နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်   ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၃)သို့   တက်ရောက်အမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်   ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၃)သို့   တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ ဇန်နဝါရီ - ၂၇

        ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၃)ကို ယနေ့ နံနက် ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေး ခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ပြည်ထောင်စုဝန်ကြီးများ တက်ရောက် ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က အမှာ စကားပြောကြားရာတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ တွင် မဲမသမာမှုများဖြစ်ပေါ်ခဲ့မှုကြောင့် နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု၊ ၂၀၂၀ ပြည်နှစ် အထွေထွေရွေးကောက်ပွဲ၏ အကျည်းတန်သော စည်းကမ်းမဲ့မဲပေးမှုနှင့် မဲမသမာမှု များကိုအခြေခံ၍ ပေါ်ပေါက်လာသည့် CRPH ၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက် သမားများက အပြစ်မဲ့ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများအပေါ် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေမှု၊ နိုင်ငံရေးသဘောထားကွဲလွဲမှုကြောင့် ဖြစ်ပေါ်လာသည့် နိုင်ငံရေးမ တည်ငြိမ်မှုများကို နိုင်ငံတော်အစိုးရက ဥပဒေနှင့်အညီ ထိန်းထိန်းသိမ်းသိမ်းဖြင့် ဖြေရှင်းဆောင်ရွက်လျက်ရှိမှုနှင့် နိုင်ငံ၏စီးပွားရေး ဖြစ်ပေါ်ပြောင်းလဲလာမှု တို့ကို အကျယ် တဝင့်ရှင်းလင်းပြောကြားသည်။

ပြည်တွင်း ကုန်ထုတ်လုပ်မှုများကို အားပေးဆောင်ရွက်ခြင်းကြောင့် နိုင်ငံစီးပွားရေးမှာ ထိုက်သင့်သလောက်တိုးတက်

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆက်လက်ပြောကြားရာ၌ စီးပွားရေးနှင့်ပတ်သက်၍ ယခင်အစိုးရ၏စီမံခန့်ခွဲမှုအား နည်းခဲ့ခြင်းနှင့် ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားခဲ့ခြင်းတို့ကြောင့် မိမိတို့အစိုးရမှနိုင်ငံတော် တာဝန်များကိုစတင်ထမ်းဆောင်ချိန်တွင် နိုင်ငံ၏စီးပွားရေးမှာ ကျဆင်းနေသည့် အချိန်ဖြစ်ကြောင်း၊ ၂၀၁၈ ခုနှစ်မှစ၍ နိုင်ငံ၏စီးပွားရေးမှာကျဆင်းမှုဖြစ်ပေါ်ခဲ့ခြင်းဖြစ် ကြောင်း၊ မိမိတို့အစိုးရ တာဝန်ယူပြီးနောက်ပိုင်းတွင် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး အတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ပြည်တွင်းကုန်ထုတ်လုပ်မှု လုပ်ငန်းများတိုးတက်စေရေး အားပေးဆောင်ရွက်ခဲ့ရာ ယခုအခါ နိုင်ငံ၏စီးပွားရေးမှာ ထိုက်သင့်သ‌လောက် ပြန်လည်တိုးတက်ကောင်းမွန်လာပြီဖြစ်သဖြင့် မိမိတို့နိုင်ငံ၏ စီးပွားရေးကဏ္ဍမှာ ပြန်လည်ဦးမော့လာပြီဖြစ်ကြောင်း၊ ပြည်တွင်းမှထုတ်လုပ်သည့် ထုတ်ကုန်များကို အရည်အသွေးပြည့်မီရန်နှင့် အရေအတွက်ပြည့်မီအောင် ထုတ်လုပ် နိုင်ရန်လိုကြောင်း၊ ကုန်ဈေးနှုန်တည်ငြိမ်မှုရှိစေရန်အတွက် ဈေးကွက်တွင်လိုအပ်သည့် ကုန်ပစ္စည်းများကို ဖြည့်တင်းပေးနိုင်ရန်လိုကြောင်း၊ ကုန်ထုတ်လုပ်မှုအတွက် လိုအပ်သည့် ကုန်ကြမ်းများနှင့် သွင်းအားစုများကိုဈေးနှုန်း သက်သာစွာဖြင့်ရရှိရန်နှင့် လူသားအရင်းအမြစ်များကိုလည်း လုံလောက်စွာရရှိအောင် ဆောင်ရွက်ပေးရန်လို ကြောင်း၊ ထုတ်လုပ်မှုကုန်ကျစရိတ်များကို လျှော့ချပေးနိုင်မည်ဆိုပါက ကုန်ဈေးနှုန်း ကျဆင်းလာမည်ဖြစ်ကြောင်း။

