နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သံတွဲတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစု များအား တွေ့ဆုံအမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သံတွဲတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစု များအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ ဇန်နဝါရီ - ၂၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ သံတွဲ တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား နယ်မြေခံတပ်ရှိ ငပလီခန်းမ၌ သွားရောက် တွေ့ဆုံအမှာစကားပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီး များ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် တာဝန်ရှိသူ များ၊ သံတွဲတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။

နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု

ထိုသို့ တွေ့ဆုံအမှာစကားပြောကြားရာ၌ သံတွဲတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများ အားလုံးကို တွေ့ဆုံရသည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ တပ်မတော် အနေဖြင့် နိုင်ငံတော်၏ လုံခြုံရေး၊ ကာကွယ်ရေးနှင့် တရားဥပဒေစိုးမိုးရေး တာဝန် များကို ထမ်းဆောင်လျက်ရှိပြီး ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် အကြမ်းဖက်မှု များ မရှိစေရေးအတွက်လည်း ဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း ဖြင့် ဦးစွာပြောကြားပြီး ကမ္ဘာ့နိုင်ငံများတွင် ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် မြန်မာနိုင်ငံ၏ ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများ ဖြစ်ပေါ်ခဲ့သည့် အခြေအနေ များ၊ ထိုကဲ့သို့‌သော မဲမသမာမှုများကို ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိခဲ့ဘဲ  နိုင်ငံတော် တွင် ဖြစ်ပေါ်လာခဲ့သည့် အခြေအနေများအရ နိုင်ငံတော်ကို နိုင်ငံရေးအရအရေးပေါ် အခြေအနေကြေညာခဲ့ပြီး  တပ်မတော်မှ နိုင်ငံ့တာဝန်များကို ထမ်းဆောင်ခဲ့ရမှု အခြေ အနေများ၊ ကိုဗစ်-၁၉ ရောဂါကြောင့်ဖြစ်ပေါ်ခဲ့ရသည့် အကြပ်အတည်းများနှင့် နိုင်ငံ ရေးအမြတ်ထုတ်လိုသူများ၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်ခဲ့သည့် အကြမ်း ဖက်မှု ဖြစ်စဉ်ဖြစ်ရပ်များကို  ဥပဒေနှင့်အညီ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်နေမှု  အခြေအနေများနှင့် နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးတို့အတွက် မူဝါဒများ၊ ဦးတည်ချက်များ ချမှတ်၍ ကြိုးပမ်းဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်း ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က နိုင်ငံတော်၏ စီးပွားရေးမြှင့်တင်ဆောင်ရွက်နေမှုများအား ဆက်လက်ပြော ကြားရာတွင် ယခင်အစိုးရသက်တမ်းတွင် စီမံခန့်ခွဲအားနည်းခြင်းနှင့် ပြည်တွင်းစီးပွား ရေးကို အားပေးမှုမရှိခြင်းကြောင့် နိုင်ငံ့စီးပွားရေးကျဆင်းခဲ့ပြီး ကုန်သွယ်မှုလိုငွေ များလည်း များစွာဖြစ်ပေါ်ခဲ့ကြောင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုများကို အားပေးခြင်း မရှိခြင်းကြောင့် ပြည်ပသို့ သွားရောက်လုပ်ကိုင်ရမှုများရှိကြောင်း။

နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိ

ထိုကဲ့သို့သော အခြေအနေများကြောင့် ကျဆင်းခဲ့သည့်စီးပွားရေးများ ပြန်လည် တိုးတက်လာစေရေးအတွက် မိမိတို့ အနေဖြင့် ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများ ကို အားပေးဆောင်ရွက်လျက်ရှိပြီး နိုင်ငံ့စီးပွားရေးနှင့် ကိုက်ညီသင့်တော်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး MSME လုပ်ငန်းများကို အဓိကထား အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိအချိန်တွင် မိမိတို့နိုင်ငံ၏စီးပွားရေးသည့် အတိုင်းအတာတစ်ခုအထိ ပြန်လည်တိုးတက်လာသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ပြည်ပချေးငွေများကိုလည်း ပြန်လည်ပေးဆပ်လျက်ရှိကြောင်း၊ ပြည်တွင်းစီးပွားရေး လုပ်ငန်းများကို ယခုထက်ပိုမိုတိုးတက်အောင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် အဖိုးတန် မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် သယံဇာတများ များစွာရှိပြီးဖြစ်သဖြင့် အဆိုပါသယံဇာတများဖြင့် ရှိပြီးသားလူသားအရင်းအမြစ်များကို စနစ်တကျအသုံးချမည်ဆိုပါက စီးပွားရေးလုပ်ငန်းများတိုးတက်လာမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ နိုင်ငံ့စီးပွားရေးအားကောင်းလာစေရန် အရှိန်အဟုန်ဖြင့် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဆိုပါက မကြာမီအချိန်တွင် အာဆီယံနိုင်ငံများ၌ အလယ်အလတ် အဆင့်သို့ရောက်ရှိနိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အခြေခံ သည့် စီးပွားရေးလုပ်ငန်းများကို ယခုထက်ပိုမိုတိုးတက်အောင် ဆောင်ရွက်မည် ဆိုပါက နိုင်ငံ့ဝင်ငွေများ ပိုမိုရရှိမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး လုပ်ငန်း များကို အားပေးဆောင်ရွက်ပြီး ကုန်ထုတ်လုပ်မှုများကို အားပေးဆောင်ရွက်ရမည် ဖြစ်ကြောင်း။

