နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကလောတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကလောတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ မတ် - ၆

        နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာန ချုပ်၊ ကလောတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တပ်နယ်ခန်းမ၌ သွားရောက်တွေ့ဆုံ အမှာစကားပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီး ချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီး များ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် လှမိုးနှင့် တာဝန်ရှိသူများ၊ ကလော တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။

ရုပ်ပိုင်း၊ စိတ်ပိုင်း ဆိုင်ရာများ ကျန်းမာကြံ့ခိုင်ကောင်းမွန်ရန်လို

ထိုသို့ တွေ့ဆုံအမှာစကားပြောကြားရာတွင် တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော် လုံခြုံရေး၊ ကာကွယ်ရေး၊ နိုင်ငံသူ၊ နိုင်ငံသားတို့၏ အသက်အိုးအိမ် စည်းစိမ် ဥစ္စာကို ကာကွယ်စောင့်ရှောက်ရေးပင်ဖြစ်သည့်အတွက် မိမိတို့တာဝန်များကို မှန်မှန် ကန်ကန်ဖြင့် ကျေပွန်စွာ ထမ်းဆောင်နိုင်ရမည်ဖြစ်ကြောင်း၊ ထိုသို့တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရန်အတွက် အရာရှိ၊ စစ်သည် အဆင့်အတန်းအားလုံး စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာများ ကျန်းမာကြံ့ခိုင်နေရန်လိုကြောင်း၊ စိတ်ဓာတ်နှင့် ပတ်သက်၍ ပေးအပ်သည့်တာဝန်ကို ကျေပွန်စွာထမ်းဆောင်လိုသည့် စိတ်ရှိရန်လို ကြောင်း၊ ပေးအပ်လာသည့် လုပ်ငန်းတာဝန်များကို မိမိက ကျေပွန်စွာ ဆောင်ရွက်ရ မည့် လုပ်ငန်းတာဝန်အဖြစ် ခံယူဆောင်ရွက်ရန်လိုပြီး ခံယူချက် ကောင်းမွန်စွာဖြင့် နေထိုင်ရန်လိုကြောင်း၊ မိမိတို့ကိုပေးအပ်သည့် တာဝန်များကို မငြီးမငြူဖြင့် ကျေပွန်စွာ ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း။

ပေးအပ်လာသည့် လုပ်ငန်းတာဝန်များကို ရုပ်ပိုင်းဆိုင်ရာများတွင် တက်တက် ကြွကြွဖြင့် ကျေပွန်စွာထမ်းဆောင်ခြင်းဖြင့် မိမိတို့ဘဝတိုးတက်ရေးအတွက် များစွာ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ အလားတူ ကျန်းမာရေးကောင်းမွန်ရန်အတွက် နေထိုင်စားသောက်မှုများကို ဂရုပြုရန်လိုပြီး ညီညွတ်မျှတသည့် နေထိုင်စားသောက်မှု ရှိရမည်ဖြစ်ကြောင်း၊ ကျန်းမာမှ အလုပ်လုပ်နိုင်မည်၊ ကျန်းမာမှ ပညာသင်ကြားနိုင် မည်ဖြစ်ကြောင်း၊ မိမိတို့ကိုယ်တိုင် ကျန်းမာရေးကောင်းမွန်အောင်နေထိုင်ရန် လိုအပ် သကဲ့သို့ မိမိတို့မိသားစုများ၏ ကျန်းမာရေးကောင်းမွန်ရေးကိုလည်း အားပေး ဆောင်ရွက်ရန်လိုကြောင်း၊ ကျန်းမာကြံ့ခိုင်မှသာ မိမိတို့ဘဝရပ်တည်ရေးအတွက် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မိမိတစ်ဦးတစ်ယောက် ကျန်းမာရေးကောင်းမွန်မှု မရှိပါက မိမိ၏ လုပ်အား၊ မိမိကို ပြုစုစောင့်ရှောက်ရသူ၏ လုပ်အား၊ မိမိအဖွဲ့အစည်း ၏ လုပ်အား စသည်ဖြင့် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာများတွင် ဆုံးရှုံးမှုများ များစွာ ဖြစ်စေ နိုင်သောကြောင့် မိမိကိုယ်ကို ကျန်းမာရေးကောင်းမွန်အောင် နေထိုင်ရမည်ဖြစ် ကြောင်း။

တပ်မတော်သားများနှင့် မိသားစုဝင်များ၏ ကျန်းမာရေးကို အထောက်အကူပြု စေရေးနှင့် အာဟာရပြည့်ဝစွာ စားသုံးနိုင်ရန် ရည်ရွယ်၍ တပ်မတော်မှ တစ်သျှူး ငှက်ပျော အပါအဝင် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို အောင်မြင်စွာထုတ်လုပ် ပေးလျက်ရှိကြောင်း၊ ကျန်းမာကြံ့ခိုင်မှုသည် လူတစ်ဦးချင်းအတွက် များစွာ အရေးကြီး သဖြင့် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာများတွင် ကျန်းမာကြံ့ခိုင်နေရန်လိုကြောင်း။

စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ပြီး စနစ်တကျရှိစေရေး

တပ်မတော်သားများအနေဖြင့် အချိန်အခါမရွေး တိုက်ပွဲဝင်နိုင်ရမည်ဖြစ်ပြီး ကျန်းမာရေးကောင်းမွန်မှသာလျင် ထိုကဲ့သို့ တိုက်ပွဲဝင်နိုင်မည်ဖြစ်ကြောင်း၊ တိုက်ပွဲဝင် ရာတွင် သင်ကြားပေးထားသည့် စစ်ပညာရပ်များကို ထိရောက် အကျိုးရှိစွာ အသုံးချ နိုင်ရမည် ဖြစ်ပြီး တုံးတိုက်တိုက် ကျားကိုက်ကိုက် စိတ်ဓာတ်ဖြင့် တိုက်ပွဲဝင်ရမည်ဖြစ် ကြောင်း၊ တပ်မတော်တွင် အဆင့်သတ်မှတ်ချက်များအလိုက် ၎င်းတို့နှင့် ကိုက်ညီသည့် လုပ်ငန်းတာဝန်များကို ပေးအပ်ထားကြောင်း၊ တပ်မတော်သားတိုင်းအနေဖြင့် အရည် အချင်းအလိုက်၊ စစ်သက်အလိုက်၊ ထူးချွန်ထက်မြက်မှုများအလိုက် တစ်ဆင့်မြင့် သင်တန်းများကို အဆင့်ဆင့်တက်ရောက်ရသည်ဖြစ်ကြောင်း၊ တပ်မတော်သားတစ်ဦး အနေဖြင့် တာဝန်များကို ကျေပွန်စွာဖြင့် ထမ်းဆောင်နိုင်ရန် သင်ကြားလေ့ကျင့်ပေး နေခြင်းပင်ဖြစ်ကြောင်း။

တပ်မတော်သားများသည် စည်းကမ်းစနစ်တကျဖြစ်ရမည်ဖြစ်ပြီး စည်းကမ်းဟူ သည် တူညီသည့် သွင်ပြင်လက္ခဏာ၊ နေထိုင်လှုပ်ရှားမှုများ ရရှိရန် ကန့်သတ်ထားမှု များဖြစ်ပြီးလိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အရပ်ဘက်၊ စစ်ဘက် တို့တွင် စည်းကမ်းများကို ချမှတ်ထားခြင်းသည် စည်းကမ်းစနစ်တကျရှိစေရေးအတွက် သတ်မှတ်ချက်များကို ချမှတ်ပေးထားခြင်းဖြစ်ပြီး ထိုကဲ့သို့ စည်းကမ်းတကျဖြစ်စေရေး အတွက် နေရာအလိုက်၊ ကဏ္ဍအလိုက် တာဝန်ရှိသူများက ထိန်းသိမ်းကြပ်မတ်ရမည် ဖြစ်ကြောင်း၊ သတ်မှတ်ထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုလိုက်နာရန် အတွက် အမိန့်နာခံတတ်မှုရှိရန်လိုကြောင်း၊  တပ်မတော်သည် စည်းကမ်း၊ အမိန့်နာခံ တတ်မှုနှင့် စစ်စည်းကမ်းကောင်းမှုများရှိခြင်းကြောင့် ခိုင်မာသည့် အဖွဲ့အစည်းတစ်ခု ဖြစ်ကြောင်း။

တပ်မတော်သားများအားလုံးတွင် ကောင်းမွန်သည့် အခြေခံစိတ်ဓာတ်များရှိပြီး ဖြစ်ကြောင်း၊ အဆိုပါစိတ်ဓာတ်များခိုင်မာအောင် တစ်ဦးချင်းကြိုးပမ်း ဆောင်ရွက်ကြ ရန်လိုကြောင်း၊ မည်သည့်ကိစ္စကို ဆောင်ရွက်သည်ဖြစ်စေ လူသာလျှင်ပဓာနဖြစ်ပြီး လူ တို့၏ ကြိုးစားအားထုတ်မှုဖြင့်သာ အကျိုးရလာဒ်များ ကွာခြားသွားခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော်သားများအားလုံး တစ်ဦးချင်း စိတ်ဓာတ်များကောင်းမွန် ခိုင်မာ အောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ တပ်မတော်ကို စွမ်းရည်မြင့်အောင် ဆောင်ရွက် ခြင်းသည် စစ်သည်များပင် ဖြစ်ကြောင်း၊ စစ်သည်တစ်ဦးချင်း၏ စွမ်းဆောင်ရည် မြင့်မားခြင်းမှသည် တပ်တစ်တပ်လုံး ကောင်းမွန်လာမည်ဖြစ်ပြီး တပ်မတော်တစ်ရပ် လုံးသည်လည်း စွမ်းရည်ရှိသည့် တပ်မတော်ဖြစ်လာမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ ကာကွယ်ရေးအင်အားသည်လည်း မြင့်မားလာမည်ဖြစ်ကြောင်း။

