်းမျှ သက်တမ်း ၆၇ ဒသမ ၇ နှစ် ဖြစ်ပါကြောင်း၊ ကချင်ပြည်နယ်တွင် ကျား ၆၂ ဒသမ ၇ နှစ်၊ မ ၇၂ ဒသမ၂ နှစ်၊ ပျှမ်းမျှသက်တမ်း ၆၇ ဒသမ ၄ နှစ်၊ ကယားပြည်နယ်တွင် ကျား ၆၂ ဒသမ ၅ နှစ်၊ မ ၇၃ နှစ်၊ ပျှမ်းမျှသက်တမ်း ၆၇ ဒသမ ၆ နှစ်၊ ကရင်ပြည်နယ်တွင် ကျား ၆၁ ဒဿမ ၃ နှစ်၊ မ ၇၀ ဒသမ ၁ နှစ်၊ ပျှမ်းမျှသက်တမ်း ၆၅ ဒသမ ၆ နှစ်၊ ချင်းပြည်နယ်တွင် ကျား ၆၁ နှစ်၊ မ ၆၇ ဒသမ ၅ နှစ်၊ ပျှမ်းမျှသက်တမ်း ၆၄ ဒဿမ ၂ နှစ်၊ မွန်ပြည်နယ်တွင် ကျား ၆၁ ဒသမ ၈ နှစ်၊ မ ၇၂ နှစ်၊ ပျှမ်းမျှသက်တမ်း ၆၆ ဒသမ ၈ နှစ်၊ ရခိုင်ပြည်နယ် တွင် ကျား ၆၄ ဒသမ ၆ နှစ်၊ မ ၇၂ ဒသမ ၂ နှစ်၊ ပျှမ်းမျှသက်တမ်း ၆၈ ဒသမ ၃ နှစ်၊ ရှမ်းပြည်နယ်တွင် ကျား ၆၃ ဒသမ ၇ နှစ်၊ မ ၇၂ ဒသမ ၃ နှစ်၊ ပျှမ်းမျှသက်တမ်း ၆၇ ဒသမ ၉ နှစ်၊ တနင်္သာရီတိုင်းဒေသကြီးတွင် ကျား ၆၅ ဒသမ ၁ နှစ်၊ မ ၇၁ ဒသမ ၉ နှစ်၊ ပျှမ်းမျှ သက်တမ်း ၆၈ ဒသမ ၄ နှစ် ပျှမ်းမျှဖြစ်သဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ကို ပိုမိုလုပ်ဆောင်ရန် လိုပါကြောင်း။