အလားတူ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဒေသများအလိုက် စားရေရိက္ခာ များလုံလောက်အောင် ဆောင်ရွက်မည်ဆိုပါက ဈေးနှုန်းသက်သာစွာဖြင့် ပြည်သူများ နေထိုင်စားသောက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက်စားရေရိက္ခာများဖူလုံစေရေး ဆောင်ရွက်ကြရန်လိုကြောင်း၊ စီးပွားရေးနှင့် ပတ်သက်၍ ယခင်ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများမှ သင်ခန်းစာများ ဖော်ထုတ်၍ နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြစေလိုကြောင်း၊ စီးပွားရေးမြှင့်တင် ရေးလုပ်ငန်းတွင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်း သည် အဓိကကျသဖြင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် ပြည်တွင်း ကုန်ထုတ်လုပ်မှုများကို အားပေးဆောင်ရွက်ကြရန်လိုကြောင်း။

နိုင်ငံတကာဆက်ဆံရေး

မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရက နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ချိန်တွင် အချို့သောနိုင်ငံများမှ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများနှင့် ဝေဖန် ပြောဆိုမှုများရှိခြင်းကြောင့် နိုင်ငံတကာဆက်ဆံရေးတွင် အကြပ်အတည်းများ ရှိခဲ့ ကြောင်း၊  မိမိတို့နိုင်ငံသည် ယခင်ကတည်းက ကြားနေနိုင်ငံတစ်ခုဖြစ်ခဲ့ပြီး နိုင်ငံတကာ နှင့် ဆက်ဆံရေးကောင်းမွန်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့ကြကြောင်း၊ ယခုအချိန်အထိ လွတ်လပ်၍ တတ်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးလျက်ရှိ ကြောင်း၊  ပြည်ပနိုင်ငံများ၏ မိမိတို့နိုင်ငံအပေါ်ထားရှိသည့် နိုင်ငံရေးသဘောထားများ ကွဲလွဲမှုနှင့် အချို့နိုင်ငံများ၏ ကြားဝင်စွက်ဖက်မှု၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် မိမိတို့နိုင်ငံတွင် နိုင်ငံရေးမတည်ငြိမ်မှုများ ဖြစ်ပေါ်ခြင်းများရှိခဲ့ကြောင်း၊ နိုင်ငံတကာ ဆက်ဆံရေးနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက် လျက်ရှိကြောင်း။

