နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ Higher Military Command School သို့ သွားရောက်လေ့လာ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ Higher Military Command School သို့ သွားရောက်လေ့လာ

နေပြည်တော် ၊ စက်တင်ဘာ- ၇

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Novosibirsk မြို့သို့ ရောက်ရှိနေသည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သည့် ကိုယ်စား လှယ်အဖွဲ့သည် စစ်သံမှူး ဗိုလ်မှူးချုပ် ကျော်စိုးမိုးနှင့် တာဝန်ရှိသူများလိုက်ပါ၍ စက်တင်ဘာ ၆ ရက် ဒေသစံတော်ချိန် နံနက်ပိုင်းတွင် Higher Military Command School သို့ သွားရောက်လေ့လာကြည့်ရှုကြရာ ကျောင်းအုပ်ကြီး Colonel Segey Markovchin နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်အတွက် အသက်စွန့်လွှတ်တာဝန် ထမ်းဆောင်ခဲ့ကြသည့် သူရဲကောင်းဆုတံဆိပ်ရရှိသူများကို ဂုဏ်ပြုထားသည့် သူရဲကောင်းရုပ်တုများအား ဂုဏ်ပြုပန်းခြင်းဖြင့် အလေးပြုပြီး လေ့လာကြည့်ရှုကြသည်။
ယင်းနောက် ကျောင်းခန်းမတွင် ကျောင်းအုပ်ကြီးက ကျောင်းသမိုင်းအကျဉ်းနှင့် ကျောင်းမှ သင်ကြားပေးလျက်ရှိသည့်ဘာသာရပ်များ၊ ပြည်ပသင်တန်းသားများ လာရောက်သင်ကြားနေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ သိရှိလိုသည်များကို အပြန်အလှန် ဆွေးနွေးခဲ့သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) နှင့် အဖွဲ့ဝင်များသည် ကျောင်းအတွင်း လှည့်လည်၍ လိုက်လံကြည့်ရှုလေ့လာကြရာ ပြခန်းများအလိုက်တာဝန်ရှိသူများက ရှင်းလင်းပြသကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် ကျောင်းအုပ်ကြီးတို့ က အထိမ်းအမှတ်တံဆိပ်နှင့် အမှတ်တရလက်ဆောင် ပစ္စည်းများ အပြန်အလှန်လဲလှယ်ကြသည်။

ထို့နောက် Higher Military Command School အတွင်းရှိ လက်တွေ့ပစ်ခတ်မှု စက်ပစ်ကွင်းသို့ သွားရောက်လေ့လာကြည့်ရှုကြသည်။ ထိုသို့လေ့လာစဉ် ကျောင်းအုပ် ကြီးနှင့် တာဝန်ရှိသူများ၊ သင်တန်းသားများက လက်နက်ငယ်နှင့် စနိုက်ပါ အမျိုးအစား မျိုးစုံတို့ကို လက်တွေ့ပစ်ခတ်ပြသခြင်းများ ပြုလုပ်ကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် ကိုယ်စားလှယ် အဖွဲ့ဝင်များက ကိုယ်တိုင်ပါဝင် လက်တွေ့စမ်းသပ် ပစ်ခတ်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) နှင့် ကိုယ်စားလှယ်အဖွဲ့ သည် Higher Military Command School ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများနှင့် အတူ နေ့လည်စာအတူတကွ သုံးဆောင်ကြကြောင်း သတင်းရရှိသည်။