နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်(ရေ)နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်(ရေ)နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား 

 

 နေပြည်တော်၊ ဒီဇင်ဘာ - ၂၄

 
ယနေ့တွင် ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်(ရေ) နှစ်ပတ် လည်နေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ရှိ နယ်မြေခံရေတပ်လေ့ကျင့်ရေးဌာနချုပ် သီရိမဟာဇေယျကျော်ထင်ခန်းမ၌ ကျင်းပ ပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်၍ အမှာစကားပြောကြား သည်။

 
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဇနီး ဒေါ်ကြူကြူလှ၊ အငြိမ်းစားကာကွယ်ရေးဦးစီးချုပ်(ရေ)များနှင့်ဇနီးများ၊ အငြိမ်းစားကာကွယ်ရေးဦးစီး ချုပ်(လေ)များနှင့်ဇနီးများ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ဇနီး၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့်ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ် ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ရေတပ်စခန်းဌာနချုပ်မှူးများနှင့် တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များ၊ မိသားစုများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ်က (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်(ရေ) နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသော အားဖြင့် အမှာစကားပြောကြားရာတွင် ယနေ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့ သည် တပ်မတော်(ရေ)၏ (၇၅)နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့ပင်ဖြစ်ကြောင်း၊ တပ်မတော်(ရေ)ကို ဖွဲ့စည်းပြီး ၁၁ ရက်အကြာတွင် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် လွတ်လပ်ရေး ရရှိခဲ့သည့်အတွက် အတိတ်ကောင်း၊ နိမိတ်ကောင်းများ ဆောင်ကျဉ်းပေးခဲ့သည်ဟု ယူဆနိုင်သကဲ့သို့ လွတ်လပ်ရေးနှင့် ထပ်တူပေါက်ဖွားလာ ခဲ့သည့် တပ်ဖွဲ့တစ်ခုဖြစ်လည်းဖြစ်သည်ဟု ဆိုနိုင်ပါကြောင်း။
မိမိတို့ တပ်မတော်သည် လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာသည့် တိုင်းရင်း သားညီအစ်ကိုမောင်နှမများနှင့် ဖွဲ့စည်းထားသော မျိုးချစ်ပြည်ထောင်စုတပ်မတော် ဖြစ်ကြောင်း၊ နိုင်ငံတော်အပေါ် ကျရောက်လာနိုင်သည့် ပြည်တွင်း၊ ပြည်ပအန္တရာယ် များကို ကာကွယ်တားဆီးရန် အဓိကတာဝန်ရှိသည့် အဖွဲ့အစည်းဖြစ်ပြီး ဒို့တာဝန် အရေး(၃)ပါးကို