တပ်မတော်သားများ၏ သက်သာချောင်ချိရေး၊ ပညာရည်မြင့်မားရေးအတွက် ဖြည့်ဆည်းဆောင်ရွက်

တပ်မတော်အတွင်း၌လည်း တပ်မတော်သားများ၏ သက်သာချောင်ချိရေးကို အထောက်အကူပြုစေသည့် တပ်ပိုင်နှင့်တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်း များကို အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းသည် သမာအာဇီဝကျသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး အောင်မြင်ဖြစ်ထွန်း အောင်ဆောင်ရွက်မည်ဆိုပါက များစွာအကျိုးရှိမည်ဖြစ်ကြောင်း၊ တပ်မတော် အနေ ဖြင့် အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် မှီခိုသူများ၏  စားရေး၊ ဝတ်ရေးနှင့် နေရေး တို့ကို တတ်နိုင်သမျှ ပြည့်စုံအောင်စီမံဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်း။

ထို့ပြင် မိမိတို့နိုင်ငံ၌ ပညာရေးအားနည်းမှုများရှိသဖြင့် ပညာရည်မြှင့်တင်မှု လုပ်ငန်းများကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မတော်သားများ၏ ပညာရည်မြင့်မားရေးအတွက်လည်း ဆောင်ရွက်ခဲ့ကြောင်း၊ အတန်းပညာများ ရှိရန်လို အပ်သကဲ့သို့ စာဖတ်မှ စာတတ်မည်၊ စာတတ်မှ အသိပညာနှင့် အတတ်ပညာများ ရရှိမည် ဖြစ်ကြောင်း၊   စာပေပညာများတတ်ကျွမ်းမှသာလျင် သက်ဆိုင်ရာပညာရပ် အလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ကျွမ်းကျင်စွာဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း၊ မိမိတို့၏ သားသမီးများ ပညာရည်မြင့်မားရေးအတွက်လည်း မိဘကောင်း သဖွယ်စိတ်ဓာတ်ဖြင့် အားပေးမြှင့်တင်ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ တပ်မတော် သားများ၏ မိသားစုဝင်များ ပညာရည်မြင့်မားရေးအတွက် တပ်မတော်မှ ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အရာရှိ၊ စစ်သည်များ ဗဟုသုတနှင့် အသိအမြင်များ တိုးတက်ရေးအတွက် တပ်ရင်း တပ်ဖွဲ့များရှိ စာကြည့်တိုက်များတွင် စာအုပ် စာစောင်များကို ပြည့်စုံစွာ ဖြည့်ဆည်းပေးထားကြောင်း၊ ထို့ကြောင့် အသိပညာ အတတ်ပညာများ တိုးပွားရေးအတွက် စာအုပ်စာစောင်များကို အမြဲမပြတ်ဖတ်ရှု လေ့လာနေရန်လိုကြောင်း၊ စားဝတ်နေရေးအပြင် အသိပညာနှင့် ဗဟုသုတများ ပြည့်စုံစေရေးအတွက်ကိုပါ ဆောင်ရွက်ပေးထားခြင်းဖြစ်သဖြင့် နိုင်ငံတော်နှင့် တပ်မ တော်အပေါ် သစ္စာစောင့်သိပြီး မိမိတို့၏ လုပ်ငန်းတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ကြရန်လိုကြောင်း။

တပ်မတော်အနေဖြင့် နိုင်ငံ၏ကောင်းရာကောင်းကျိုးကို ဆောင်ရွက်နေခြင်းဖြစ် ပြီး အရာရှိ၊ စစ်သည်များအနေဖြင့်ရန်သူကို နေလိုမီးလိုကျင့်ရန်နှင့် ပြည်သူကို ရေလိုလလိုကျင့်ရန်လိုကြောင်း၊ နိုင်ငံ၏အကျိုးကိုဆောင်ရွက်နေသကဲ့သို့ မိမိတို့ကိုယ် ကိုကောင်းအောင်လုပ်ဆောင်ရန်၊ မိမိတို့တပ်မတော် ကိုကောင်းအောင် လုပ်ဆောင် ရန်နှင့် မိမိတို့နိုင်ငံကိုကောင်းအောင်လုပ်ဆောင်ရန်လိုအပ်ကြောင်းဖြင့် မှာကြားသည်။

စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများ ပေးအပ်

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် က အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာပစ္စည်းများကို ပေးအပ်ရာ တိုင်းမှူးကလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီးက တပ်နယ် မိခင်နှင့် ကလေးစောင့်ရှောက် ရေး အသင်းအတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာ တိုင်းမှူး၏ ဇနီးကလည်းကောင်း အသီးသီး လက်ခံရယူကြသည်။

        တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြပြီး အရာရှိ၊ စစ်သည်၊ မိသားစုများ၏ တင်ပြချက်များကို လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

        ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲ ကာလအတွင်း ၁၈၂၄ ခုနှစ်၊ မေလ ၁၇ ရက် တွင် ရခိုင်စစ်မျက်နှာ၌ စစ်သူကြီး မဟာဗန္ဓုလ ကွပ်ကဲမှုအောက်ရှိ မဟာသီဟသူရ (မြဝတီမင်းကြီး ဦးစ) ဦးစီးသော မြန်မာဘုရင့်တပ်များသည် ပန်းဝါမြစ်ကို ဖြတ်ကူး၍ ထိုမြစ်အနီးရှိ ရေကန်ဘေးတွင် အခိုင်အမာခြေကုပ်ယူစခန်းချနေသည့် ဗြိတိသျှတပ်ဖွဲ့ များအား ပြင်းပြင်းထန်ထန် ချေမှုန်းတိုက်ခိုက်နေပုံကို သရုပ်ဖော်ရေးဆွဲထားသည့် ဆီဆေးပန်းချီကားအား  အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးကို ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။