နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် မုံရွာ၊ စစ်ကိုင်းနှင့် ပခုက္ကူမြို့နယ်များရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များအား တွေ့ဆုံအမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် မုံရွာ၊ စစ်ကိုင်းနှင့် ပခုက္ကူမြို့နယ်များရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ စက်တင်ဘာ - ၁၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်သည် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့ မနက်ပိုင်းတွင် တာဝန်ရှိသူများ လိုက်ပါ၍ မုံရွာမြို့၊ တိုင်းအားကစားရုံတွင်လည်းကောင်း၊ ညနေပိုင်းတွင် စစ်ကိုင်းမြို့ရှိ ရဲလေ့ကျင့်ရေးကျောင်းတွင် လည်းကောင်း၊ စက်တင်ဘာလ ၁၈ ရက်နေ့ မနက်ပိုင်းတွင် ပခုက္ကူမြို့၊ နယ်မြေခံတပ်နယ်ခန်းမတွင် လည်းကောင်း လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသော မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လုံခြုံရေးတပ်ဖွဲ့ဝင်များ အား တွေ့ဆုံအမှာ စကားပြောကြားခဲ့သည်။

ထိုသို့ တွေ့ဆုံအမှာစကားပြောကြားမှုများတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဖြစ်ပေါ်လာရသည့် အခြေအနေများ၊ အေးချမ်းစွာဆန္ဒပြမှု ဖြစ်စဉ်များအတွင်း ဒီမိုကရေစီကျင့်စဉ်များနှင့်အညီ နားလည်လက်ခံခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ ဝင်များ၊ အပြစ်မဲ့အရပ်သားပြည်သူလူထုများ၊ ကလေးငယ်များပါမချန် လုပ်ကြံသတ်ဖြတ် လာမှုအပေါ် ဉပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ တရားဥပဒေ စိုးမိုးရေးနှင့်ပတ်သက်၍ လက်ရှိဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ဆက်လက် ဆောင်ရွက်ရန် ပြင်ဆင်ထားရှိမှုအခြေအနေများ၊ နိုင်ငံတည်ငြိမ်ရေးအတွက် သောင်းကျန်း သူချေမှုန်းရေးတွင် တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်ခဲ့မှုအခြေအနေများ၊ တစ်မျိုးသား လုံး လူညွှန့်တုံးစေသည့် မူးယစ်ဆေးဝါး ပပျောက်ရေးလုပ်ငန်းများ ကြိုးပမ်းဆောင်ရွက် ခဲ့မှု အခြေအနေများ၊ ပြည်သူလူထုနှင့်ပူးပေါင်း၍ ရပ်/ရွာ အေးချမ်းသာယာရေးအတွက် အကြမ်းဖက်သောင်းကျန်းသူများကို ပြတ်ပြတ်သားသား ထိထိရောက်ရောက်အရေးယူ ဆောင်ရွက်သွားမည့် အခြေအနေများအား အကျယ်တဝံ့ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စစ်ကိုင်းမြို့ရှိ ရဲလေ့ကျင့်ရေးကျောင်းအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်များအား မှာကြားခဲ့သည်။

ယင်းနောက် သင်တန်းကျောင်းရှိ တပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များအား တွေ့ဆုံခဲ့၍ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို တွေ့ဆုံမေးမြန်းကာ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။