ဦးထိပ်ပန်ဆင်ကာ ပြည်သူများနှင့်လက်တွဲ၍ အသက်၊ သွေး၊ ချွေးပေါင်းများစွာ ပေးဆပ်ဆောင်ရွက်ခဲ့ကြသည်ကို ခေတ်အဆက်ဆက် အထင်အရှား တွေ့မြင်ရမည်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံ ကုန်းမြေဧရိယာ၏ တစ်ဝက်ကျော်ရှိသည့် ရေပြင်ဧရိယာသည် စတုရန်းရေမိုင်ပေါင်း ၁၄၄,၉၁၂ မိုင်ရှိပြီး ရေပေါ်ရေအောက် အဖိုးတန်သယံဇာတများ၊ ရေသတ္တဝါများ နားခိုကျက်စားရာနေရာများနှင့် ကျွန်းကြီး၊ ကျွန်းငယ်များ၊ ပင်လယ် ကမ်းရိုး တန်း သဘာဝအလှတရားများစွာတို့နှင့် ပြည့်နှက်နေကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပင်လယ်ပြင်မှ အဓိကဖော်ဆောင်ပေးနေ သည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ မြန်မာ့ရေပြင်သည် ဘင်္ဂလားပင်လယ်အော်၊ ကပ္ပလီပင်လယ်ပြင်တို့ကို ပိုင်ဆိုင်ထားရှိပြီး ကုန်သွယ်ရေလမ်းကြောင်းများ ထိန်းချုပ် နေရာ(Choke Point)များကို စိုးမိုးချုပ်ကိုင်ထားနိုင်သော သဘာဝကပေးသည့် ထူးခြားသောလက်ဆောင်ကောင်းကို ရရှိထားခဲ့သည်ကိုတွေ့မြင်ရကြောင်း၊ ထို့အပြင် အမေရိကန်၏ Indo-Pacific Strategy၊ တရုတ်၏ Two Ocean Strategy ၊ အိန္ဒိယ၏ Act East Policy တို့ ဆုံမှတ်နေရာဖြစ်နေသည်ကိုလည်း သတိပြုဖွယ်တွေ့ရှိရမည်ဖြစ် ကြောင်း၊ ပင်လယ်ပြင်ကို အကျိုးရှိစွာ အသုံးချနိုင်ရန်ရည်ရွယ်ပြီး ပင်လယ်ပြင်နှင့် ဆက်စပ်နေသည့် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးအခြေအနေများကိုသုံးသပ်ကာ မြန်မာ့ ရေကြောင်းအကျိုး စီးပွားများ ကာကွယ်ရန်တပ်မတော်(ရေ)ကို မဟာဗျူဟာအမြင်ဖြင့် စဉ်ဆက်မပြတ် တိုးချဲ့တည် ဆောက်ပေးလျက်ရှိကြောင်း။
တပ်မတော်(ရေ)၏ သမိုင်းကြောင်းကို ပြန်ကြည့်မည်ဆိုပါက ရှေးမြန်မာမင်း များ လက်ထက်ကတည်းက ဖွဲ့စည်းပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၁၂ ရာစုအစပိုင်းက ပင် မြန်မာ့ရေတပ်အစပြုခဲ့ပြီး ၁၈ ရာစုကုန်းဘောင်မင်းဆက်၊ ရတနာပုံခေတ်၌ ရာထူး ဌာနန္တရ၊ ဂုဏ်ထူး အဆောင်အယောင်များနှင့် စနစ်တကျဖွဲ့စည်းနိုင်ခဲ့သည်ကို တွေ့ရှိရ ကြောင်း၊ သာယာဝတီမင်း၏ ဒဂုံရေကြောင်းချီအခမ်းအနားသည် မိမိတို့မြန်မာ့ရေတပ် ၏ အရည်အသွေးကို ထုတ်ဖော်ပြသခဲ့ခြင်းလည်း ဖြစ်ကြောင်း။