            အလားတူ စိုက်ပျိုး/မွေးမြူရေးသည် မိမိတို့နိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်း ဖြစ်ပါကြောင်း၊ တိုင်းပြည်စားရေရိက္ခာပေါများရေး၊ ဒေသအလိုက်ဝမ်းစာဖူလုံရေးသည် မိမိတို့၏ မျှော်မှန်းချက် ဖြစ်ပါကြောင်း၊ အခြေခံစားကုန်များ၊ သားငါးများ ဒေသအ လိုက် ဖူလုံအောင်ကြိုးစားရမည်ဖြစ်သကဲ့သို့ စိုက်ပျိုး/မွေးမြူရေးကို အခြေခံသည့် တန်ဖိုးမြင့်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရေးသည်လည်း ဒေသဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ရရှိထားသည့်ရလဒ်များကို ကျေနပ်မနေဘဲ အရေအတွက်ရော အရည်အသွေးပါ ပိုမိုကောင်းမွန်သည့် စိုက်/မွေး ထုတ်ကုန်များရရှိအောင် ဆောင်ရွက်ပေးကြရန်လိုပါကြောင်း၊ နယ်စပ်ဒေသအများစု သည် တောင်တန်းဒေသများဖြစ်ပြီး မြေပြန့်နည်းပါးပါကြောင်း၊ ထို့ကြောင့် အများစု သည် တောင်ယာ၊ ကုန်းမြင့်လယ်နှင့် ဥယျာဉ်များသာ စိုက်ပျိုးကြသည့်အတွက် စနစ် ကျနသည့် စိုက်ပျိုးမှုပြုလုပ်နိုင်စေရေး စီမံပေးရမည်ဖြစ်ပါကြောင်း၊ သီးထပ်စွမ်းအား တက်အောင် ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ ရွှေ့ပြောင်းတောင်ယာစနစ် ပပျောက်အောင် ဆောင်ရွက်ပေးခြင်းဖြင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို များစွာ လျှော့ချနိုင်မည်ဖြစ်ပါကြောင်း၊ အလားတူ ဒေသနှင့်ကိုက်ညီသည့် ကြက်၊ ဝက်၊ နွား မွေးမြူရေးများကို ထူထောင်ပေးခြင်းဖြင့် ဝင်ငွေကောင်းအောင် ဆောင်ရွက်ပေးရ မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ခရိုင်အများစုတွင်စတင်ဖွင့်လှစ်မည့်စိုက်ပျိုးရေး၊ မွေးမြူ ရေး နည်းပညာအထက်တန်းကျောင်းများတွင် အင်တိုက်အားတိုက် ပညာသင်ကြား နိုင်ရေးကူညီပေးပြီး ပညာတတ်များ မွေးထုတ်ပေးရမည်ဖြစ်ပါကြောင်း၊ သိပ္ပံများ၊ ကောလိပ်များ၊ တက္ကသိုလ်များတွင် ပညာဆက်လက်သင်ကြားနိုင်ရေး၊ ပညာရှင်များ မွေးထုတ်နိုင်ရေး ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ ဒေသနှင့်ကိုက်ညီသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးသုတေသနများကိုလည်း ထိရောက်စွာပြုလုပ်ပြီး အဆိုပါ ကဏ္ဍများ တိုးတက်အောင်လုပ်ရမည်ဖြစ်ပါကြောင်း။

            သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးသည်လည်း ဒေသဖွံ့ဖြိုးရေးတွင် များစွာအရေးပါကြောင်း၊ ဆက်သွယ်ရေးကောင်းမွန်မှုသည် ဒေသစီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်ခြင်းကြောင့် ဆက်သွယ်မှု ကွန်ယက်များ ယခုထက် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံးလွှမ်းခြုံသည့် ဆက်သွယ်ရေးကွန်ယက် ဆောင်ရွက်ရန် လိုကြောင်း၊ လူမှုစီးပွားအထောက်အကူပြုမည့် ဒေသအလိုက် အသေးစား၊ အငယ်စား၊ အလတ်စားရေအားလျှပ်စစ် ထုတ်လုပ်ရေးလုပ်ငန်းများ ယခုထက် ပိုမိုဆောင်ရွက် နိုင်ရေး ကြိုးပမ်းလုပ်ဆောင်ကြရမည်ဖြစ်ပါကြောင်း။

            နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ်အဆက်ဆက် အစိုးများသည် မဟာဗျူဟာလုပ်ငန်းစဉ်များချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြပါ ကြောင်း၊ သို့သော် ယနေ့အချိန်အထိ မိမိတို့၏ တိုင်းရင်းသားညီအစ်ကိုများ၊ မိမိတို့၏ ပြည်သူများ မှီတင်းနေထိုင်ကြသည့် နယ်စပ်ဒေသများတွင် လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရန်အတွက် ဆက်လက်ဆောင်ရွက်သွားရမည့် လုပ်ငန်းကဏ္ဍများ များစွာရှိ သေးသည်ကိုလည်း သုံးသပ်တွေ့ရှိရမည်ဖြစ်ပါကြောင်း။

            နိုင်ငံတော်က နယ်စပ်ဒေသနေ တိုင်းရင်းသားလူငယ်များအတွက် ဝန်ကြီး ဌာန၏ ဦးဆောင်မှုဖြင့် လူ့စွမ်းအားအရင်းအမြစ် မြှင့်တင်ရေး လုပ်ငန်းများကိုလည်း အထူးအလေးထား ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက် ပေးလျက် ရှိရာတွင် အခြေခံပညာကဏ္ဍတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အထိ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း ၄၇ ကျောင်း ဖွင့်လှစ်ပြီး ကျောင်းသား၊ ကျောင်းသူ ၃၃၀၀၇ ဦး ပညာသင်ကြား ပေးနိုင်ခဲ့ကာ အဆင့်မြင့်ပညာ နှင့် အသက်မွေးဝမ်းကျောင်းပညာများ ဆက်လက်သင်ကြားနိုင်စေရန် ဆောင်ရွက် ပေးနိုင်ခဲ့ပါကြောင်း။