ပြည်သူများ၏ ပညာရည်ဖွံ့ဖြိုးတိုးတက်ရန်ဆောင်ရွက်

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူများ၏ ပညာရည်ဖွံ့ဖြိုးတိုးတက်မှုသည် အရေးကြီးကြောင်း၊ မိမိတို့နိုင်ငံတွင် ပညာရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် လိုအပ်ချက် များရှိနေသေးသည်ကို ကိန်းဂဏန်းအချက်အလက်များအရ သိရှိရကြောင်း၊ အသက် ၂၅ နှစ်ကျော်ပြီဖြစ်သည့် ပြည်သူအများစု၏ ပညာအရည်အချင်းမှာအလယ်တန်း ပညာ အောက်၌ရှိနေသည်ကို သိရှိရကြောင်း၊ ထို့ကြောင့် ပြည်သူများ၏ ပညာရေးဖွံ့ဖြိုးစေ ရေး မဖြစ်မနေအားပေးမြှင့်တင်ရမည်ဖြစ်ပြီး ပညာရေးပြုပြင်ပြောင်းလဲမှုများကိုမဖြစ် မနေ ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကျန်းမာရေး၊ ပညာရေးတို့နှင့် ပတ်သက်၍ ပြောကြားရာတွင် “ဒုတိယက ဘာလဲ ဆိုတော့ ကျန်းမာရေးနဲ့ ပတ်သက်တာ၊ ကိုဗစ်ကြောင့်ဖြစ်တာမှာ တော်တော်များများ လည်း ဆုံးရှုံးမှုတွေ ရှိပါတယ်။ နဂိုကကိုမှ ကျွန်တော်တို့ဆီမှာ life expectancy မှာလည်း ကျွန်တော်တို့က ၇၀ လောက်ပဲရှိတယ်။ တော်တော်နည်းပါတယ်။ အိမ်နီးနား ချင်း တိုင်းပြည်ထဲမှာ ကျွန်တော်တို့   အနိမ့်ဆုံးဖြစ်ပါတယ်။ life expectancy အနိမ့် ဆုံး ဖြစ်တယ်၊ လာအိုကျွန်တော်တို့ထက်မြင့်တယ်၊ ဘင်္ဂလားဒေ့ရှ် ကျွန်တော်တို့ထက် မြင့်တယ်။ တွက်နည်း၊ ချက်နည်းတွေတော့ အမျိုးမျိုးရှိတာပေါ့၊ ဘယ်လိုပဲ တွက်နည်း ချက်နည်းတွေ ရှိ ရှိပါ၊ လက်တွေ့မှာ ကျွန်တော်တို့ တစ်ကယ် အသက်ရှည်တဲ့သူဖြစ်ဖို့ လိုတယ်။ ကျန်းမာတဲ့သူဖြစ်ဖို့လိုတယ်။ ကျန်းမာဖို့ဆိုရင် တစ်အချက် စားရေးသောက် ရေး အဆင်ပြေဖို့လိုတယ်။ နှစ်အချက် နေရေးထိုင်ရေး အဆင်ပြေဖို့လိုတယ်။ ဒီလို စားရေးသောက်ရေး၊ နေရေးထိုင်ရေးအဆင်ပြေဖို့ဆိုရင် အလုပ်အကိုင်အခွင့်အလမ်း ရှိရမယ်။အတန်းပညာရှိရမယ်။ ဒီနှစ်ခုကျွန်တော်တို့ မဖန်တီးပေးနိုင်လို့ရှိရင် ဒီကျန်းမာ ရေးမှာလည်း ကျွန်တော်တို့ အားနည်းချက်တွေ အများကြီးရှိမှာဖြစ်တယ်။ ဘယ် လောက်ပဲ ကာကွယ်ဆေးတွေထိုးပေးပါ။ ခင်ဗျားတို့ မရပါဘူး။ မဖြစ်နိုင်ဘူး။ ကာကွယ်ဆေးတွေ ထိုးပေးတဲ့ကြားထဲကပဲ ကိုဗစ်ဖြစ်ကြတာပဲ။ ဒါကြောင့် ကျွန်တော် တို့ အနေနဲ့ကတော့ ဒီ လူနေမှုစနစ်ကို မြှင့်တင်နိုင်မှသာ ကျန်းမာရေးကလည်း မြင့်တက်လာမယ်ဆိုတာကို သွားတွေ့ပါတယ်။ လူနေမှုစနစ်မြှင့်တင်နိုင်ဖို့ ဆိုလို့ရှိရင် စီးပွားရေးကောင်း အောင်လုပ်ရမယ်။ စီးပွားရေးကောင်းဖို့ဆိုရင်လည်း အတန်းပညာ၊ အတတ်ပညာတွေ ရှိအောင်လုပ်ပေးရမယ်။ ဒီလိုသွားရမယ်။ ဒါကြောင့် ကျွန်တော် တို့က အတန်းပညာနဲ့ပတ်သက်ရင် အနည်းဆုံးတော့ KG+9 ကိုသွားဖို့လိုတယ်။ KG+9 ဖြစ်လာပြီဆိုလို့ရှိရင် Vocational Training အနိမ့်ဆုံးသွားလို့ရပြီ၊ ဒါကြောင့် စက်မှုစိုက်ပျိုးမွေးမြူရေး ကျောင်းလေးတွေ ခရိုင်အလိုက်ဖွင့်ပေးမယ်။ အဲ့ဒီကနေပြီး တော့ ပထမဦးဆုံး ကျောင်း ၅၀ ပေါ့၊ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ကျွန်တော်တို့တစ်တွေ ပညာတတ်ဖို့ လိုတာပဲ။ ပညာရေးအတွက် ရင်းနှီးမြှုပ်နှံမှုကို ကျွန်တော်တို့ ပေးရဲ ပါတယ်။ ပေးလည်း ပေးနိုင်ပါတယ်။ ပေးလည်း ပေးရဲပါတယ်။ ကျောင်း ၅၀ ကနေပြီး တော့ ခရိုင်အားလုံး၊ ခရိုင်ကနေပြီးတော့ အဓိကကျတဲ့ မြို့နယ်တွေပါ ကျောင်းတွေ တိုးချဲ့ပြီး ဖွင့်လာပြီးတော့မှ။ သူ့ရဲ့ အခြေခံလုပ်နိုင်တဲ့ဟာတွေကို ကျွန်တော်တို့ သွား ကြရမယ်။”(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ပြောကြား မှု Video File ကို ပြသမည်ဖြစ်ပါသည်။)