သမိုင်းအစဉ်အလာကောင်းခဲ့သည့် မြန်မာ့ရေတပ်သည် လွတ်လပ်ရေး ဆုံးရှုံးပြီး သူ့ကျွန်ဘဝရောက်ရှိခဲ့မှုနှင့်အတူ တိမ်မြုပ်ခဲ့ရကြောင်း၊ ၁၉၄၀ ပြည့်နှစ်တွင် ဗမာပြည် ဘုရင့်အပျော်တမ်းအရန်ရေတပ် (BRNVR) ပေါ်ပေါက်လာပြီး ၁၉၄၆ ခုနှစ် တွင် ဗမာပြည်ဘုရင့်အပျော်တမ်းအရန်ရေတပ်ကို အရာရှိ ၇၄ ဦး၊ အခြားအဆင့် ၇၆၃ ဦးတို့နှင့် အမြဲတမ်းရေတပ်အဖြစ် ပြောင်းလဲဖွဲ့စည်းရန် ပြင်ဆင်ခဲ့ကြောင်း၊ ဖရီဂိတ် စစ်ရေယာဉ် ၁ စီးနှင့် ဆိပ်ကမ်းကာကွယ်ရေးရေယာဉ် HDML (Habour Defence Motor Launch) ၁၃ စီးကိုလည်း ထည့်သွင်းဖွဲ့စည်းခဲ့ကြောင်း၊ ၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်တွင် မာပြည်ဘုရင့် အပျော်တမ်း အရန်ရေတပ် (BRNVR)ကို “ဗမာ့ရေ တပ်မတော် (Burma Navy)” အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ကြောင်း၊ လွတ်လပ်ရေး နှင့်အတူ ပေါ်ပေါက်ခဲ့သည့်ပြည်တွင်းလက်နက်ကိုင် သောင်းကျန်းမှုများကြောင့် နိုင်ငံတော်နှင့်ပြည်သူလူထု၏ ကာကွယ်ရေးနှင့် လုံခြုံရေးတို့အတွက် တပ်မတော်(ရေ) သည် တပ်မတော်(ကြည်း/လေ) တို့နှင့်အတူ လက်တွဲတိုက်ပွဲဝင်ခဲ့ကြောင်း။
မြန်မာ့ပင်လယ်ပြင်ကို လုံခြုံစွာကာကွယ်ရန်နှင့် ပင်လယ်ပြင် အကျိုးစီးပွားများ ကို ကာကွယ်ရန်အတွက် နိုင်ငံတော်လွတ်လပ်ရေးရရှိပြီးချိန်မှစပြီး ယနေ့အထိ ခေတ်အဆက်ဆက် ရေတပ်သားများသည် ပုခုံးပြောင်း တာဝန်ထမ်းဆောင်ခဲ့ကြ ကြောင်း၊ တပ်မတော်(ရေ) တိုးတက်ရေးအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အဆက်ဆက်၏လမ်းညွှန်မှု၊ ကူညီပံ့ပိုးမှုတို့ဖြင့် အစဉ်တစိုက် တည်ဆောက်လာခဲ့ ကြောင်း၊ ယခုအခါ စစ်ရေယာဉ်ကြီးများကို ကိုယ်တိုင် ဒီဇိုင်းရေးဆွဲ တည်ဆောက်နိုင် သည့် တပ်မတော်(ရေ)အဖြစ် တက်လှမ်းနိုင်ခဲ့ကြောင်း။
စစ်ရေယာဉ်ကြီးများကို ပင်လယ်ပြင်တွင် သမားရိုးကျစစ်ပွဲများ ဆင်နွှဲနိုင်ရန် အတွက် ရည်မှန်းချက်ထား တည်ဆောက်ပေးနိုင်ခဲ့သကဲ့သို့ တပ်မတော်(ရေ)၏ စစ်မဟာဗျူဟာများဖြစ်သည့် Active Defence Strategy နှင့် Two Sea Strategy အရ ဆက်လက်တည်ဆောက်ရမည့် စစ်ရေယာဉ်များကိုလည်း လျာထားစီမံ တည်ဆောက် လျက်ရှိကြောင်း၊ စစ်ရေယာဉ်များ တိုးတက်တည်ဆောက်နိုင်ခဲ့ခြင်းကြောင့် ဖရီဂိတ် စစ်ရေယာဉ်များနှင့် သီးသန့်စီးပွားရေး ဇုန်အတွင်း သမားရိုးကျ စစ်ပွဲများကို ဆင်နွှဲနိုင် သည့်ရေတပ်၊ တရားဥပဒေစိုးမိုးရေးကို အပြည့်အဝ ထမ်းဆောင်နိုင်သော ရေတပ် အဖြစ် ဂုဏ်ယူ ဝင့်ထည်စွာ ရပ်တည်ဆောင်ရွက်နေပြီဖြစ်ကြောင်း။