            အဆင့်မြင့်ပညာကဏ္ဍတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အထိ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်အနေဖြင့် ကျောင်းသား၊ ကျောင်းသူ ၁၄၀၅၈ ဦးတို့ကို မဟာ ပညာရေးဘွဲ့၊ မဟာဒဿနပညာရေးဘွဲ့၊ ပညာရေးဘွဲ့၊ ဆရာ အတတ်ပညာဒီပလိုမာ၊ အလယ်တန်းဆရာအတတ်ပညာ၊ အထူးမူလတန်းဆရာ အတတ်ပညာ၊ မူလတန်းဆရာအတတ်ပညာများ တတ်မြောက်အောင် သင်ကြား လေ့ကျင့် မွေးထုတ်ပေးနိုင်ခဲ့ပါကြောင်း။

            ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် ရန်ကုန်နဲ့ စစ်ကိုင်းတို့တွင်လည်း ကျောင်းသား၊ ကျောင်းသူ ၄၇၀၁ ဦးတို့ကို ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့၊ AGTI B.Tech ဘွဲ့များရရှိအောင် သင်ကြားလေ့ကျင့်ပေးခဲ့ပြီး ဝန်ကြီးဌာန ၁၉ ခု၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် ပြည်နယ်/တိုင်းဒေသကြီး စည်ပင်သာယာရေး အဖွဲ့များတွင်နိုင်ငံ့ဝန်ထမ်းများအဖြစ် တာဝန်ထမ်းဆောင်လျက် ရှိနေကြပြီဖြစ်ပါ ကြောင်း။

            သက်မွေးပညာကဏ္ဍအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အထိ နယ်စပ် ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာ သင်တန်းကျောင်း ကျောင်း ဖွင့်လှစ်ပြီး သင်တန်းသား ၆၀၇၇ ဦးကို ဆောက်လုပ်ရေး၊ စက်ပြင်၊ လျှပ်စစ်၊ ဂဟေ၊ မော်တော်ယာဉ် စက်ပြင်၊ လက်ကိုင်ဖုန်းပြင်၊ အလူမီနီယံ EFI အင်ဂျင်သင်တန်းများ ပို့ချပေးနိုင်ခဲ့ပြီး အလုပ်အကိုင်ရရှိရေး ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ထို့ပြင် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း ၄၇ ကျောင်းမှာ သင်တန်းသူ ၉၅၀၂၂ ဦး သင်ကြားလေ့ကျင့်ပေးခဲ့ပြီး ပုဂ္ဂလိက အထည်ချုပ်စက်ရုံများ နှင့် ကိုယ်ပိုင်လုပ်ငန်းများတွင် လုပ်ကိုင်ဆောင်ရွက်နေကြပြီ ဖြစ်ပါကြောင်း။  