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လျှပ်စစ်ဓာတ်အားလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်လိုအပ်

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားရာတွင်မိမိတို့အတွက် အကြီးမားဆုံးစိန်ခေါ်မှုမှာ လျှပ်စစ်ဓာတ်အားလိုအပ် ချက်ဖြစ်ကြောင်း၊ ယခင် အစိုးရအဆက်ဆက်ကတည်းက ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစီမံကိန်းများဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ခဲ့သော်လည်း အကြောင်း အမျိုးမျိုးကြောင့် အချို့စီမံကိန်းများရပ်တန့်ခဲ့ရပြီး အချို့စီမံကိန်းများဖျက်သိမ်းခံခဲ့ရ ကြောင်း၊ မိမိတို့အနေဖြင့် လျှပ်စစ်ဓာတ်အားများလုံလောက်စွာ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ၂၀၂၅ ခုနှစ်တွင် လျှပ်စစ်ဓာတ်အားလုံလောက်စွာ ရရှိနိုင်ရေး ရည်မှန်းချက် ထားဆောင်ရွက်လျက်ရှိကြောင်း၊ လျှပ်စစ်ဓာတ်အားလုံလောက်စွာ ရရှိမှသာ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ အများသုံးသယ်ယူပို့ဆောင်ရေးစနစ်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်း များ၌ လျှပ်စစ်ဓာတ်အားများကို အသုံးပြုဆောင်ရွက်မည်ဆိုပါက စက်သုံးဆီသုံးစွဲမှုကို များစွာလျှော့ချနိုင် မည်ဖြစ်သောကြောင့် နိုင်ငံခြားငွေသုံးစွဲမှုများ လျော့ကျသွားမည် ဖြစ်ကြောင်း၊ ထို့ကြောင့်လျှပ်စစ်ဓာတ်အားများ လုံလောက်စွာရရှိရေး ကြိုးပမ်းဆောင် ရွက်လျက်ရှိကြောင်း၊ မိမိတို့အစိုးရ တာဝန်ယူချိန်ကာလအတွင်း နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးအတွက် တတ်နိုင်သမျှကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊

နိုင်ငံရေးနှင့်ပတ်သက်၍ ပါတီစုံဒီမိုကရေစီစနစ်ဖြင့် ဆောင်ရွက်နေမှုအပေါ် တပ်မတော်အနေဖြင့် လက်ခံသဘောတူညီပြီး ဆက်လက်၍လည်း အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးသည် နိုင်ငံရေးရည်မှန်းချက်ဖြစ်ကြောင်း၊ အမျိုးသား ရေးရည်မှန်းချက်အဖြစ် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး တို့ဖြစ် ကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် သောက်သုံးရေနှင့် စိုက်ပျိုးရေများ လုံလောက်စွာရရှိရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ အဓိက လုပ်ငန်းများဖြစ်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်၍ စားရေရိက္ခာဖူလုံအောင်ဆောင်ရွက်ရန်လိုကြောင်း၊ အလားတူ လူသား အရင်းအမြစ်များမွေးထုတ်ရာတွင်လည်း ယခုခေတ်သည် နည်းပညာခေတ်ဖြစ်သည်နှင့် အညီ ခေတ်မီနည်းပညာများကို တတ်ကျွမ်းသည့် ပညာတတ်များကို သက်ဆိုင်ရာ တက္ကသိုလ်များမှ သင်ကြားမွေးထုတ်ပေးနိုင်ရန်လိုကြောင်း၊ နိုင်ငံအတွင်း ပညာတတ် လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှအားပေးဆောင်ရွက် လျက်ရှိကြောင်း၊

နေပြည်တော်ကောင်စီနယ်မြေ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်

နေပြည်တော်နှင့်ပတ်သက်၍ နေပြည်တော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြဋ္ဌာန်းထားသည့် နိုင်ငံ၏မြို့တော်ဖြစ်ကြောင်း၊ နေပြည်တော်သည် နိုင်ငံတော်၏ အုပ်ချုပ်ရေးမြို့တော်ဖြစ်ပြီး ရန်ကုန်မြို့သည် စီးပွားရေးမြို့တော်၊ ကုန်သွယ်ရေး မြို့တော်ဖြစ်ကြောင်း၊ ၁၇ နှစ် တာကာလအတွင်း နေပြည်တော်သည် များစွာတိုးတက် ပြောင်းလဲလာပြီ ဖြစ်ကြောင်း၊ မြို့တော်တစ်ခု၏ အင်္ဂါရပ်နှင့်ညီအောင် ဆက်လက် ဆောင်ရွက်ရမည်ဖြစ်ပြီး မြို့တော်တွင်နေထိုင်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် ရေးကို ကြိုးပမ်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ မြို့တော်ကို Green City၊ Clean City နှင့် Smart City ဖြစ်အောင် ပုံဖော်တည်ဆောက်ရမည်ဖြစ်ကြောင်း၊ နေပြည်တော် ဖွံ့ဖြိုးတိုးတက်စေရေး နိုင်ငံတော်အစိုးရမှ ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ သက်ဆိုင် ရာ နေပြည်တော်ကောင်စီမှလည်း နေပြည်တော်ဖွံ့ဖြိုးတိုးတက်စေရေး ကြိုးပမ်း ဆောင်ရွက်စေလိုကြောင်း၊ ဝန်ကြီးဌာနများ အနေဖြင့်လည်း နိုင်ငံ့၏မြို့တော်ဖြစ်သည့် နေပြည်တော်ကို မြို့တော်အင်္ဂါရပ်နှင့် ညီညွတ်ပြည့်စုံမှုရှိစေရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် ပေးရန်လိုကြောင်းဖြင့်မှာကြားသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီး များ က သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ တာဝန်ထမ်းဆောင်ချိန် ၂ နှစ်တာကာလတာကာလအတွင်း နိုင်ငံကောင်းရာကောင်း ကျိုးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့မှုများကို ချီးကျူးမှတ်တမ်း တင်ပါကြောင်းပြောကြားသည်။ ယင်းနောက်သတင်းလုံခြုံရေး အတွက်ဝန်ကြီးဌာန များ အားလုံးစနစ်တကျဖြင့် ကြပ်မတ်ဆောင်ရွက်ကြရန်လိုအပ် မှုများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ ကြောင်းသတင်းရရှိသည်။