နာပိုလီအသင်းက အသင်း၏အဓိကတိုက်စစ်မှူး အစ်ဆစ်ဂလီနီကိုခေါ်ယူလိုသည့်အသင်းများအနေဖြင့် အနည်းဆုံး ယူရို သန်း ၃၀ ပေးချေရမည်ဖြစ်ကြောင်းကြေညာ

နာပိုလီအသင်းက အသင်း၏အဓိကတိုက်စစ်မှူး အစ်ဆစ်ဂလီနီကိုခေါ်ယူလိုသည့်အသင်းများအနေဖြင့် အနည်းဆုံး ယူရို သန်း ၃၀ ပေးချေရမည်ဖြစ်ကြောင်းကြေညာ

နာပိုလီအသင်းသည်  အသင်းမှအဓိကတိုက်စစ်မှူး အစ်ဆစ်ဂလီနီကို  ခေါ်ယူလိုသည့်အသင်းများအနေ ဖြင့် အနည်းဆုံးပြောင်းရွှေ့ကြေး  ယူရို သန်း  ၃၀ ပေးချေရမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။အသက်  ၃၀ အရွယ် အစ်ဆစ်ဂလီနီသည် နာပိုလီအသင်းအကယ်ဒမီမှ ပေါ်ထွက်လာသည့်ကစားသမားတစ်ဦးဖြစ်သော်လည်း ကစားသမားဘ၀ အစပိုင်းက   တခြားအသင်းများသို့ အငှားသွားရောက်ကစားခဲ့ပြီးနောက်  ၂၀၁၂ ခုနှစ်က  နာပိုလီအသင်းနှင့် ပြန်လည်ပူးပေါင်းခဲ့ခြင်းဖြစ်သည်။

အစ်ဆစ်ဂလီနီသည် နာပိုလီအသင်းသို့ပြန်လည်ပြောင်းရွှေ့ခဲ့ပြီးနောက် အကောင်းဆုံးခြေစွမ်းပြနိုင် ခဲ့ပြီး  အဓိကကစားသမားအဖြစ်ပါဝင်ခွင့်ရရှိခဲ့ကာ ပြီးခဲ့သည့်နှစ်နှစ်အတွင်း  အသင်းခေါင်းဆောင်အဖြစ် ပါဝင်ခွင့်ရရှိခဲ့သူဖြစ်သည်။အစ်ဆစ်ဂလီနီနှင့် နာပိုလီအသင်းတို့သည် လက်ရှိ တွင် စာချုပ်သက်တမ်းတစ်နှစ်သာကျန်ရှိတော့ပြီး ၎င်းင်း ကိုယ်တိုင်က တခြားအသင်းများသို့ ပြောင်းရွှေ့ကစား လိုသည့်အတွက်   အသင်းနှင့်သက်တမ်းတိုးစာချုပ် ချုပ်ဆိုခြင်းမရှိတော့ဘဲ လက်ရှိတွင် ပရီးမီးယားလိဂ် ကလပ်အသင်းအများစုက ၎င်းကိုခေါ်ယူရန် စောင့် ကြည့်နေခြင်းဖြစ်သည်။
အစ်ဆစ်ဂလီနီသည် ပြီးခဲ့သည့်ဘောလုံးရာသီက နာပိုလီအသင်းနှင့်ခြေစွမ်းပြနိုင်ခဲ့သကဲ့သို့    ယူရို ၂၀၂၀   ပြိုင်ပွဲ၌လည်း   အီတလီအသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့ကာ    အဓိက တိုက်စစ်ကစားသမားတစ်ဦးအဖြစ်  ပွဲထွက်ခွင့်ရရှိခဲ့သူဖြစ်သည်။

ယူရို  ၂၀၂၀ ပြိုင်ပွဲ၌  ခြေစွမ်းပြနိုင်ခဲ့ပြီးနောက် အစ်ဆစ်ဂလီနီကို  စပါးအသင်းက  ကမ်းလှမ်းမှုများ ပြုလုပ်ရန်ပြင်ဆင်နေသည့်အတွက်  နာပိုလီအသင်း က ယူရို  သန်း ၃၀ တန်ကြေး သတ်မှတ်ပေးခဲ့ခြင်း ဖြစ်သည်။
အစ်ဆစ်ဂလီနီသည်    အီတလီအသင်းနှင့် ယူရို  ၂၀၂၀  ဖလားဆွတ်ခူးနိုင်ခဲ့သည့်အပြင်  ကစားသမား ဘဝတစ်လျှောက်  နာပိုလီအသင်းနှင့်လည်း  ကိုပါ အီတာလီယာဖလားနှစ်ကြိမ်နှင့်  အီတလီစူပါဖလား တစ်ကြိမ်ရရှိခဲ့သူဖြစ်သည်။