တပ်မတော်(ရေ)ကို တိုက်ပွဲဝင်အသင့်ဖြစ်ရန်အတွက် စစ်ရေယာဉ် အသင့်ဖြစ်မှု၊ လက်နက်နှင့်လက်နက်စနစ်အသင့်ဖြစ်မှု၊ ရေတပ်သားအသင့်ဖြစ်မှုဆိုသည့် အသင့် ဖြစ်မှု ၃ ရပ်နှင့် ပြည့်စုံအောင် ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း၊ စစ်ရေယာဉ်များ ကို တည်ဆောက်တပ်တော်ဝင်သည့် နေရာတွင်လည်း ခြိမ်းခြောက်မှုများကို တုံ့ပြန် တိုက်ခိုက်နိုင်စွမ်းရှိရန် ဖရီဂိတ် စစ်ရေယာဉ်ကအစ မြစ်တွင်းအမြန်သွားတိုက်ခိုက်ရေး စစ်ရေယာဉ်များအဆုံး၊ အထောက်အကူပြုရေယာဉ်များပါမကျန် အမျိုးအစား စုံလင် စွာ စီမံဆောင်ရွက်ပေးခဲ့ကြောင်း၊ ရေယာဉ်ကိုယ်ထည် ဒီဇိုင်းများကိုလည်း ကိုယ်ပျောက်နည်းပညာ (Stealth Technology) ဒီဇိုင်းအထိ အဆင့်ဆင့်ပြောင်းလဲ ခဲ့ပြီး ကိုယ်တိုင်တိုးတက် တည်ဆောက်လာနိုင်ခဲ့ပြီဖြစ်ကြောင်း၊ မောင်းနှင်မှုစနစ်များ တွင်လည်း Waterjet Propulsion စနစ်အသုံးပြုနိုင်ပြီး ရေမိုင် ၄၀ အထက် မောင်းနှင် နိုင်သည့် ရေယာဉ်များအထိ စွမ်းအားမြှင့်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ မြစ်တွင်း စစ်ရေယာဉ်များတွင်လည်း Armor Plate များ တပ်ဆင်ထားပြီး ထိရောက်စွာ စစ်ဆင် နိုင်စွမ်းရှိသည့် စစ်ရေယာဉ်များအဖြစ် တည်ဆောက် ပေးခဲ့ကြောင်း။
ယင်းနေရာ၌ တပ်မတော်(ရေ)၏ တိုက်စွမ်းအားများကို ဖြည့်ဆည်းပေးနေ သည့် အင်ဂျင်နီယာတပ်ဖွဲ့ဝင် အရာရှိ၊ စစ်သည်များ၏ အရေးပါမှုနှင့် ကြိုးပမ်း အားထုတ်မှုကိုလည်း အသိအမှတ်ပြု ပြောကြားလိုကြောင်း၊ တပ်မတော်(ရေ)၏ ရေယာဉ်တည်ဆောက်ရေး ဗိသုကာပညာရှင်တစ်ဦးဖြစ်သည့် ဆရာရှမ်းကို ဂုဏ်ပြု သည့်အနေဖြင့် Floating Dock များကို ဆရာရှမ်းအမည်ဖြင့် တည်ဆောက် တပ်တော်ဝင်ပေးခဲ့ကြောင်း၊ မိမိတို့ရည်မှန်းခဲ့သည့် “ဝယ်ယူအသုံးပြုသူမှ ကိုယ်တိုင် တည်ဆောက်သူ (Buyer to Builder)” အဖြစ် ပြောင်းလဲနိုင်ခဲ့သည့်အတွက် ပထမ အဆင့်အနေဖြင့် နိုင်ငံတော်အတွက် လိုအပ်သည့် အရပ်ဘက်/စစ်ဘက် ရေယာဉ်များ တည်ဆောက်ရေး မျှော်မှန်းချက်ကို ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ထို့အပြင် ရေအောက်စစ်ဆင်ရေးကဏ္ဍအတွက် အလွန်အရေးကြီးသည့် တိုက်ခိုက်ရေးရေငုပ် သင်္ဘော ၂ စီးကို ရရှိအောင် စွမ်းဆောင်ပေးခဲ့ပြီး ဒေသတွင်း၌ ရေငုပ်သင်္ဘော လက်ဝယ်ပိုင်ဆိုင်သည့်ရေတပ်အဖြစ် ရပ်တည်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ရေငုပ်သင်္ဘော တပ်ဖွဲ့ကိုလည်း ရေရှည် ဆက်လက်ချီတက်နိုင်ရေး အစီအမံများ ချမှတ်ဆောင်ရွက် လျက် ရှိကြောင်းကိုလည်း အသိပေးပြောကြားလိုကြောင်း။
