နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လဟယ်မြို့၊ နယ်မြေခံတပ်နှင့် ဟုမ္မလင်းတပ်နယ်တို့မှ အရာရှိ၊ စစ်သည် မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လဟယ်မြို့၊ နယ်မြေခံတပ်နှင့် ဟုမ္မလင်းတပ်နယ်တို့မှ အရာရှိ၊ စစ်သည် မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ ဇန်နဝါရီ - ၁၆

        နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ လဟယ်မြို့ရှိ နယ်မြေခံတပ်နှင့် ဟုမ္မလင်းတပ်နယ်တို့မှ အရာရှိ၊ စစ်သည် မိသားစုများ အား သီးခြားစီတွေ့ဆုံအမှာစကားပြောကြားသည်။

နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု

ထိုသို့ တွေ့ဆုံအမှာစကားပြောကြားရာ၌ လဟယ်ဒေသသည် ဝေးလံသည့် ဒေသတစ်ခုဖြစ်ပြီး ဝေးလံခေါင်ဖျားသည့် ဒေသတွင်တာဝန်ထမ်းဆောင်မှုအတွက် ဂုဏ်ယူပါကြောင်း၊ လဟယ်ဒေသရှိ နယ်မြေခံတပ်နှင့် ဟုမ္မလင်းတပ်နယ်တို့မှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ထပ်မံတွေ့ရှိရသည့်အတွက် ဝမ်းမြောက်ပါကြောင်းဖြင့် ဦးစွာပြောကြားပြီး မြန်မာနိုင်ငံ၏ ခေတ်အဆက်ဆက် နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲ ခဲ့မှုအခြေအနေများ၊ နိုင်ငံတော်တွင် ဖြစ်ပေါ်လာခဲ့သည့် အခြေအနေများအရ နိုင်ငံ တော်ကို နိုင်ငံရေးအရအရေးပေါ် အခြေအနေကြေညာခဲ့ပြီး  တပ်မတော်မှ နိုင်ငံ့ တာဝန်များကို ထမ်းဆောင်ခဲ့ရမှုအခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါကြောင့်ဖြစ်ပေါ်ခဲ့ရ သည့် အကြပ်အတည်းများနှင့် နိုင်ငံရေးအမြတ်ထုတ်လိုသူများ၏ သွေးထိုးလှုံ့ဆော်မှု များကြောင့် ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်မှုဖြစ်စဉ်ဖြစ်ရပ်များကို  ဥပဒေနှင့်အညီ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်နေမှုအခြေအနေများနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် မူဝါဒများ၊ ဦးတည်ချက်များ ချမှတ်၍ ကြိုးပမ်း ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်း ပြောကြား သည်။

        ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဆက်လက်ပြောကြားရာတွင် နိုင်ငံတော်တာဝန်များထမ်းဆောင်ခြင်း မပြု မီ အချိန်ကတည်းကပင် နိုင်ငံတော်၏စီးပွားရေးမှာ ကျဆင်းလျက်ရှိသကဲ့သို့ ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှုကြောင့်လည်း ကမ္ဘာ့နိုင်ငံများတွင် စီးပွားရေးကျဆင်းမှုနှင့်အတူ မိမိတို့နိုင်ငံသည်လည်း စီးပွားရေးကျဆင်းခဲ့ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခက်အခဲ၊ အကြပ်အတည်းများကြားမှ နည်းလမ်းပေါင်းစုံ ဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး ပြည်တွင်းကုန်ထုတ်လုပ်မှုများကို အားပေးဆောင်ရွက်ခဲ့ ကြောင်း၊ မိမိတို့နိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းဖြစ်သည့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများနှင့် အသေးစား၊ အလတ်စားနှင့် အငယ်စား(MSME)လုပ်ငန်းများကို အားပေးဆောင်ရွက်ခဲ့ခြင်းကြောင့် လက်ရှိအချိန် တွင် နိုင်ငံ၏စီးပွားရေးသည် အတိုင်းအတာတစ်ခုအထိ တိုးတက်လာပြီဖြစ်ကြောင်း။

စွမ်းရည်၊ စွမ်းအားရှိသည့် တပ်များဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်