            နယ်စပ်ဒေသဖွံ့ဖြိုးရေးသည် နိုင်ငံတော်နှင့် နိုင်ငံသားများ အားလုံးနှင့် သက်ဆိုင်ပြီး အလွန်အရေးကြီးသည့်ကဏ္ဍတစ်ခုဖြစ်ပါကြောင်း၊ နယ်စပ်ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်လာနိုင်သည်နှင့်အမျှ တိုင်းရင်းသားလူမျိုးများ အကြား၊ အပြန်အလှန်နားလည်မှု၊ ယုံကြည်မှုများပိုမိုရရှိလာပြီး တည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှုတွေလည်း တိုးတက်လာမှာပဲ ဖြစ်ပါကြောင်း၊ တရားဥပဒေစိုးမိုးမှု နှင့် တည်ငြိမ်အေးချမ်းမှုရှိမှလည်း ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမိုဆောင်ရွက် ပေးနိုင်မည်ဖြစ်ကြောင်း၊ မည်မျှဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ပါစေ အဖျက်လုပ် ငန်းကြောင့် အကျိုးမခံစားရသည်များ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပြုလုပ်ရ ခြင်းများသည် ဆုံးရှုံးမှုများသာဖြစ်ပါကြောင်း၊ တံတားများ မိုင်းထောင်ဖျက်ဆီးခြင်း၊ အဆောက်အဦများ မီးရှို့ဖျက်ဆီးတာ၊ ဆက်သွယ်ရေးစခန်းများ မိုင်းထောင် ဖျက်ဆီး ခြင်း၊စစ်မက်ဖြစ်ပွားအောင် ဆောင်ရွက်နေခြင်းသည် ဒေသအတွက် အကျည်းတန် သည့်၊ လုံးဝမဖြစ်သင့်သည့် အကြောင်းအရာများ ဖြစ်ပါကြောင်း၊ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးက လိုလားတောင့်တနေကြသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးအဖြစ် တည်ဆောက်နိုင်ရန်အတွက်မရှိမဖြစ်လိုအပ် သည့် တစ်နိုင်ငံလုံးတည်ငြိမ်အေးချမ်းရေးနှင့် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို လည်း နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ခြင်းမှ ရရှိနိုင်သည်ကို အလေးအနက် သတိမူကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် တာဝန်ယူခဲ့ရသည့် ကာလအတွင်းတွင် ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ် အဖြစ်သတ်မှတ်ပြီး ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းရေး၊ ရေရှည် တည်တံ့ခိုင်မြဲသည့် ထာဝရငြိမ်းချမ်းရေးရရှိရန် အတွက် ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံဆွေးနွေးနိုင်ရန် ဖိတ်ခေါ်ကမ်းလှမ်းခဲ့ပါကြောင်း၊ ထိုသို့ ဖိတ်ခေါ်ခဲ့သည့်အတွက် ယနေ့အထိ NCA လက်မှတ်ရေးထိုးပြီးဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့နှင့် လက်မှတ်ရေးထိုးခြင်း မပြုရသေးသည့် လက်နက်ကိုင် ၃ ဖွဲ့ စုစုပေါင်း ၁၀ ဖွဲ့တို့က ကိုယ်စားလှယ်များနှင့့် တွေ့ဆုံဆွေးနွေးနိုင်ခဲ့ပြီး နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းစွာ လျှောက်လှမ်းနိုင်မည့် ရလဒ်မျးလည်း ရရှိနေပြီဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေး စားပွဲဝိုင်းကို ရောက်ရှိလာခြင်း မရှိသေးသည့် တိုင်းရင်းသားအဖွဲ့ အစည်းများကိုလည်း ကြိုတင်ကန့်သတ်ချက်များ မထားဘဲတွေ့ဆုံဆွေးနွေးခြင်းကို အစဉ်အမြဲ တံခါးဖွင့် ကြိုဆိုထား သည်ကို ထပ်မံအသိပေး ပြောကြားလိုပါကြောင်း။

            နယ်စပ်ဒေသများအပါအဝင် ပြည်ထောင်စုကြီး၏ နယ်မြေအားလုံး အကြား အလပ်မရှိ ဆူကြုံနိမ့်မြင့်ကွာဟနေမှုများ လျော့နည်းကျဆင်းပြီး ပြည်ထောင်စုကြီး တစ်ခုလုံး တစ်စည်းတစ်လုံးတည်း မကွဲမပြားညီညီညွတ်ညွတ် ဖွံ့ဖြိုးတိုးတက်ရမည် ဆိုသည့် မွန်မြတ်သော ရည်မှန်းချက်ကြောင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်မှုတိုးတက်မှု ရရှိနေသည်ကိုလည်း တွေ့ရမည်ဖြစ်ပါကြောင်း။

            နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လမ်းစဉ် ၅ ရပ်နှင့် ဦးတည် ချက် ၁၂ ရပ်တို့ကို အခိုင်အမာချမှတ်ထားပြီးဖြစ်သည့်အတွက် နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ထိထိရောက်ရောက် အလေးအနက်ထား အကောင်အထည် ဖော်ခြင်းအားဖြင့် ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များကို ထိရောက်စွာအထောက် အကူဖြစ်စေနိုင်မည် ဖြစ်ပါကြောင်း။