တပ်မတော်(ရေ)၏ ကဏ္ဍကြီး ၄ ရပ်ကို ထမ်းဆောင်ရာတွင် စစ်ရေး ကဏ္ဍအနေ ဖြင့် တိုက်စွမ်းရည်နှင့် တိုက်စွမ်းအား ဟန်ချက်ညီတိုးတက်မှသာ တိုက်ပွဲဝင်အသင့် ဖြစ်သည့် တပ်ဖွဲ့တစ်ခုဖြစ်လာမည်ဖြစ်ကြောင်း၊ တိုက်စွမ်းအား ရရှိရေး အတွက် စစ်ဆင် မှု နယ်ပယ် ၄ ရပ်တွင် စစ်ဆင်နိုင်မည့် ခေတ်မီ Platform များ၊ စွမ်းရည်မြင့် လက်နက်နှင့် လက်နက်စနစ်များ၊ ဆက်သွယ်ရေးနှင့် အီလက်ထရောနစ်ကိရိယာများကို ဖြည့်ဆည်းပေးခဲ့ကြောင်း၊ ယနေ့အချိန်တွင် ရေပြင်သွားစစ်ရေယာဉ်ကြီးတွေသာမက ရေငုပ်သင်္ဘောများကိုပါ ရရှိပိုင်ဆိုင်လာခဲ့ပြီး သုံးဘက်မြင်စစ်ဆင်နိုင်စွမ်းရှိသည့် ရေတပ်အဖြစ် ခြေလှမ်းသစ်တစ်ရပ်ကို တက်လှမ်း နိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ တပ်မတော် (ရေ)၏ တိုက်စွမ်းရည် တိုးတက်စေရေးအတွက် တစ်ဦးချင်းလေ့ကျင့်ရေး၊ အဖွဲ့လိုက် လေ့ကျင့်ရေးမှသည် စစ်ရေယာဉ်တပ်ပေါင်းစု ပင်လယ်ပြင်လေ့ကျင့်ခန်းများအထိ နှစ်စဉ် လေ့ကျင့်ဆောင်ရွက်စေခဲ့ကြောင်း၊ ထို့ကြောင့် စစ်ရေယာဉ်တပ်ပေါင်းစု ပင်လယ်ပြင် ပူးပေါင်းစစ်ဆင်မှုလေ့ကျင့်ခန်း (Sea Shield)များကို ၂၀၁၄ ခုနှစ်က စတင်လေ့ကျင့်ခဲ့ပြီး ၂၀၂၂ ခုနှစ်အထိ နှစ်စဉ်နှစ်တိုင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အနေဖြင့် မပျက်မကွက် တက်ရောက်ခဲ့ကြောင်း၊ ကာကွယ်ရေး၏ သဘောသဘာဝသည် ကြိုတင်မျှော်တွေး ပြင်ဆင်လေ့ကျင့်နေ ရခြင်းဖြစ်သဖြင့် အမြဲတမ်း လေ့ကျင့်နေမှသာ ပင်လယ်ပြင်မှ ကျူးကျော်လာသည့် မည်သည့်ရန်သူကိုမဆို အချိန်အခါမရွေး တုံ့ပြန်ချေမှုန်းနိုင်မည်ဖြစ်ပြီး မြန်မာ့ပင်လယ် ပြင် ကာကွယ်ရေးအတွက် ထိရောက်စွာ ဆောင်ရွက်နိုင်မည်ပင် ဖြစ်ကြောင်း။
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကဏ္ဍ အနေဖြင့် ပင်လယ်ပြင်တွင် ဘေးဒုက္ခရောက်နေသည့်သူများကို ကူညီခြင်း၊ နိုင်ငံရပ်ခြားတွင် ဒုက္ခမျိုးစုံခံနေရသည့် မိမိတို့ သွေးချင်းတိုင်းရင်းသားပြည်သူများကို ပြန်လည် ခေါ် ဆောင်ခြင်း၊ ပင်လယ်ပြင်ရှာဖွေကယ်ဆယ်ရေး တာဝန်များထမ်းဆောင်ခြင်း၊ ကမ်းရိုး တန်းနှင့် ကျွန်းနေပြည်သူလူထုတို့၏ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး ခြင်း စသည့် လုပ်ငန်းများ များစွာ ပါဝင်ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မလေးရှားနှင့် အိန္ဒိယနိုင်ငံ အက်ဒမန်ကျွန်းတွင် ကာလရှည်စွာ ဒုက္ခရောက်နေသည့် မြန်မာနိုင်ငံသားများကို ၂၀၂၁ ခုနှစ်အတွင်း ပြန်လည်ခေါ်ဆောင်ပေးနိုင်ခဲ့ကြောင်း၊ ပြည်သူလူထု ကျန်းမာရေးအတွက် ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်)၊ မြစ်တွင်း သွားဆေးရုံ ရေယာဉ်(ရွှေပုစွန်)တို့ဖြင့် နှစ်စဉ် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ရာ ပြည်သူတွင် လူထု ၃ သိန်းခန့်ကို ကျန်းမာရေးစောင့်ရှောက် ကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း။