တပ်မတော်၏ မူလတာဝန်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်ခြင်းပင်ဖြစ်ကြောင်း၊ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရန်အတွက်  စွမ်းရည်သုံးရပ်ဖြစ်သည့် စစ်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်နှင့် အုပ်ချုပ်ရေး စွမ်းရည်များပြည့်ဝနေရန်လိုကြောင်း၊ စွမ်းရည်များတိုးတက်စေရေးအတွက် အမြဲ လေ့ကျင့်နေရမည်ဖြစ်ပြီး စွမ်းအားများတိုးတက်စေရေးအတွက်လည်း တပ်မတော်ကို အဆင့်မြင့်တင်ခြင်းများ အမြဲမပြတ်ဆောင်ရွက်လျက်ရှိကြောင်း၊ တစ်ဦးချင်း စွမ်းရည် များတိုးတက်စေရန်အတွက် ဝတ်စားဆင်ယင်မှု၊ နေထိုင်မှု၊ သွားလာမှုများကို စနစ် တကျဖြင့် ဆောင်ရွက်မည်ဆိုပါက စွမ်းရည်ရှိသည့် တပ်ဖြစ်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အရာရှိ၊ စစ်သည် အဆင့်အတန်းအားလုံး စနစ်တကျဖြင့် နေထိုင် ဆောင်ရွက်ပြီး စွမ်းရည်ရှိသည့်တပ်တစ်ခုဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြစေလို ကြောင်း၊ ထို့ပြင် ဒေသခံတပ်များဖြစ်သည့်အတွက် ဒေသတွင် တာဝန်ထမ်းဆောင် နေသည့် ဌာနဆိုင်ရာများ၊ ဒေသခံများနှင့် အတူတကွ ပူးပေါင်း၍ စည်းလုံးညီညွတ် စွာဖြင့် ဒေသ၏ ကောင်းရာကောင်းကျိုးများကိုလည်း စွမ်းဆောင်ပေးနိုင်ရမည်ဖြစ် ကြောင်း၊ တပ်တွင်းစည်းလုံးညီညွတ်ရေးအတွက်လည်း အထက်အောက်ညီညွတ် မျှတ သည့် အုပ်ချုပ်မှုပုံစံနှင့် စစ်သည်များ၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများကို ပြည့်ဝစွာ ရရှိ စေရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။

မိမိကိုယ်ကို ထိန်းသိမ်းနေထိုင်ပြီး လူမှုဘဝတိုးတက်ရေး ဆောင်ရွက်ကြရမည်

ထို့ပြင် မိမိဘဝအတွက် အကျိုးမရှိသည့် အရက်သေစာ သောက်စားခြင်းများကို လည်း တတ်နိုင်သမျှအသိတရားဖြင့် ထိန်းသိမ်းကြရန်လိုကြောင်း၊ အလားတူ ကျန်းမာ ရေးကို ထိခိုက်စေနိုင်သည့် ဆေးလိပ်နှင့်ကွမ်းသုံးစွဲမှုများကိုလည်း ရှောင်ကြဉ်ကြရန် လိုကြောင်း၊ နေထိုင်စားသောက်မှုများ အဆင်ပြေစေရေးအတွက် တပ်မတော်မှ စီမံဆောင်ရွက်ပေးထားသကဲ့သို့ တပ်ပိုင်စိုက်ပျိုးမွေးမြူရေးနှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများကိုလည်း အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်ကြ ရန်လိုကြောင်း၊ ဝတ်ရေးနှင့်နေရေးအတွက်လည်း ဖြည့်ဆည်းဆောင်ရွက်ပေးထား ပြီးဖြစ်သဖြင့် မိမိတို့နေထိုင်သည့် နေအိမ်များ ရေရှည်တည်တံ့ရေးအတွက်လည်း စည်းကမ်းစနစ်တကျဖြင့် ထိန်းသိမ်းနေထိုင်သွားရန်လိုကြောင်း၊ တပ်မတော်မှ စစ်သည်၊ မိသားစု တစ်ဦးချင်းစီ၏ အခြေခံလိုအပ်ချက်များကို တတ်နိုင်သရွေ့ ဖြည့်ဆည်း ဆောင်ရွက်ပေးထားပြီးဖြစ်သဖြင့် မိမိဘဝကို မိမိ မြှင့်တင်ရန် မိမိကိုယ်တိုင် ကြိုးစား အားထုတ်ရမည်ဖြစ်ကြောင်း။

မိမိတို့ဘဝတိုးတက်ရေးကို အထောက်အကူပြုစေမည့်  ဗဟုသုတများရရှိစေရန် စာအုပ်စာစောင်များကို ဖတ်ရှုလေ့လာနေရန်လိုကြောင်း၊ တပ်ရင်း၊ တပ်ဖွဲ့ အသီးသီးရှိ စာကြည့်တိုက်များ၌ စာအုပ်စာစောင်များ အမြဲမပြတ်ရရှိစေရန် စီမံဆောင်ရွက်ပေး ထားပြီးကြောင်း၊ ဘဝတိုးတက်စေရေး အမြဲမပြတ်ကြိုးပမ်းဆောင်ရွက်နေကြရန်လို ကြောင်း၊ မိမိတို့သားသမီးများ၏ ပညာရည်မြင့်မားရေးအတွက်လည်း အားပေးဆောင် ရွက်ကြရန်လိုကြောင်း၊ သို့မှသာ ၎င်းတို့၏ ဘဝတိုးတက်ရေးအတွက် ဆောင်ရွက်နိုင် ကြမည်ဖြစ်ကြောင်း၊ သားသမီးများ၏ ပညာရည်မြင့်မားရေးအတွက် အားပေး ဆောင်ရွက်၍ မိဘကောင်းများဖြစ်အောင် ဆောင်ရွက်ကြစေလိုပြီး ကောင်းမွန်သည့် ပညာအမွေကို ပေးနိုင်ရမည်ဖြစ်ကြောင်းဖြင့် မှာကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် က အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာပစ္စည်းများကို ပေးအပ်ရာ သက်ဆိုင်ရာတပ်နယ်အသီးသီးမှ တာဝန်ရှိသူများက လက်ခံရယူကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြပြီး အရာရှိ၊ စစ်သည်၊ မိသားစုများ၏ တင်ပြချက်များကို လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။