            နယ်စပ်ဒေများ၏ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေးနှင့် စီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရင်း တစ်ဖက်မှလည်း နယ်စပ်ဒေသများ၏ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို ထူထောင် ပေးနိုင်ရေးကြိုးပမ်းကြရန် လိုအပ်ပါကြောင်း၊ တည်ငြိမ်အေးချမ်းပြီး တရားဥပဒေ စိုးမိုးမှုခိုင်မာမှသာ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းတွေကို ပြည့်ပြည့်ဝဝ ဆောင်ရွက်နိုင်မည် ဆိုသည်ကိုလည်း မျက်ခြည်မပြတ်ကြရန် လိုအပ်ပါကြောင်း။

            နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင် အထည်ဖော်ရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီအဆင့်ဆင့်တို့အနေဖြင့် နယ်စပ် ဒေသရှိ တိုင်းရင်းသားလူမျိုးများရဲ့ လူမှုစီးပွားဘဝနဲ့ အခြေခံ အဆောက်အအုံများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေဖို့၊  နယ်စပ်ဒေသနေ တိုင်းရင်းသားလူငယ်များကို ထူးချွန်ထက်မြက်သည့် လူ့စွမ်းအား အရင်းအမြစ်များ ဖြစ်ပေါ်လာစေရန် ရည်မှန်း ချက်များနှင့်အညီ အရှိန်အဟုန်ဖြင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပေး သွားကြ၌န်နှင့်နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှု ခိုင်မာစေရေးတို့ကို အလေးအနက်ထား အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် လိုကြောင်းတိုက်တွန်းမှာကြားသည်။

            ထို့နောက်ဗဟိုကော်မတီအတွင်းရေးမှူး နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ဗဟိုကော်မတီဖွဲ့စည်းခြင်း၊ လုပ်ငန်းတာဝန်များ၊ မူဝါဒ၊ ရည်မှန်းချက်များ၊ လုပ်ငန်းစဉ်နှင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏  ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေးဆိုင်ရာလုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဗဟိုကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်များနှင့် ပြည်ထောင်စု ဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ ဝန်ကြီးချုပ်များက နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏  ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော် ရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။

        ထို့နောက် ကောင်စီဝင်များက နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ အကြံပြုတင်ပြကြသည်။ ဆက်လက်၍ ဗဟို ကော်မတီအဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) က တပ်မတော်မှ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏  ဖွံ့ဖြိုးတိုးတက်မှုအကောင် အထည်ဖော် ရေးဆိုင်ရာလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေမှု အခြေအနေများနှင့်စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးတင်ပြသည်။

ထို့နောက် ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က နယ်စပ်ဒေသဖွံ့ဖြိုးမှုတိုးတက်ရေးအတွက် ဗဟိုကော်မတီဝင်များ၊ သက် ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးပြည်နယ်ဝန်ကြီး ချုပ်များအနေဖြင့် ဖိဖိစီစီးဖြင့် တွန်းအားပေးဆောင်ရွက်သွားရန်၊ တိုင်းရင်းသား ဒေသအားလုံးအကြားအလပ်မရှိ တစ်ပြေးညီဖွံ့ဖြိုးတိုးတက်ပြီး မြန်မာဆိုသည့်စိတ် ဓာတ်ဖြစ်ပေါ်လာစေရေး ဦးဆောင်ဦးရွက်ပြု ဆောင်ရွက်သွားကြရန်၊ စက်မှုလက်မှု လုပ်ငန်းများဖြင့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ပြီး ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများကိုဆောင်ရွက်သွားရန်၊ လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက် ရေး လုပ်ငန်းများကို ထဲထဲဝင်ဝင် တက်တက်ကြွကြွဖြင့် ဆောင်ရွက်သွားကြရန် တိုက်တွန်းဖြည့်စွက်ဆွေးနွေးသည်။

