နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဗထူးမြို့ရှိ တိရစ္ဆာန်မွေးမြူရေးနှင့်လေ့ကျင့်ရေးတပ်ရင်းအား ကြည့်ရှုစစ်ဆေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဗထူးမြို့ရှိ တိရစ္ဆာန်မွေးမြူရေးနှင့်လေ့ကျင့်ရေးတပ်ရင်းအား ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဧပြီ - ၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့နေ့လည်ပိုင်းတွင် ဗထူးတပ်မြို့ရှိ တိရစ္ဆာန်မွေးမြူရေးနှင့် လေ့ကျင့်ရေးတပ်ရင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် တိရစ္ဆာန်မွေးမြူရေးနှင့် လေ့ကျင့်ရေးတပ်ရင်းရုံးသို့ ရောက်ရှိရာ တပ်ရင်းရုံး၌ တပ်ရင်းမှုးက ရည်မှန်းချက်တာဝန်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုနှင့် စံပြစိုက်ပျိုးမွေးမြူရေးဇုန် ဆောင်ရွက် ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဌ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က သိရှိလိုသည်များ မေးမြန်းပြီး လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် တိရစ္ဆာန်မွေးမြူရေးနှင့် လေ့ကျင့်ရေးတပ်ရင်းရှိ စံပြစိုက်ပျိုးမွေးမြူရေးဇုန် စုစုပေါင်း ဧက ၅၅ ဧက တည်‌ဆောက်ထားရှိမှုအခြေအနေ၊ ရာသီသီးနှံနှင့် မြေအစားထိုးသီးနှံ စိုက်ပျိုးထားရှိမှုများ၊ Green House အတွင်း စိုက်ပျိုးထားရှိမှုများနှင့် ကျောက်စိမ်း တစ်သျှူးငှက်ပျော(သီးမွှေး) စိုက်ပျိုးထားရှိမှုများ၊ DYL မျိုးမြင့် သားပေါက်ဝက်များနှင့် မြေစိုက်ရေခံ အဆောက်အဦနှင့် လေလုံအအေးပေး အဆောက်အဦအတွင်း ဥစားကြက်များ မွေးမြူထားရှိမှု၊ နို့စားနွားနှင့် အသားတိုးနွားများ မွေးမြူထားရှိမှု၊ လား၊ မြည်းမွေးမြူထားရှိမှုတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများအား ဆောင်ရွက်ရာတွင် အမှန်တကယ် အောင်မြင် ဖြစ်ထွန်းအောင် လုပ်ဆောင်ကြရန်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် လမ်းညွှန်ချက်အတိုင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် ထုတ်ကုန်အသား၊ ငါး၊ အသီးအရွက်များအား တပ်ရင်း/တပ်ဖွဲ့များရှိ အရာရှိ၊ စစ်သည်၊ မိသားစုများ ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် လုံလောက်ဖူလုံစွာ ရရှိနိုင်ရန်နှင့် ပိုလျှံပါက နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ၏ သက်သာ‌ချောင်ချိရေးအတွက် သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချရန်၊ စံပြစိုက်ပျိုးမွေးမြူရေးဇုန် ဖြစ်သည်နှင့်အညီ ဒေသတွင်းစံပြဖြစ်အောင်နှင့် အောင်မြင်ဖြစ်ထွန်းအောင် ရည်မှန်းချက်ထား၍ မရပ်မနား ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သတင်းရသည်။