ထို့အပြင် နိုင်ငံတော်အေးချမ်းသာယာမှုရှိစေရေး၊ ဒေသဖွံ့ဖြိုးတိုးတက် စည်ကား မှုကို အထောက်အကူပြုစေရေး၊ အများပြည်သူကြည်ညိုဖူးမြော်နိုင်ရေးနှင့် ကုသိုလ် သဒ္ဓါတရားပွားများနိုင်စေရေးအတွက် ရည်ရွယ်ပြီး ကမ္ဘာ့အကြီးဆုံး စကျင်ဆင်းတု တော်ကြီးဖြစ်သည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးကို တည်ထားကိုးကွယ်ရန် ဆောင်ရွက်ခဲ့ကြောင်း၊ စကျင်ကျောက် တန်ချိန် ၉၀၀၀ ကျော်ကို ရေယာဉ်များနှင့် သယ်ယူပို့ဆောင်ခဲ့ရာတွင် တပ်မတော်(ရေ)က စစ်ရေယာဉ်များနှင့် အရာရှိ၊ စစ်သည် များ ပါဝင်ဆောင်ရွက်ခွင့်ရခဲ့ကြခြင်းသည်မှာလည်း သာသနာ့သမိုင်းတွင် ဂုဏ်ယူဖွယ် မှတ်တမ်းအဖြစ် ကျန်ရှိနေမည်ပင်ဖြစ်ကြောင်း။
တပ်မတော်(ရေ)၏ သံတမန်ရေးရာကဏ္ဍအနေဖြင့် အိမ်နီးချင်းရေတပ်များ၊ နိုင်ငံတကာရေတပ်များနှင့် စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်ပြီး တပ်မတော်၏ အဆင့်အတန်းကိုပြသနိုင်ခဲ့ကြောင်း၊ ဒေသတွင်း၊ နိုင်ငံတကာရေတပ်များနှင့် နယ်နိမိတ်တစ်လျှောက် ညှိနှိုင်းကင်းလှည့်ခြင်း အပါအဝင် ရေတပ်ဆိုင်ရာ တွေ့ဆုံပွဲ များ၊ ရေကြောင်းလုံခြုံမှုဆိုင်ရာ လေ့ကျင့်ခန်းများကိုလည်း အောင်မြင်စွာ ပူးပေါင်း ဆောင်ရွက်ခဲ့ပြီး သံတမန်ရေးရာကဏ္ဍကို ထိရောက်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်းကို အသိအမှတ်ပြုပြောကြားလိုကြောင်း။
နိုင်ငံတော်ကာကွယ်ရေးအတွက် တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များ၏ ခေတ်အဆက်ဆက် ဦးဆွေးဆံမြည့်၊ သက်စွန့်ကြိုးပမ်း၊ သစ္စာရှိရှိ တာဝန်ထမ်းဆောင် ခဲ့မှုများကြောင့် နိုင်ငံတော်မှ ဘွဲ့ထူး ဂုဏ်ထူး၊ စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာ ဘွဲ့/တံဆိပ်/လက်မှတ်များကို သီဟသူရ ၁ ဦး၊ သူရဘွဲ့ ၁၆ ဦး၊ သူရဲကောင်း မှတ်တမ်း ဝင် ၆၅ ဦး အပါအဝင် အရာရှိ၊ စစ်သည် ၄၁၆ ဦးအား ပေးအပ်ချီးမြှင့်နိုင်ခဲ့ကြောင်း၊ တပ်မတော်(ရေ)အနေဖြင့် (၇၅)နှစ်တာကာလ ဖြတ်သန်းလာရသည့် သက်တမ်း တစ်လျှောက်ရရှိခဲ့သည့် အတွေးအမြင်၊ အတွေ့အကြုံများ၊ စိုက်ထူခဲ့သည့် သမိုင်း မှတ်တိုင်များကြောင့် “ရေမြင့်၍ ကြာတင့်သည့်ပမာ” ဒေသတွင်းရေတပ်များနှင့် ရင်ပေါင်တန်း နိုင်သည့်အဆင့်အထိ ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း။