တင်ပြချက်များနှင့် စပ်လျဉ်း၍ နိုင်ငံတော်ဝန်ကြီးချုပ်က နယ်စပ်ဒေသများတွင် ပညာရေးကဏ္ဍအားနည်းသည်ကို တွေ့ရပါကြောင်း၊ နယ်စပ်ဒေသနှင့် ကျေးလက် ဒေသများရှိကျောင်းများ အဆောက်အအုံနှင့် ဥပဓိရုပ်ကောင်းမွန်ရေး ဦးစားပေး ဆောင်ရွက်ရန်နှင့်  သင်ထောက်ကူပစ္စည်းများနှင့် ဝန်ထမ်းရေးရာပြည့်စုံရေးအတွက် လည်း သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက် ပေးသွားရန် လိုအပ်ပါကြောင်း၊ နယ်စပ်ဒေသများအတွက် ဆက်သွယ်ရေး (Comm- unication ) သည် အဓိကျသောကြောင့် မဖြစ်မနေဆက်သွယ်မှုရရှိနိုင်ရေး ဆောင်ရွက် ပေးရန်လိုကြောင်း၊ တစ်နိုင်ငံလုံး ဆက်သွယ်ရေးလွှမ်းခြုံမှုရအောင် လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ ကုန်လမ်းသွားလာရေးခက်ခဲသည့် နေရာဒေသများသို့ လေကြောင်းလိုင်း နှင့် ရေကြောင်းလိုင်း များတိုးချဲ့ပြေးဆွဲနိုင်ရေး ဆောင်ရွက်ပေးသွားရန်လိုအပ်ပါ ကြောင်း၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် သင်တန်း ကျောင်းမှ သင်တန်းသားများကို ကျေးလက်အုပ်ချုပ်ရေးနှင့်ဒေသဖွံ့ဖြိုးတိုး တက်ရေး လုပ်ငန်းများကို စနစ်တကျ လုပ်ကိုင်ဆောင်ရွက်နိုင်စေရေး လေ့ကျင့်ပျိုးထောင်ပေးရန် လိုအပ်ပါကြောင်း၊ သို့မှသာ တိုင်းရင်းသားလူငယ်များသည် မိမိဒေသအကျိုးအတွက် အုပ်ချုပ်ရေးပိုင်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင်ပါဝင် ဆောင်ရွက်နိုင်မည်ဖြစ်ပါ ကြောင်း။

စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို ဒေသ၊ ရေမြေသဘာဝနှင့်ကိုက်ညီ စေရေးအတွက်သုတေသနပြုလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်သွားနိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်ပေးသွားရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကျေးလက်သမဝါယမအသင်းများ ဖွဲ့စည်း၍ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ခေတ်မီနည်းစနစ်များ အသုံးပြု နိုင်ရေး အသိပညာပေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ကျေးလက်ဒေသ များတွင် အသေးစားရေအားလျှပ်စစ်ထုတ်ယူရရှိရေးနှင့် ဆိုလာစနစ်ဖြင့် လျှပ်စစ် အသုံးပြုနိုင်ရေး စီမံဆောင်ရွက်ပေးသွားရန် လိုအပ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံအတွက် ပညာရေးဖွံ့ဖြိုး တိုးတက်ရေးသည် အဓိကကျသည့်အတွက် အခြေခံပညာကျောင်း များတွင် အရည်အချင်း ပြည့်ဝသည့် ဆရာ ဆရာမများကိုခန့်ထားပေးပြီး ကျောင်းသား ကျောင်းသူများ အမှန်တကယ်ပညာတတ်မြောက်အောင် လေ့ကျင့်သင်ကြားပေးရန် လိုအပ်ပါကြောင်း၊ နည်းပညာနှင့် သက်မွေးပညာတတ်မြောက်ပြီး လူငယ်များအနေဖြင့် ဒေသတွင်း အသေးစား၊ အလတ်စား၊ အငယ်စားစီးပွားရေးလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ဦးဆောင်နိုင်သည်အထိပြုစု ပျိုးထောင်နိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်   လိုအပ်ကြောင်း၊ ကျေးလက်ဒေသများတွင် သူနာပြု၊ လက်ထောက်ကျန်းမာရေးမှူးနှင့် ကျန်းမာရေးမှူးများ ပြည့်စုံစွာခန့်ထားနိုင်ရေး ဦးစားပေးဆောင်ရွက်ရန်နှင့် ဝေးလံ ခေါင်းပါးသည့်နေရာများတွင် အနည်းဆုံးမြို့နယ်အဆင့်အထိ ဆရာဝန်များဖြည့်ဆည်း နိုင်ရေး အဆင့်ဆင့်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း။