တပ်မိသားစုများ သက်သာချောင်ချိရေးနှင့် ပညာရည်မြင့်မားရေး

တပ်မတော်သားများနှင့် မိသားစုဝင်များ စားသောက်မှုအဆင်ပြေစေရေးနှင့် သက်သာချောင်ချိမှုရှိစေရေးအတွက် တပ်ပိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ တပ်ပိုင်စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများကို အောင်မြင်ဖြစ်ထွန်း အောင်ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ကိုလည်း တတ်နိုင်သမျှ အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်ကြရန်လိုကြောင်း။

မကြာမီအချိန်တွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အခြေခံပညာ သင်ကြားမှုများပြီးဆုံးပြီး နွေရာသီကျောင်းပိတ်ရက်သို့ရောက်ရှိကြမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ရေကြောင်းလူငယ်နှင့် လေကြောင်းလူငယ်သင်တန်းများကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း၊ အခြားနွေရာသီသင်တန်းများဖြစ်သည့် ယဉ်ကျေး လိမ္မာသင်တန်းနှင့် အခြားသော အကျိုးပြုသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခြင်း နှင့် ယခင်သင်ကြားပေးခဲ့သည့် ကျောင်းစာပေများကို ပြန်လည်လေ့လာသင်ကြားပေး ခြင်းများကို ဆောင်ရွက်ပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နွေရာသီ ကျောင်းပိတ်ကို အကျိုးရှိစွာဖြင့် အသုံးချ နိုင်အောင် ဆောင်ရွက်ပေးကြစေလိုကြောင်း၊ အလားတူ မိမိတို့ကိုယ်တိုင်နှင့် မိမိတို့၏ သားသမီးများ ဗဟုသုတကြွယ်ဝစေရေး အတွက်လည်း အကျိုးရှိစေမည့် စာပေဗဟုသုတများကို ဖတ်ရှုလေ့လာမှတ်သား ကျင့်သုံးကြစေလိုကြောင်း၊ ထိုသို့ ဖတ်ရှုလေ့လာခြင်းဖြင့် မိမိတို့ဘဝတိုးတက်ရေး အတွက် တစ်ဖက်တစ်လမ်းမှအထောက်အကူပြုမည်ဖြစ်ကြောင်းဖြင့် မှာကြားသည်။

စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများ ပေးအပ်

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် က အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာပစ္စည်းများကို ပေးအပ်ရာ တပ်နယ်မှူးကလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီးက တပ်နယ်မိခင်နှင့်ကလေး စောင့်ရှောက် ရေး အသင်းအတွက် စားသောက်ဖွယ်ရာပစ္စည်းများကိုပေးအပ်ရာ တပ်နယ်မှူး၏ ဇနီး က လည်းကောင်း အသီးသီး လက်ခံရယူကြသည်။

        တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြပြီး အရာရှိ၊ စစ်သည်၊ မိသားစုများ၏ တင်ပြချက်များကို လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ သည်။

ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများ၏ ကျန်းမာရေးအခြေအနေများအား ရင်းရင်းနှီးနှီး မေးမြန်းအားပေး

        ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် အောင်ပန်းမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ ရောက်ရှိကြရာ ဆေးရုံတပ်မှူး ဗိုလ်မှူးချုပ် စောရန်နိုင်၊ တပ်မတော်ပါရဂူများနှင့် ဆေးမှူးများ၊ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

        ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား ဆေးရုံတပ်မှူးက ဆေးရုံ၏ တပ်တည်ဆောက်ရေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၏ ကျန်းမာ ရေးစောင့်ရှောက်ပေးနိုင်မှုနှင့် ဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်ပေး နိုင်မှု၊ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု၊ တပ်ပိုင်နှင့်တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်၍ အရာရှိ၊ စစ်သည်မိသားစုများအတွက် သက်သာချောင်ချိရေး လုပ်ငန်း များ ဆောင်ရွက်ပေးနိုင်မှုနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည် များလမ်းညွှန်မှာကြားပြီး၊ လိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

        ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသည့် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့ကြ သည့် အရာရှိ၊ စစ်သည်များနှင့် ပြည့်သူ့စစ်ဌာနေ တပ်ဖွဲ့ဝင်များ၏ ကျန်းမာရေးအခြေ အနေများကို တစ်ဦးချင်း ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများ ပေးအပ်သည်။

        အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦး ချုပ်၏ ဇနီးသည်လည်း မွေးကင်းစလူနာဆောင်တွင် တက်ရောက်ကုလျက်ရှိသည့် အရာရှိ၊ စစ်သည်များ၏ မိသားစုဝင်များအား ကျန်းမာရေးအခြေအနေများကို တစ်ဦး ချင်း ရင်းရင်းနှီးနှီးမေးမြန်း အားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာပစ္စည်း များ ပေးအပ်ခဲ့သည်။

        ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ဓာတ်ရောင်ခြည် ကုသဆောင် နှင့် ကင်ဆာရောဂါ ခွဲစိပ်ကုသဆောင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြ ချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်းသတင်းရရှိသည်။