နိုင်ငံတော်အတွက် တန်ဖိုးမဖြတ်နိုင်သည့် မြန်မာ့ပင်လယ်ကို ထိရောက်စွာ ကာကွယ်နိုင်ရေးနှင့် ဒေသတွင်းရေတပ်များနှင့် ရင်ပေါင်တန်းနိုင်ရေး (၇၅) နှစ်တာ ခရီးကို အောင်မြင်စွာ ဖြတ်ကျော်လျှောက်လှမ်း ခဲ့ကြကြောင်း၊ ယနေ့အချိန်၌ သုံးဘက်မြင်စစ်ဆင်နိုင်စွမ်းရှိသည့် တိုက်ပွဲဝင်အသင့် ရေတပ် (Three Dimensional Combat Ready Navy)အဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီး နိုင်ငံတော်နှင့် တပ်မတော် အတွက် အားထားရသည့် ပြည်သူက အားကိုးရသည့် တပ်ဖွဲ့ကြီးတစ်ခုအဖြစ် ခန့်ညား ထည်ဝါစွာ ရပ်တည်နိုင်ခဲ့ပြီဖြစ်ကြောင်း။
အဓိကမှာကြားလိုသည်မှာ လက်ဆင့်ကမ်း ပုခုံးပြောင်းတာဝန်ထမ်းဆောင်ကြ မယ့် မျိုးဆက်သစ် အရာရှိ၊ စစ်သည်များအနေဖြင့်လည်း မြန်မာ့ပင်လယ်ပြင်နှင့် ပင်လယ်ပြင် အကျိုးစီးပွားများကာကွယ်ရေးအတွက် “လှေခွက်ချည်းကျန် အလံမလှဲ” စိတ်ဓာတ်နှင့် ကျောချင်းကပ် ရင်ချင်းအပ်ပြီး “မြန်မာ့ပင်လယ် ဒို့ကာကွယ်” ဟူသည့် ဆောင်ပုဒ်နှင့်အညီ ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်သွားကြရန် မှာကြားလိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်(ရေ) နှစ်ပတ်လည်နေ့ အထိမ်း အမှတ် မှတ်တမ်းဗွီဒီယိုကို ပြသသည်။ ယင်းနောက် တပ်မတော်(ရေ)မှ အရာရှိများ၏ စိန်ရတုလှမ်းချီ သားကောင်းဇာနည်အဏ္ဏဝါစစ်သည် သီချင်းနှင့် အဏ္ဏဝါစစ်ချီ သီချင်း တို့ ဖြင့် ဂုဏ်ပြုသီဆိုဖျော်ဖြေကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် တပ်မတော် (ရေ)မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်နှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင်လည်း မြန်မာနိုင်ငံကမ်းခြေစောင့် တပ်ဖွဲ့ကွပ်ကဲမှုဌာနချုပ်၊ ဌာနချုပ်ရုံး အဆောက်အဦဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် သည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်က မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ကွပ်ကဲမှုဌာနချုပ်၊ ဌာနချုပ်ရုံ ဆိုင်းဘုတ်အား စက် ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ကွပ်ကဲမှုဌာနချုပ် အဆောက်အဦ ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကြ သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မြန်မာနိုင်ငံကမ်းခြေစောင့် တပ်ဖွဲ့ကွပ်ကဲမှုဌာနချုပ်ရုံး အဆောက်အဦအတွင်းနှင့် အဆောက်အဦအပေါ်တို့မှ နယ်မြေဒေသအခြေအနေများ အား လှည့်လည်ကြည့်ရှုခဲ့ကြရာ တာဝန်ရှိသူများကရှင်းလင်း တင်ပြခဲ့ကြကြောင်း သတင်း ရရှိသည်။