ပါတီစုံဒီမိုကရေစီ ခေတ်သို့ပြောင်းလဲပြီးနောက်ပိုင်းတွင် ပထမဆုံးအစည်းအဝေး ဖြစ် ကြောင်း၊ မိမိတို့တိုင်းပြည်သည် နယ်စပ်ဒေသအပါအဝင် ပြည်နယ်နှင့်တိုင်းအစွန် အဖျားများ၌ အကြောင်းအမျိုးမျိုးကြောင့် ဖွံ့ဖြိုးမှုနောက်ကျနေသည်ကို စိတ်မကောင်း ဖွယ်တွေ့မြင်ရကြောင်း၊ အာဆီယံတွင်လည်း ဖွံ့ဖြိုးတိုးတက်မှုနောက်ကျသည့် နိုင်ငံ ၄ နိုင်ငံတွင်ပါဝင်နေကြောင်း၊ အဓိကအားဖြင့် တည်ငြိမ်အေးချမ်းမှုမရှိခြင်းကြောင့် ဖွံ့ဖြိုးတိုးတက်မှုများ နည်းပါးသည်ကိုတွေ့ရှိရကြောင်း၊ မိမိတို့နိုင်ငံ၏ ဆင်းရဲနွမ်းပါး မှုနှုန်းမှာမြင့်မားနေသည်ကို ဆန်းစစ်ချက်များအရတွေ့ရကြောင်း၊ အဆိုပါအချက်များ ကြောင့် မိမိတို့နိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာဆောင်ရွက်ရန်လိုနေသေး ကြောင်း၊ ထို့ကြောင့် MSME လုပ်ငန်းများ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်ရန် လိုကြောင်း၊ ထွက်ကုန်များဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်လိုအပ်လျက်ရှိကြောင်း၊ မိမိတို့ဗဟိုကော်မတီအနေဖြင့် နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း၊ ကျေးလက်ကိုအခြေခံ၍ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးကို ဦးတည်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အစည်းအဝေးတွင် ဆွေးနွေးချက်များကို ပြန်လည်သုံးသပ်၍ မိမိတို့ဆောင်ရွက်ရမည့် မူဝါဒကိုချမှတ် နိုင်မည်ဖြစ်ကြောင်း၊ လမ်းပန်းဆက်သွယ်မှုများကောင်းမွန်စေရေး၊ နယ်မြေတည်ငြိမ် အေးချမ်းရေးလုပ်ငန်း များကိုဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် တို့တာဝန် အရေးသုံးပါးကို ခိုင်မာစွာထိန်းသိမ်းနိုင်သည့် မျိုးချစ်စိတ်ဓာတ်အပြည့်ရှိသည့် တိုင်းရင်းသား လူငယ် လူရွယ်များ ပေါ်ထွက်လာအောင်ဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံအနာဂါတ်ကောင်းမွန် ရေး မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်းဖြင့် ဖြည့်စွက်မှာကြား သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာ၌အစည်းအဝေးတွင် လုပ်ငန်းကော်မတီနှင့်သက်ဆိုင် ရာဝန်ကြီးဌာနများ၊ ဒေသဆိုင်ရာ လုပ်ငန်းကော်မတီများမှ ဆောင်ရွက်နေသည့် နယ်စပ်ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ၊ နိုင်ငံတကာအဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ ရှေ့လုပ်ငန်းစဉ်မျာနှင့် ပက်သက်ပြီး ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြသည်ကို တွေ့ရပါကြောင်း။

            ဆွေးနွေးချက်များနှင့် အကြံပြုချက်များသည် မိမိတို့နိုင်ငံ၏ နယ်စပ်ဒေသ များနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် လုပ်ငန်းများ ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် များစွာအထောက်အကူ ဖြစ်စေမည်ဖြစ် ကြောင်း၊ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ်ဒေသနေ တိုင်းရင်းသား လူမျိုးများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို နိုင်ငံတော် က မွန်မြတ်သည့်စေတနာနှင့် ငွေကြေးမြောက်များစွာ အကုန်အကျခံ ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ နိုင်ငံတော်၏စေတနာနှင့် မျှော်မှန်းထားသည့်အတိုင်း နယ်စပ်ဒေသ များတွင်ရှိသည့် တိုင်းရင်းသားလူမျိုးအားလုံး၏ လူနေမှုအဆင့်အတန်းနှင့် လူမှုစီးပွား ဘဝများ မြင့်မားလာစေရန် အရေးကြီးပါကြောင်း။

            နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့သည် အပြန်အလှန်ဆက်စပ်နေပါကြောင်း၊ ငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုး‌ရေးမရှိသည့် ဒေသများတွင် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်မည်မဟုတ်သကဲ့သို့ ဖွံ့ဖြိုး တိုးတက်မှုမရှိပါကလည်း ငြိမ်းချမ်းရေးသည် ရေရှည်တည်တံ့ခိုင်မြဲမည် မဟုတ်သည် ကို သတိပြုစေလိုပါကြောင်း၊         နယ်စပ်ဒေသများသည် နယ်မြေဧရိယာ ကျယ်ပြန့် သလောက် လူဦးရေသိပ်သည်းဆ နည်းပါးပါကြောင်း၊  ပြည်မနှင့်ကူးလူးဆက်ဆံရန် ခက်ခဲသည့်အတွက် အခြေခံကျသော လမ်းပန်းဆက်သွယ်မှုများကိုလည်း များစွာ တိုးချဲ့ ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ လိုအပ်သည့်ဒေသများတွင် ဆက်လက်လုပ်ဆောင် ပေးကြရမည် ဖြစ်ပါ ကြောင်း။

            နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ပေးနိုင်ရန် အတွက် နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းစေရန်လည်း အထူး လိုအပ်ပါကြောင်း၊ နယ်စပ် ဒေသများတွင် ဖွံ့ဖြိုး‌ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ နယ်မြေအခြေအနေ ကန့်သတ်ချက်၊ ရာသီဥတုအခြေအနေ ကန့်သတ်ချက်နှင့် လမ်းပန်းဆက်သွယ်ရေး အခြေအနေများအပေါ်မူတည်၍ ခက်ခက်ခဲခဲဆောင်ရွက်နေရခြင်းများ ရှိနေသော် လည်း  သတ်မှတ်ဘဏ္ဍာရေးနှစ်ကာလအတွင်း လုပ်ငန်းများ အချိန်မီပြီးစီးရေး တာဝန် ရှိသူများအနေဖြင့် တွန်းအားပေးဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း။

            နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက်မှုများတွင် အိန္ဒိယသမ္မတနိုင်ငံနှင့်တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့အပါအဝင် အကူအညီပေးအပ်ထားသည့် ရန်ပုံငွေများနှင့် နယ်စပ်ဒေသ အခြေခံအ‌ဆောက်အအုံ များ တည်ဆောက်ခြင်းနှင့်လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိနေသည်ကိုလည်း တွေ့ရှိရပါကြောင်း။

            ထိုသို့ မိတ်ဖက်နိုင်ငံများနှင့် အဖွဲ့အစည်းများ၏ ကူညီမှုဖြင့် ဆောင်ရွက်သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများသည် နယ်စပ်ဒေသနေ တိုင်းရင်းသားပြည်သူများအတွက် များစွာ အထောက်အကူပြုစေနိုင်သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ နယ်စပ် ဒေသ နှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးဗဟို ကော်မတီ၏ ဦးဆောင်မှုနှင့် နယ်စပ်ဒေသရှိ လူမှုစီးပွားဘဝ အခြေခံအ‌ဆောက်အအုံ များ အမြန်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် နယ်စပ်ဒေသနေ တိုင်းရင်းသားလူငယ်များ ထူးချွန်ထက်မြက်သည့် လူ့စွမ်းအား အရင်းအမြစ်များ ဖြစ်လာစေရေး ရည်မှန်းချက် များ အောင်မြင်စေရန်အတွက် နယ်စပ်‌ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန်အဟုန် တိုးမြှင့်ပြီး ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားလိုပါကြောင်းဖြင့် ပြောကြားခဲ့ကြောင်းသတင်းရရှိသည်။